လဂွန်းအိမ် သိကြားမင်း ကဲ့သို့စွမ်းသောသူ သူရဲကောင်း လဂွန်းအိမ် သူရဲကောင်းလဂွမ်းအိမ်ဆိုတာ ရာဇာဓိရာဇ် ဘုရင်လက်ထက်က ဘုရင့်သစ္စာတော်ခံ သူရဲကောင်း စစ်သည် တစ်ဦးလည်းဖြစ်ပါတယ်။ ရာဇာဓိရာဇ် ဘုရင်ဟာ နိုင်ငံတော်ကိုတည်ဆောက်ရာမှာသူ ရဲ့ လက်ရုံးအမတ်ကြီး တွေဖြစ်တဲ့ အမတ်ဒိန် နဲ့ သမိန်သံဗြက်တို့ရဲ့ ကာယအား ၊ ဉာဏအားကိုကောင်းကောင်း ကြီးအသုံးချပြီး တည် ဆောက်သွား တာပါ။ အဲ့ဒီ့ထဲကမှ လဂွန်းအိမ်ဆိုတာက သမိန် သံဗြက်ရဲ့ ကျွန်ရင်းဖြစ်ပါတယ်။ လဂွန်းအိမ်ဆို တာကတော့ ဘွဲ့အမည်နာမတစ်ခုသာ ဖြစ်ပါတယ်။ အမည်ရင်းကတော့ မသံလုံ ပဲဖြစ်ပါတယ်။ ရာဇာဓိရာဇ်နန်းတက်ခါစက အရှေ့ဘက်တစ်လွှားကနယ်တွေကို စစ်ရေးစည်းရုံးမှုပြုရပါတယ်။ သူ့ဘက်ပါ မယ့်သူတွေကို အသာအယာစည်းရုံးပြီး ၊ သူ့ဘက်မပါသူတွေကိုတော့ ပရိယာယ် သုံးပြီးစည်းရုံးပါတယ်။ ပရိယာယ်နဲ့ မှမရရင်တော့ လက်နက်ကိုင်ပြီးတိုက်ကြတာပါ။ အဲ့လို့တိုက်ကြတဲ့အခါ နှစ်ဖက်စစ်မျက်နှာဖွင့်ပြီး တိုက်ကြတာရှိသလို ၊ ခေါင်းဆောင်နှစ်ဦး ရင်ဆိုင်တိုင်ပြီးဖြေရှင်းတာတွေလည်းရှိပါတယ်။ ပြီးတော့သူ့ကိုဆန့် ကျင်ဖက်လုပ်နေတာကခေါင်းဆောင်တစ်ဦးပဲ၊သူ့နောက်လိုက်...