Skip to main content

စစ်သူကြီးများစစ်ဘုရင်များ ( လဂွန်းအိမ် )

 လဂွန်းအိမ် 

သိကြားမင်း ကဲ့သို့စွမ်းသောသူ

သူရဲကောင်း လဂွန်းအိမ် 


     
သူရဲကောင်းလဂွမ်းအိမ်ဆိုတာ ရာဇာဓိရာဇ် ဘုရင်လက်ထက်က ဘုရင့်သစ္စာတော်ခံ သူရဲကောင်း စစ်သည်
တစ်ဦးလည်းဖြစ်ပါတယ်။ ရာဇာဓိရာဇ် ဘုရင်ဟာ နိုင်ငံတော်ကိုတည်ဆောက်ရာမှာသူ ရဲ့ လက်ရုံးအမတ်ကြီး
တွေဖြစ်တဲ့ အမတ်ဒိန် နဲ့ သမိန်သံဗြက်တို့ရဲ့ ကာယအား ၊ ဉာဏအားကိုကောင်းကောင်း ကြီးအသုံးချပြီး တည်
ဆောက်သွား တာပါ။ အဲ့ဒီ့ထဲကမှ လဂွန်းအိမ်ဆိုတာက သမိန် သံဗြက်ရဲ့ ကျွန်ရင်းဖြစ်ပါတယ်။ လဂွန်းအိမ်ဆို
တာကတော့ ဘွဲ့အမည်နာမတစ်ခုသာ ဖြစ်ပါတယ်။ အမည်ရင်းကတော့ မသံလုံ ပဲဖြစ်ပါတယ်။ 
     ရာဇာဓိရာဇ်နန်းတက်ခါစက အရှေ့ဘက်တစ်လွှားကနယ်တွေကို စစ်ရေးစည်းရုံးမှုပြုရပါတယ်။ သူ့ဘက်ပါ
မယ့်သူတွေကို အသာအယာစည်းရုံးပြီး ၊ သူ့ဘက်မပါသူတွေကိုတော့ ပရိယာယ် သုံးပြီးစည်းရုံးပါတယ်။
ပရိယာယ်နဲ့ မှမရရင်တော့ လက်နက်ကိုင်ပြီးတိုက်ကြတာပါ။ အဲ့လို့တိုက်ကြတဲ့အခါ နှစ်ဖက်စစ်မျက်နှာဖွင့်ပြီး
တိုက်ကြတာရှိသလို ၊ ခေါင်းဆောင်နှစ်ဦး ရင်ဆိုင်တိုင်ပြီးဖြေရှင်းတာတွေလည်းရှိပါတယ်။ ပြီးတော့သူ့ကိုဆန့်
ကျင်ဖက်လုပ်နေတာက‌ခေါင်းဆောင်တစ်ဦးပဲ၊သူ့နောက်လိုက်တွေမပါဘူးဆိုရင်တော့အဲ့ဒီခေါင်းဆောင်ကိုလုပ်
ကြံလိုက်တာပါ။ အဲ့ဒါဆိုရင်ကျန်တဲ့မြို့သူ ၊ မြို့သားတွေက အလိုလိုမိမိလက်အောက်ကိုခိုဝင်လာတာလည်းရှိပါ
တယ်။ 
     ရာဇာဓိရာဇ်ဟာ လဂွန်းဗျည်းမြို့ကိုအရတိုက်ပြီးတပ်စွဲနေတဲ့ညမှာပဲ သံမောင်းမြို့စား မဂြိုင်းက လဂွန်းဗျည်း
မြို့ကိုလာတိုက်ပါတော့တယ်။ အဲ့ဒီ့လိုသစ္စာမရှိတဲ့ လုပ်ရပ်ကြောင့် ရာဇာဓိရာဇ်က မဂြိုင်းကို သုတ်သင်လိုပါ
တယ်။ အဲ့ဒီ့တော့ အမတ်သံဗြက်ရဲ့ လူတွေထဲက ဘယ်သူကများ သစ္စာဖောက် မဂြိုင်း ရဲ့ ခေါင်းကို ဖြတ်ပြီးယူ
လာပေးနိုင်မလဲလို့ မေးပါတယ်။  မသံလုံ ကသူယူပေးနိုင်ပါတယ်လို့ပြောပြီး သူ့ရဲ့ဓားကို ထက်နေအောင်
သွေးပါတော့တယ်။ ဓားထက်လာတဲ့အခါမှာတော့ ထမင်းအိုးဟောင်းတစ်လုံးကို ခြင်းတောင်းထဲမှာထည့်ပြီး
သံမောင်းမြို့စား မဂြိုင်းရဲ့တပ်ထဲကို ဝင်ခဲ့ပါတယ်။ မဂြိုင်းရဲ့တပ်ထဲကိုရောက်တဲ့အချိန်ကညနက်ပိုင်းမှာဖြစ်ပါ
တယ်။ မဂြိုင်းနဲ့သူ့လူတွေ မီးတိုင်ထွန်းပြီး ဆွေးနွေးနေကြတဲ့ အချိန်မှာမသံလုံကဝင်သွားတာဆိုတော့ သူ့လူ
ကိုယ့်လူကလည်းမကွဲပြားပါဘူး။ 
     အဲ့ဒီ့လိုအိုးတစ်လုံးဓားတစ်ချောင်းနဲ့မသံလုံကိုမဂြိုင်းနဲ့သူ့လူများကဘာကိစ္စလဲ၊ဘာညာတော့မေးမြန်းကြ
တာပေါ့။ ဒီတော့မသံလုံ ကလည်း ရန်သူ့ခေါင်းကိုဆက်သဖို့လာတာပါဆိုတော့ မဂြိုင်းနဲ့သူ့လူတွေက ယုံကြ
ပါတယ်။ မသံလုံကလည်းပါလာတဲ့ ထမင်းအိုးထည့်လာတဲ့ ခြင်းတောင်းကို ထုတ်ပြပါတယ်။ လူတွေအားလုံး
လဂွန်းအိမ်ပြတဲ့ ထမင်းအိုးဟောင်းကိုအာရုံစိုက်နေတဲ့ချိန်မှာ လဂွန်းအိမ်ဟာရုတ်တရက်ထခုန်လိုက်ပြီးမဂြိုင်းရဲ့
ခေါင်းကိုဓားနဲ့ဖြတ်လိုက်ပါတယ်။ ပြီးတော့မဂြိုင်းရဲ့ခေါင်းကို ပါလာတဲ့ ခြင်းတောင်းထဲပြန်ထည့်ပြီးပြန်ထွက်
တော့တာပေါ့။ မဂြိုင်းရဲ့လူတွေကတော့ မထင်မှတ်ထားတာတွေဖြစ်လာတဲ့အတွက်ရုတ်ရုတ်သဲသဲ ဖြစ်ပြီးကျန်
ခဲ့တာပေါ့။ သတိရလို့ထပြီးလိုက်ကြတော့ မသံလုံက မြို့ပြင်ရောက်နေပြီပေါ့။ 
     မသံလုံဟာညတွင်းချင်းပဲ ရာဇာဓိရာဇ်ဆီပြန်ခဲ့ပါတယ်။ စစ်ရေးကာလဆိုတော့ ရာဇာဓိရာဇ်ဟာ သူ့ရဲ့
သူရဲကောင်းတွေ ၊ အမတ်တွေနဲ့ ဆွေးနွေးညှိနှိုင်နေတဲ့အချိန်ပေါ့။ အဲ့ဒီ့အချိန်မှာ မသံလုံပြန်ရောက်လာပြီး
အင်မတန်ရက်စက်ပါတယ်ဆိုတဲ့ ရာဇာဓိရာဇ်ဘုရင်နဲ့ သူ့လူတွေကြားကို မဂြိုင်းရဲ့ခေါင်းကို ပစ်‌သွင်းလိုက်ပါ
တယ်။ မဂြိုင်းရဲ့ခေါင်းပြတ်ကြီးဟာ တလိမ့်လိမ့်နဲ့ ရာဇာဓိရာဇ်ရှေ့ကိုရောက်သွားတာပေါ့။ ရုတ်တရက်ဆိုတော့ 
ရာဇာဓိရာဇ်လည်းလန့်သွားတာပေါ့။ နောက်တော့မှ အမတ်သံဗြက်က ရန်သူတော် မဂြိုင်းရဲ့ခေါင်းကို ဆက်သ
တာဖြစ်ကြောင်းလျှောက်တင်လိုက်ပါတယ်။ အဲ့တော့မှမီးတွေဘာတွေထွန်းကြည့်ကြပြီး မဂြိုင်းရဲ့ခေါင်းဖြစ်
ကြောင်းသိရတဲ့အခါမှ ရာဇာဓိရာဇ်ကမသံလုံကို ယောက်ျားပီသပါပေတယ်လို့ ချီးမွမ်းပါတယ်။ ဒါပေမယ့်
ဘယ်လိုဆုမျိုးမှမချီးမြှင့်ခဲ့ပါဘူး။ 
     ရာဇာဓိရာဇ်ဟာအ‌ရှေ့ဘက်ပိုင်း‌ဒေသတွေကို အောင်မြင်စွာသိမ်းသွင်းနိုင်တဲ့အခါ တပ်တွေကိုသူ့အစုနဲ့သူ
စနစ်တကျဖွဲ့စည်းပြီး ပဲခူးကိုပြန်ခဲ့တယ်။ သူ့ရဲ့အမှုတော်ကိုစွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူတွေကိုလည်း ဆုတော်
လာဘ်တော်တွေချီးမြှင့်ခဲ့ပါတယ်။ အမတ်သံဗြက်ကိုတော့ သမန်ဗြက်ဇ္ဇဆိုတဲ့ဘွဲ့တော်ကိုပေးခဲ့ပါတယ်။ ဒုန်းဝန်း
မြို့ကိုလည်း အပိုင်စားပေးတော်မူခဲ့ပါတယ်။ မသံလုံကတော့ ဘာဘွဲ့မှလည်းချီးမြှင့်မခံရသလို ဘာပစ္စည်းနဲ့မှလည်းချီးမြှင့်တာမခံခဲ့ရပါဘူး။မသံလုံရဲ့စိတ်ထဲမှာလည်း ဘယ်ပျော်ပါ့မလဲ။ဒါပေမယ့်လည်း
ဘုရင်ဆိုတော့ စောဒက မတက်ရဲတာနဲ့ ဒီတိုင်ပဲနေနေရတာပေါ့။ 

     တိုက်ကုလားမြို့ကိုရောက်တဲ့အခါမှာတော့ ရာဇာဓိရာဇ် ဟာအိမ်ကြီးအိမ်ကောင်းတစ်ခုကိုဆောက်လုပ်စေ
ပါတယ်။ သစ်ကောင်းဝါးကောင်းတွေနဲ့ပေါ့။ ပြီးတော့ ခေါင်ကလည်း ငါးဆက်ပါရမယ်။ တံစက်မြိတ်ကလည်း
ကျယ်ရမယ်။ အိမ်ပြီးတဲ့အခါမှာ ကန့်လန့်ကာများ၊ တင်းတိမ် များနဲ့တန်ဆာဆင်ရမယ် ၊ ပြီးတော့အဲ့ဒီ့အိမ်မှာ သူ
ကိုယ်တိုင်အဲ့ဒီ့အိမ်မှာ စံမြန်းမယ်လို့ အမိန့်တော်ရှိခဲ့ပါတယ်။ 
     ဘုရင့်အမိန့်ဆိုတော့ လူတွေကလည်းအင်တိုက်အားတိုက်ဆောက်လုပ်ကြတာ‌ပေါ့။ ဘုရင်ကိုယ်တိုင်စံမြန်း
မှာဆိုတော့တတ်နိုင်သမျှအကောင်းဆုံးဖြစ်အောင်လည်းဆောက်ကြတာပေါ့။ အိမ်ပြီးတဲ့အခါမှာ ရာဇာဓိရာဇ်က 
အမတ်သမိန်ဗြဇ္ဇ ( အမတ် သံဗြက် ) ကိုခေါ်ပြီးအစီအစဉ်တွေချမှတ်ပါတော့တယ်။ အဲ့ဒါတွေကတော့ အိမ်ပေါ်
မှာသလွန်တစ်ခုထားပါ။ မသံလုံရဲ့နှဖူးမှာ "လဂွန်းအိမ်" ဆိုတဲ့ နှဖူးစည်းရွှေပြားကိုစည်းပေးနိုင်ဖို့အသင့်ပြင်ထား
ပါ။ (ပန်းထိမ်မှာလျှို့ဝှက်အပ်ထားပေးရမယ်ပေါ့။) ဘုရင်တိုက်ကုလားမြို့ကထွက်သွားတဲ့ခါညကျရင်မသံလုံကို
အရက်မူးနေအောင်အောင်တိုက်ပါ။ အမူးလွန်မှ အိမ်ကြီးပေါ်ကသလွန်ပေါ်ရောက်အောင်တင်ထားလိုက်ပါ။နှဖူး
မှာလည်း နှဖူးစည်းစည်းထားပြီးသားဖြစ်ပါစေ။ လဂွန်းအိမ်ကို တိုက်ကုလားမြို့ကိုအပိုင်စားပေးလိုက်ပါ။ 
မေနှင်းကေသရာ နှင့်အခြားမောင်းမတစ်ဦးကိုလည်းသူ့ကိုပေးလိုက်ပါ။ ဆင်ပေါက်ငါးစီးကိုလည်းပေးလိုက်ပါ။ 
လဂွန်းအိမ် မူးပြီး သလွန်ပေါ်မှာ အိပ်နေတဲ့ခါကျရင်တစ်အိမ်လုံးဆီမီးတွေထိန်နေအောင်ထွန်းထားပြီး 
စောင်းငြင်းပတ်သာတူရိယာတို့ကိုလည်းတီးပေးထားပါ။ မောင်းမနှစ်ယောက်ကိုလည်းအမူးပြေလျှင်ပြေချင်းမြင်
နေရပါစေလို့ ရာဇာဓိရာဇ်ကအမိန့်တော်ထားခဲ့ပါတယ်။ 
     သမိန်ဗြာဇ္ဇကလည်းကောင်းပါပြီလို့ဝန်ခံလိုက်ပါသတဲ့။ ဝန်ခံထားတဲ့အတိုင်းဘုရင်တိုက်ကုလားမြို့ကနေ
ထွက်သွားတဲ့အခါ လဂွန်းအိမ်ကို အရက်မူးအောင်တိုက်ပြီး သလွန်ပေါ်မှာမူးပြီးလှဲနေတဲ့ထိဖြစ်အောင်ဆောင်
ရွက်ထားလိုက်ပါတယ်။ လဂွန်းအိမ် ဟာ အမူးပြေတာနဲ့ ထိန်ထိန်ညှိးနေတဲ့ မီးရောင်များကို မြင်ရပါတယ်။ တူရိ
ယာဂီတသံတွေကိုလည်းကြားရပါတယ်။ အဲ့လိုနဲ့လန့်ပြီး ရုတ်တရက်‌ဘေးကိုကြည့်လိုက်တော့ သူ့ကိုခစားယုံမျှ
မက ခြေဆုပ်လက်နယ်ပြုနေတဲ့ မေနှင်းကေသရာနှင့်အခြားမောင်းမတစ်ယောက်ကိုတွေ့ရပါတယ်။ အဲ့ခါမှ 
လဂွန်းအိမ်လည်းအမူးတွေဘယ်ပျောက်မှန်းမသိပျောက်ကုန်ပြီး ငုတ်တုတ်ထထိုင်ပါတော့တယ်။ မေနှင်းကေသရာဆို တာဘုရင်ရဲ့ကိုယ်လုပ်တော်ကိုး။ ငါတော့ဘုရင့်သလွန်ပေါ်ကို မူးမူးနဲ့အိပ်နေမိပြီသေဘေး
တော့ဆိုက်ရပေပြီပေါ့။ ကြောက်အားလန့်အားနဲ့ထပြေးမယ်အလုပ် မေနှင်းကေသရာက လဂွန်းအိမ်ရဲ့ ကိုယ်လုံး
ကိုဆွဲလှဲလိုက်ပြီး နေရာမှား ပြီး‌ရောက်နေတာမဟုတ်ပါဘူး။ နှဖူးကိုလည်းစမ်းကြည့်ပါဦး။ ဘုရင့်အမိန့်နဲ့ 
လဂွန်းအိမ်ဆိုတဲ့ဘွဲ့ကို ရွှေပြားနဲ့ဝတ်ဆင်ပေးထားတာပါ။ ဘုရင်ရာဇာဓိရာဇ်က ဒီအိမ်တွေဒီမယားတွေတင်
မကပါဘူး။ တိုက်ကုလားမြို့ကိုလည်းအပိုင်စားပေးခဲ့ပါကြောင်း ၊ ဆင်ပေါက်ငါးစီးကိုလည်းပေးခဲ့ပါကြောင်းစ
သည်ဖြင့် ပြောပြပါသတဲ့။ 
    မေနှင်းကေသရာပြောပြတာကိုကြားရတောမှလဂွန်းအိမ်လည်း တွေးမိပါတော့တယ်။ လက်စသက်တော့ 
ရာဇာဓိရာဇ်က မဂြိုင်းရဲ့ခေါင်းကို သူ့‌ရှေ့အ‌ရောက်ငါလှိမ့်သွားတာကို အမှတ်ထားပြီး ငါ့အလှည့်ရောက်တော့
လည်း လန့်သွားအောင် ၊ လန့်ပြီးမှအံဩသွားအောင်  သေချာစီစဉ်ပြီး ဆုချီးမြှင့်တာပဲလို့တွေးမိပါသတဲ့။ ပြီးတော့
မှ ဘုရင်ရှိရာကိုမျက်နှာမူပြီး ကန်တော့လိုက်ပါသတဲ့။ ဒီလိုနဲ့ လဂွန်းအိမ်ဆိုတဲ့ဘွဲ့ရပြီး ငယ်နာမည် မသံလုံ ဆိုတဲ့
နာမည်ပျောက်ရတော့တာပေါ့။ 
     ဒီလိုနဲ့လဂွန်းအိမ်ဟာ ရာဇာဓိရာဇ်အားကိုးအားထားးပြုရတဲ့စစ်သူကြီးဘဝကိုရောက်လာပါတော့တယ်။
စစ်သူကြီးဖြစ်လာချိန်မှာလည် သူရဲ့ဘဝကထူးခြားပါတယ်။ ပထမတစ်ခါ မဂြိုင်းရဲ့ဦးခေါင်းကို ဖြတ်ပြီး ဘုရင့်‌
ရှေ့ပစ်သွင်းခဲ့တဲ့အချိန်က သာမန်စစ်သည် မသံလုံပါ။ နောက်တစ်ခါရာဇာဓိရာဇ်သူ့အပေါ်ထားရှိတဲ့စိတ်ကိုစမ်း
သပ်တဲ့ချိန်မှာတော့ သူဟာစစ်သူကြီး လဂွန်းအိမ် ဖြစ်နေပါပြီ။ထီးရေးနန်းရေးကိစ္စတွေကိုလည်းကောင်းကောင်း
ကြီးကျွမ်းကျင်နေပါပြီ။ လဂွန်းအိမ်ဟာသူ့အသက်ကိုသူအပေါင်ထားပြီး ကစားတတ်ပါတယ်။ 
    ရာဇာဓိရာဇ်ကို ပုသိမ်သားတွေက အန်တုတဲ့အခါ ရာဇာဓိရာဇ် ကသွားရောက်နှိမ်နှင်းဖို့စီစဉ်ပါတယ်။ စစ်‌ရေး
စစ်ရာအရာ အရ ပုသိမ်ကိုသိမ်းဖို့အတွက် မြောင်းမြကိုသိမ်းပိုက်ဖို့လိုအပ်ပါတယ်။ ဒါပေမယ့်မြောင်းမြ ကိုသိမ်း
ဖို့ဆိုတာ ခက်ပါတယ်။ အဲ့တော့ဒီစစ်ဆင်ရေးမှာ လဂွန်းအိမ်ဦးစီးမှဖြစ်မယ်ဆိုတာရာဇာဓိရာဇ်သဘောပေါက်ပါ
တယ်။ ဒါ့ကြောင့် လဂွန်းအိမ်ကိုဆင့်ခေါ်ပြီး ဘာလုပ်ရမယ်ဆိုတာကိုညွှန်ကြားပါတယ်။ ရာဇာဓိရာဇ်ကလည်း
လဂွန်းအိမ်ကို အားကိုးပါတယ်။ အလေးအမြတ်ထားကြောင်းကိုလည်းပြသလိုက်ပါတယ်။ ဒါကတော့ သူအမြတ်
နိုးဆုံး မိဖုရားတစ်ပါးဖြစ်သူ တလသုဒ္ဓမာယာ မိဖုရား  (ရှင်စောပုရဲ့အမေ) ကိုကွမ်းပြင်ခိုင်ပြီး လဂွန်းအိမ်ကိုကွမ်း
အစ်ကမ်းပေးစေပါတယ်။ ဒီအပြုအမူဟာ သူ့ခေတ်သူ့အခါမှာတော့ တော်တော်လေးနက်ပါတယ်။ 
     လဂွန်းအိမ်ဟာ ဘုရင့်ထံကပြန်လာပြီးတော့ ကြုံခဲ့တာတွေကို ၊ နာခံခဲ့ရတာတွေကို ပြန်စဉ်းစားပါတယ်။ 
မြောင်းမြကိုတိုက်ရမယ့်အရေးဟာ အင်မတန်ခက်ခဲပါတယ်။ အသက်နဲ့ရင်းပြီးတိုက်ရမှာပါ။ သူစဉ်းစာတာက 
" ဘုရင်ကငါ့ကိုအားကိုးတာတော့အမှန်ပဲ ၊ ဒါပေမယ့် တကယ်ရောငါ့ကို ချစ်ကြည်ရဲ့လား။ ဘုရင်ကချစ်တာ
အမှန်ဆိုရင်တော့ အသက်သေသေ တိုက်ရမှာပဲ။ အဲ့ဒီ့တော့ ဘုရင်တကယ်ချစ်မချစ်သိရအောင် ဘယ်လိုစမ်းမ
လဲစသည်ဖြင့် ပေါ့ ၊ တလသုဒ္ဓမာယာမိဖုရားကိုကွမ်းအစ်ကမ်းခိုင်းတာက လောကွတ်လုပ်တာလား ၊ အဲ့ဒီမိဖုရား
ကို ငါတောင်းရင်‌ရောပေးပါ့မလား ဆိုပြီးအတွေးကဆက်ပြန်ပါတယ်။ ပြီးတော့နောက်နေ့မှာစစ်ထွက်စရာရှိတာ
ကိုမထွက်ပဲပေပြီးနေနေပါသတဲ့။ 
     လဂွန်းအိမ်စစ်မထွက်တာကို နန်းတော်ကသိတဲ့အခါ စုံစမ်းဖို့အတွက် အမတ်ဒိန်နဲ့ အမတ်သမိန်ဗြဇ္ဇတို့ လာ
ကြတော့တာပေါ့။ အကျိုးအကြောင်းမေးကြည့်တဲ့အခါ လဂွန်းအိမ်ကလည်း ကြိုတင်စဉ်းစားထားတဲ့တိုင်း သူ့ရဲ့
သခင်ရာဇာဓိရာဇ်ဟာသူ့ကိုဘယ်လောက်ချစ်ကြောင်းသိချင်ပါတယ်။ မိဖုရားတလသုဒ္ဓမာယာကို မမြင်ရရင်မယူ
ရရင်မနေနိုင်တော့ပါဘူး။ မိဖုရားကိုတောင်းတဲ့တွက်သတ်ရင်လည်းသေရမှာပါပဲ။ မဟုတ်ရင်လည်းအဲ့ဒီစိတ်နဲ့
စစ်ထွက်ရင်လည်းသေမှာပါပဲလို့ လျှောက်တင်ပါတယ်။ 
     ဆိုတော့အမတ်ကြီးတွေပျာကိုင်တော့တာပေါ့။ တစ်ဖက်ကလည်းဓားထက်တဲ့ ဘုရင် ၊ တစ်ဖက်ကလည်း စစ်
ရေးစစ်ရာမှာသူမတူအောင်ကျွမ်းတဲ့ သူရဲကောင်း ၊ ပြီးတော့တောင်းတာကလည်း ရာဇာဓိရာဇ် မြတ်မြတ်နိုးနိုးရှိ
လှတဲ့ မိဖုရားကိုး။ အမတ်ကြီးများကလဂွန်းအိမ်ကိုနားချကြပါတယ်။ တူမောင်ဒီလိုမကြံစည်အပ်တာတွေကို 
မပြောပါနဲ့ ဆိုပြီးနားချပေမယ့် လဂွန်းအိမ်ကတော့ သူ့တွက်ကိန်းနဲ့သူ ဘုရင်ကိုအချစ်စမ်းနေတာကိုး။ မိဖုရားကို
မရရင်လည်းစွဲလမ်းတဲ့စိတ်ကြောင့်သေရမှာပါပဲ။ မိဖုရားကိုတောင်းလို့ဘုရင်ကသတ်လည်းသေရမှာပါပဲ။ စစ်ပွဲ
မှာလည်းဒီစိတ်နဲ့တိုက်ရင်သေမှာပါပဲ။ ဒါ့ကြောင့်သူ့ကိုနားမချပါနဲ့လို့ ဆိုပြီး ခေါင်းမာမာနဲ့ အိပ်ရာကမထပဲ နေ
နေပါသတဲ့။   
    အမတ်ကြီးများဟာ သူရဲကောင်းလဂွန်းအိမ်ကိုဘယ်လိုမှနားချလို့မရတဲ့အခါရာဇာဓိရာဇ်ကိုအကျိုးအကြောင်း
လျှောက်တင်ကြတော့တာပေါ့။ အံ့ဩစရာတော့ကောင်းပါတယ်။မိဖုရားကိုတောင်းလို့ဒေါသထွက်စရာကောင်း
ပေမယ့် "ငါ့မိဖုရားကိုငါမြတ်နိုးတာထက် ၊ နှမြောတာထက် သူရဲကောင်း လဂွန်းအိမ်ကို ပိုပြီး မြတ်နိုးတယ်၊ ပိုပြီး
နှမြောတယ် " ဆိုပြီး "မိဖုရား တလသုဒ္ဓမာယာကိုလဂွန်းအိမ်ထံ ပို့စေ" လို့အမိန့်‌‌ပေးလိုက်ပါတော့တယ်။ မိဖုရား
မှာတော့ ထွန့်ထွန့်လူးအောင် ပူပန်သောက‌ရောက်ကာ ဘုရင့်ခြေရင်းကိုဖက်ပြီး သူ့ကိုလဂွန်းအိမ်ထံမပို့ပါနဲ့လို့
ငိုယိုတောင်းပန်ပါတော့တယ်။ ရာဇာဓိရာဇ် ကတော့မရပါဘူး။ သူ့စိတ်ထဲမှာရှိတာက လဂွန်းအိမ်အနေနဲ့ မြောင်း
မြစစ်ဆင်ရေးကို အောင်‌အောင်မြင်မြင်ဦးဆောင်နိုင်ရေးပဲဖြစ်ပါတယ်။ 
     တလသုဒ္ဓမာယာ မာယာမိဖုရားကို လဂွန်းအိမ်ထံပို့တော့မယ်ဆိုတဲ့ သတင်းဟာ လဂွန်းအိမ်ထံအရင်ရောက်
ပါတယ်။ အဲ့တော့မှ လဂွန်းအိမ်က ကန်တော့ပစ္စည်းတွေ ပြင်ဆင်ပါတော့တယ်။ စီစဉ်ပြီး စောင့်နေတာ မိဖုရားပါ
တဲ့ လှေကိုလည်းမြင်‌ရော ပြားပြားဝပ်အောင်ကန်တော့ပြီးနေနေပါသတဲ့။ မိဖုရားလှေနဲ့ သူ့လှေယှဉ်မိတဲ့အခါ သူ
က မိဖုရားကို အမိလိုရိုသေတဲ့စိတ်နဲ့ ကန်တော့ပါတယ်။ အမတ်ကြီးများကိုလည်းကန်တော့ပါတယ်။ သူဟာ
ဘုရင့်ရဲ့အချစ်ကိုစမ်းလိုတဲ့အတွက် ဒီလိုလုပ်ရပါတယ်။ အဲ့ဒီ့လိုလုပ်မိတဲ့အတွက် မိဖုရားကြီးကိုရော ၊အမတ်ကြီး
တွေကိုရော သူ့ကိုခွင့်လွတ်ပေးကြပါ။ ကာယကံ ၊ ဝစီကံ ၊ မနောကံ တို့နဲ့ပြစ်မှားမိတာရှိရင်ခွင့်လွှတ်ပေးပါဆိုပြီး
တောင်းပန်တော့တာပါပဲ။ တတ်လည်းတတ်နိုင်တဲ့ စစ်သူကြီးပါပဲ။ 
     အဲ့ဒီ့တော့မှ အမတ်ကြီးများနဲ့ မိဖုရားခင်ဗျာ အသက်ဖြောင့်ဖြောင့်ရှူနိုင်ကြတော့တာပေါ့။ လဂွန်းအိမ်က
လည်း သူ့ကို ဘုရင်ကချစ်ခင်တာသေချာပြီဖြစ်တဲ့ အတွက် သူ့အသက်ကို စွန့်ချင်စွန့်ရပါစေ ၊ သူစစ်ထွက်ပါ
တော့မယ်ဆိုပြီး စစ်ထွက်သွားတော့ပါတယ်။ 
     မြောင်းမြစစ်ပွဲမှာ လဂွန်းအိမ်ဟာ ရာဇာဓိရာဇ် စီမံထားတဲ့တိုင်းတိုက်ခဲ့တာဖြစ်တယ်။ မြောင်းမြဝန်းကျင်က ရေတက်ရေကျရှိတဲ့ ချောင်းထဲမှာ ငုတ်တွေကိုစိုက်ထားပါတယ်။ ပြီးတော့ကုန်းပေါ်မှာလူတစ်ချို့တစ်ဝက်ကို
ထားပါတယ်။ ရေတက်တဲ့အခါမှာ ငုတ်တွေကို ရေမြုတ်သွားပါတော့တယ်။  လဂွန်းအိမ်တို့လူတွေကတော့ ကိုယ် စိုက်ထားတဲ့ငုတ်တွေကို ကိုသိနေတာပေါ့။ သူတို့က ငုတ်တွေနဲ့လွတ်နိုင်တဲ့ လှေပေါ့တွေကိုသုံးပြီးတော့ 
အင်အားနဲလို့ ရန်သူကိုမတိုက်ဝံသယောင်နဲ့ ရန်သူရဲ့လှေတွေကို လှမ်းပြီးမြင်ရတဲ့ခါမှ ငုတ်တွေကို ရှောင်ပြီးပြေး
တော့တာပေါ့။ 
 
 

     ရန်သူတွေကဖိပြီးလိုက်တဲ့အခါ ကုန်းပေါ်မှာလည်း လူတစ်ချို့ကို လှမ်းပြီး မြင်ရတဲ့ခါမှာတော့ လဂွန်းအိမ်တို့
 ကုန်းပေါ်တက်ပြေးပြီလို့ ထင်ကြပါတော့တယ်။ အဲ့ဒီ့လိုနဲ့ ရန်သူတွေရဲ့ လှေတွေဟာ ငုတ်တွေရှိရာကို ရောက်
လာတဲ့ခါ ငုတ်တွေပေါ်ကို လှေတွေတင်ကုန်ပြီး မှောက်ကုန်ကြတာပေါ့။ အဲ့တော့မှလဂွန်းအိမ်တို့ဟာ ပုန်းနေရာ
ကနေထွက်လာပြီး တိုက်ကြပါတယ်တဲ့။ အဲ့ဒီတိုက်ပွဲ မှာလဂွန်းအိမ်တို့ဘက်ပ အလေးသာခဲ့ပါတယ်။ မြောင်းမြပွဲ
ကိုနိုင်လိုက်တာနဲ့ ပုသိမ် ကို လမ်းပွင့်သွားပါပြီ။ 
     တစ်ခါမှာတော့ ဘုရင်မင်းခေါင်ကိုယ်တိုင် အောက်ဘက်ကို ချီတက်လာပြီးတော့ တိုက်ပွဲများကို ကွက်ကဲနေ
ပါတယ်။ တိုက်ပွဲမှာလည်း နိုင်တဲ့အချီနည်းလွန်းပါတယ်။ အစာရေစာပြတ်လို့ပါပဲ။ ရာဇာဓိရာဇ်တို့ဘက်ကလည်း
စစ်ပန်းနေကြပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ သာမန်အရပ်သားတွေအနေနဲ့ထင်းခွေရေခပ် မှမထွက်နိုင်အောင်ဖြစ်နေလို့ပေါ့။ နှစ်ဘက်လုံးကစစ်ပန်းနေကြတော့ စစ်ပြေငြိမ်းဖို့ကို နှစ်ဖက်လုံးစဉ်းစားလာ
ကြတာပေါ့။
     စစ်ပြေငြိမ်းပွဲဆိုတာ အရင်ခေတ်နဲ့ ခုခေတ်မတူပါဘူး။လက်မှတ်ရေးထိုးတာတွေ ၊ သတင်းထုတ်ပြန်တာတွေ
ဘယ်ရှ်ပါ့မလဲ။ အချင်းချင်းကလဲသစ္စာဆိုကြ ၊ တစ်ဖက်က သူရဲကောင်းများက တစ်ဖက်ကမင်းကို ကန်တော့ကြ
လက်ဆောင် အပြန်အလန်လဲကြ နဲ့စစ်ပြေငြိမ်းတဲ့ကိစ္စ ကပြီးသွားတော့တာပါ။ အဲ့ဒီစစ်ပြေငြိမ်းတဲ့ပွဲ လုပ်ဖို့ 
ပန်းကျော်ချောင်း သဲသောင်ပြင်ကိုရွေးထားတာပါ။ အင်းဝသား ပညာရှိအမတ်ကြီးများ ၊ သူရဲကောင်းများ ၊ ဟံသာဝတီသား ပညရှိအမတ်ကြီးများ ၊ သူရဲကောင်းများ က ဆင်ချင်းယှဉ်ပြီး စီးနှင်းလိုက်ပါကြပြီး သစ္စာဆိုကြ
ရမှာပါ။ အင်းဝသားများကသစ္စာဆိုလို့ပြီးရင်ပန်းကျော်ချောင်း တစ်ဖက်က ရာဇာဓိရာဇ် ကန်ေတာ့ကြမှာဖြစ်ပြီး ၊
ဟံသာဝတီသားများကေတာ့ ဘုရင်မင်း ခေါင်ကို ကန်တော့ကြမှာပါ။ ပြီးရင်သောင်ပြင်အလယ်မှာ စုပြီး ကိုယ်လူ
တွေဆီကိုယ်ပြန်ကြမယ်ပေါ့။
     ဒီနေရာမှာ ရာဇာဓိရာဇ် နဲ့အတွင်းလူ အမတ်ကြီးများသာသိတဲ့ အစီအစဉ်တစ်ခုရှိနေပါတယ်။ ပန်းကျော်
ချောင်းသစ္စာဆိုတဲ့နေရမှာ လက်နက်များကိုကြိုတငိပြီးမြှပ်နှံထားကြမယ့်အကြောင်းပဲဖြစ်ပါတယ်။ စစ်ပြေငြိမ်း
ပွဲမှာဘယ်သူမှလက်နက်ကိုင်ဆောင်ပြီးသွားလို့မရပါဘူး။ ဒီတော့အင်းဝသားများလက်ထဲမှာလက်နက်မပါပါဘူး။
စစ်ပြေငြိမ်းပွဲနေ့ရောက်မှ လက်နက်တွေကိုဖော်ပြီး အင်းဝသားတွေကိုလုပ်ကြံမှာပါ။ အဲ့ဒီအကြံအစည်အောင်
မြင်မယ်ဆိုရင်အင်းဝသားတွေဘက်က အထက်မြက်ဆုံးလို့သတ်မှတ်ထားတဲ့ လူတွေမှန်သမျှ ကုန်သလောက်
ဖြစ်သွားမှာပါ။ 

     ဒီလိုနဲ့သစ္စာဆိုပွဲနေ့ကိုရောက်လာပါတယ်။ အဲ့ဒီ့အခမ်းအနားမှာအသက်အရွယ် ၊ ရာထူးချင်းတူတဲ့ သူတွေသာ
 ဆင်ချင်းယှဉ်ပြီး စီးကြရပါတယ်။ အဲ့တော့ နောက်ဆုံးဆင်ပေါ်မှာစီးကြရမှာက လဂွန်းအိမ်နဲ့ ၊ မိုးညှင်းသတိုးတို့
ပဲဖြစ်ပါတယ်။ ဆင်အတွဲပေါင်း ၃၀ ရှိပါတယ်။ ပထမဆုံးဟံသာဝတီဘက်ကဆင်ပေါ်မှာ အမတ်ကြီး သမိန် ဗြာဇ္ဇ
ပါပြီး နောက်ဆုံးဆင်မှာတော့ လဂွန်းအိမ်စီးပါတယ်။ အင်းဝဘက်က ပထမဆင်ပေါ်မှာတော့ ဝန်ဇင်းမင်းရာဇာ 
စီးပြီးနောက်ဆုံးမှာတော့ မိုးညှင်းသတိုးစီးပါတယ်။ 
     ရာဇာဓိရာဇ် တို့ရဲ့ အကြံအစည်ကို သာမန်ပြည်သူတွေက တော့မသိပါဘူး။ဒီတော့ စစ်ပြီးဆုံးပြီဆိုပြီးတော့
စစ်ပြေငြိမ်းပွဲကို တက်ရောက်လာကြတော့တာပေါ့။ ပျော်ရွင်နဲ့စိတ်တဲ့ကြည့်နေကြတာဆို‌တော့မြင်ရကြားရသမျှ
တွေက ပျော်စရာ ၊ ဝမ်းသာစရာတွေကြည့်ဖြစ်နေတော့နာပေါ့။ စစ်ပြေငြိမ်းပွဲ ဆိုတော့ လက်ဆောင်တွေလည်း
အချင်းချင်းလဲလယ်ကြတာပေါ့.တက်ရောက်လာတဲ့ခေါင်းဆောင်အသီးသီးကလက်ဆောင်တွေလဲလှယ်ကြပေမယ့်
အဓိကဇတ်ဆောင် လဂွန်းအိမ်အကြောင်းပဲပြောပါမယ်။ 
     လဂွန်းအိမ်က မိုးညှင်းသတိုးနဲ့ လက်ဆောင်လဲလှယ်ရမှာပါ။ မိုးညှင်းသတိုးက လဂွန်းအိမ်ကို လက်ဖက်အုပ်
(ယွန်းအုပ်) လက်ဆောင်ပေးပါတယ်။ လဂွန်းအိမ်ကတော့ အောက်မြန်မာနိုင်ငံသားပီပီ ပုသိမ်ပုဝါနှစ်ထည်လက်
ဆောင်ပေးပါတယ်။ ပုသိမ်ပုဝါဆိုတာ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ပုသိမ်ကတစ်ဆင့်ဝင်တဲ့ နိုင်ငံခြားဖြစ်ပုဝါပဲ
ဖြစ်ပါတယ်။ အဲ့ဒီ့လိုလက်ဆောင်ပေးရင်းသတိုး(မိုးညှင်းသတိုး) ဒီသစ္စာဆိုပွဲက အမှန်အကန်ပဲလားလို့မေးပါ
တယ်။ သတိုးမေးတာကလည်း အထာနဲ့မေးတာပါ။ ဘာလို့လည်းဆိုတော့ လဂွန်းအိမ်က သူရဲကောင်းတစ်ဦးပါ။
အနိုင်ယူချင်ရင်အသက်စွန့်ပြီးတိုက်မှာပါ။ သစ္စာတော့မဖောက်ဘူး မကောက်ကျစ်ဘူး။ အခုတော့ဒီအကောက်
ကြံမယ့် အကြံအစည်မှာ လဂွန်းအိမ်ကိုယ်တိုင်ပါမတက်သာလို့ပါနေရ‌တော့ လဂွန်းအိမ်လည်းမျက်နှာကြည်နေ
မှာမဟုတ်ပါဘူး။ အဲ့တော့လဂွန်းအိမ်က " ဟဲ့သတိုး ... အရူး ၊စစ်တို့၏သဘောသဘာဝ ဆိုတာမှန်တယ်၊
မှားတယ် လို့ရှိပါ့မလား၊ နင့်ကိုရလည်းငါကသတ်မှာပဲ ၊ ငါ့ကိုရလည်းနင်ကသတ်မှာပဲ "လို့တုတ်ထိုးအိုးပေါက်
ပြောချလိုက်ပါတယ်။ 
     သတိုးကလည်းထင်ထားသလိုဖြစ်နေတာကြောင့် သူတို့အဖွဲ့ကအမတ်ကြီးဆီကို သွားပြီးသတင်းပို့လိုက်ပါ
တယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် " ဒီနေ့အခမ်းအနားကအတုကြီးဆိုပြီးအော်ဟစ်သတိပေးပြီး တစ်
ညီတစ်ညာတည်းဆုတ်ခွာသွားကြတော့တာပေါ့။ အင်းတသားတွေအတွက် ကိစ္စအေးသွားပြီဖြစ်ပေမယ့် ကိစ္စမ
အေးတာကတော့ ရာဇာဓိရာဇ်ပဲဖြစ်ပါတယ်။ အပိုင်လို့တွက်ထားတာတဲ့ကိစ္စက ပေါက်ကြားသွားတာကြောင့် 
တော်တော်လေးလည်းဒေါပွနေမှာပါ။ အချိန်ခနလေးအတွင်းမှာ ဘယ်လိုဖြဟ်တာလဲလို့ စစ်ဆေးတဲ့ခါမှ
လဂွန်းအိမ် နဲ့ မိုးညှင်းသတိုးတို့ စကားပြောတဲ့အကြောင်းက ပေါ်လာတော့တ့ပေါ့။ လဂွန်းအိမ်ကိုခေါ်ပြီး စစ်
ဆေးကြည့်တော့လဂွန်းအိမ်ကလည်း ဟုတ်ကြောင်းဝန်ခံပါတယ်။ 
     အစတည်းက ဒေါသကြီးပြီး ရက်စက်တက်ပါတယ်ဆိုတဲ့ ရာဇာဓိရာဇ်ဟာ လဂွန်းအိမ်ပြောတာကိုကြားပြီး
တာနဲ့ အဲမွန်ဒယာကိုခေါ်ပြီး လဂွန်းအိမ်ကိုကွပ်မျက်ခိုင်ပါတော့တယ်။  ရာဇာဓိရာဇ် အနေနဲ့ အစစအရာရာအလိုလိုက်ပြီးအားအကိုးကြီးကိုးတဲ့ လဂွန်းအိမ်က ဒီလိုလုပ်တယ်ဆိုတော့သူအနေနဲ့လည်းမလွန်
ပါဘူး။ ဆိုတော့အမတ်ကြီးတွေက ဖျောင်းဖျကြတာပေါ့။ အမြန်ကွပ်မျက်ရင် ကယ်ချိန်မရဖြစ်နေမယ်ဆိုပြီး
ဖြည်းဖြည်းပဲဆောင်ရွက်ပါလို့ဆိုကာလဂွန်းအိမ်ကိုဘုရားရှိခိုးဆိုပြီး စောင့်နေစေပါသတဲ့။ 
     လဂွန်းအိမ်ကိုအဲမွန်ဒယာခေါ်သွားတည်းက အမတ်ဒိန်နဲ့ ဗိုလ်မင်းဗြဇ္ဇ တို့ကရာဇာဓိရာဇ်ကို နားချကြတော့
တာပေါ့။ လဂွန်းအိမ်ဟာ စစ်ပွဲအတွင်းအရှင့်အမှုတော်ကို အကြိမ်ကြိမ်အလီအလီ စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူ
ပဲဖြစ်ပါတယ်။ အရှင့်ကျတ်သ‌ရေကိုဆောင်တဲ့ သူဖြစ်တဲ့ လဂွန်းအိမ်ဟာ တကယ်တော့ အစားထိုးလို့ မရတဲ့သူ
ဖြစ်ပါတယ်။ ဒါကြောင့်လည်းလဂွန်းအိမ်ကိုမကွပ်မျက်သင့်ပါဘူးလို့ နားချကြပါတယ်။  လဂွန်းအိမ်မှာပြောစရာ
စကားတော့ရှိပါဦးမယ်။ မေးစမ်းကြည့်ပါဦးမယ်လို့ပြောပါတယ်။ဘုရင် ရာဇာဓိရာဇ်လည်းဆိတ်ဆိတ် ေ နေနပါ
သတဲ့။လက်ခံတယ်ဆိုတဲ့သေဘာေပါ့။ ဆိုတော့ အမတ်ကြီးနှစ်ယောက်လည်း လဂွန်းအိမ်ကို သင်္ချိုင်းကနေ 
ပြန်ထုတ်လာရတော့တာပေါ့။ ကံကောင်းတာက အဲမွန်ဒယာက လဂွန်းအိမ် ဘုရားရှိခိုးလို့မပြီးသေးတာကို ထိုင်
စောင့်နေလို့ပါ။ 
     လဂွန်းအိမ်ကို ဘုရင့်ရှေ့ခေါ်လာပြီးမေးတော့ လဂွန်းအိမ်က ဘာမှပြန်မပြောပါဘူးတဲ့။ နောက်တော့မှ ဘုရင့်
ရှေ့မှာမေးလို့မရဘူးဆိုတာအမတ်ကြီးတွေကသဘောပေါက်ပြီးဘုရင့်ကွယ်ရာမှာမေးတာပေါ့။ အဲ့တောမှ 
လဂွန်းအိမ်က "ထိပ်တိုက်ရင်ဆိုင် အနိုင်ယူလို့ရတဲ့ ကိစ္စကို မတရားသဖြင့်ဉပါယ်တံမျဉ်နဲ့ တိုက်ခိုက်ကာအနိုင်ယူ
တာကိုသဘောမတူညီပါဘူး ၊ ဒါကြောင့် မိုးညှင်းသတိုးမေးတဲ့အခါမှာ အမှန်တိုင်းဖြေလိုက်တာပါ " လို့ဖြေပါ
တယ်။လဂွန်းအိမ်က အဲ့ဒီလောက်ဖြောင့်မတ်သူပါ။ အမှန်တရားဘက်ကရပ်တည်ပေးပါတယ်။ ရာဇာဓိရာဇ် က
မင်းခေါင်ကို လုပ်ကြံပေးရမယ်၊ အောင်မြင်ရင်ခွင့်လွှတ်ပေးမယ်လို့ပြောပါတယ်။ လဂွန်းအိမ် လည်း မင်းခေါင်ကို
နှစ်ကြိမ် ၊ နှစ်ခါလုံးလုပ်ကြံပေမယ် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် ရာဇာဓိရာဇ် လည်းသွေးအေးသွားလို့လား‌
မသိပါ။ ခွင့်လွှတ်ပေးခဲ့ပါတယ်။
     လဂွန်းအိမ် ကျဆုံးတဲ့နေရာက ပြည်မြို့ဝန်းကျင်မှာပါ။ ပြည်မြို့အနီးမှာ လဂွန်းအိမ်တပ်တွေနဲ့ အင်းဝ ရေ
တပ်တို့ အသဲအသန်တိုက်ခိုက်ခဲ့ကြတဲ့စစ်ပွဲပဲဖြစ်ပါတယ်။ လဂွန်းအိမ်ဟာ ဒီစစ်ပွဲမှာတော်တော်စစ်ပန်းနေပါပြီ။
စစ်သားပီပီ စိတိဓာတ်တော့မကျဘူးပေါ့လေ။ အဲ့ချိန်မှာ သူ့လှေထဲကိုအင်းဝသားတွေရောက်လာပြီး သူနဲ့တိုက်
ရာမှာ လဂွန်းအိမ် ရဲ့ပေါင်ကိုလှံနဲ့ထိုးမိပါတယ်။ လဂွန်းအိမ်ကို အသက်မသေစေနဲ့လို့ မင်းရဲကျော်စွာ က 
ကုန်းပေါ်ကနေလှမ်းအော်ပါတယ်။ မင်းရဲကျော်စွာက ဘုရင်မင်းခေါင်ရဲ့သားပါ။ မင်းရဲကျော်စွာ ကလဂွန်းအိမ်ကို
မိလာနဲ့အကြောင်း ပြည်မှာရှိတဲ့သူ့ဖခင်ကိုအကြောင်းကြားတဲ့အခါမှာ  မင်းခေါင်က သူ့သားကိုအပြစ်တင်ပါ
တယ်။လဂွန်းအိမ် ဒဏ်ရာရလာတဲ့အတွက်ဖြစ်ပါတယ်။ သူရဲကောင်းကို မြောက်စားတတ်တာကတော့ အင်းဝ
ရော ၊ ဟံသာဝတီပါ တူတူပါပဲ။ 
     လဂွန်းအိမ်ကိုမင်းရဲကျော်စွာကိုတိုင်သေချာပြုစုစောင့်ရှောက်ပေးပါတယ်။ ထမင်းနဲ့‌ဆေးဝါးတွေကို လက်ခံ
ဖို့လည်းပြောပါတယ်။ လဂွန်းအိမ်ရဲ့ဒဏ်ရာကပြင်းပါတယ်။ ဆေးကုသလို့မရနိုင်ပါဘူး။လဂွန်းအိမ်က အရှင်တစ်
ယောက်တည်းရဲ့ထမင်းကိုပဲအဝင်ခံပါမယ်။သေခါနီးမှ နောက်ထပ်သခင်ရဲ့ထမင်းအဝင်မခံနိုင်ပါလို့ပြောပါတယ်။
မင်းရဲကျော်စွာက ရေသောက်မလားလို့မေးတဲ့အခါ လဂွန်းအိမ်က ကွမ်းတစ်ရာရေတစ်မုတ်တော့ သောက်ချင်ပါ
တယ်လို့ ပြောပါတယ်။ မင်းရဲကျော်စွာက သူရဲ့ကွမ်းအစ်ထဲက ကွမ်းယာကို ယာပြီးတော့ရေတစ်မုတ်နဲ့အတူပေး
ပါသတဲ့။ လဂွန်းအိမ်ဟာအဲ့ဒီကွမ်းကိုစားပြီး ရေကိုသောက်ပါတယ်။ 
     ပြီးတော့မှလဂွန်းအိမ်ကမင်းရဲကျော်စွာကိုစကားဆိုပါတယ်။ အရှင့်သားတော်ဟာ ရာဇာဓိရာဇ်နဲ့ဘယ်တော့မှ
ဆင်စီးချင်း၊ မြင်းစီးချင်း ၊ လှေစီးချင်း ၊  ခြေလျင်ချင်းမတွေ့ပါနဲ့။ သူ့ရှင် ရာဇာဓိရာဇ် ဟာ ၎င်းအရာတွေမှာ 
တစ်ဖက်ကမ်းခတ်အောင်တတ်ကျွမ်းပါတယ်။ ဒါ့ပြင်သူဝဲယာရံက လက်ရုံးတွေဟာ သူရြ့ဆွေမျိုးတွေချည်းပါပဲ။
ရန်သူကိုကြောက်ရွံ့မှုမရှိပါဘူး။ လူလက်တွေမဟုတ်၊ဘီလူးလက်တွေသာဖြစ်ပါတယ် လို့လျောက်ထားပြီး အဲ့ဒီညမှာပဲ ဒဏ်ရာပြင်းလွန်းတာကြောင့် အနိစ္စရောက်ပါတော့တယ်။မင်းရဲကျော်စွာကလည်း လဂွန်းအိမ်ရဲ့
အလောင်းကိုငှပျောဖောင်ပေါ်မှာတင်ပြီး ပိတ်ဖြူအုပ်ကာ ၊ ခေါင်းရင်းမှာလည်း မီးတိုင်ကြီးတစ်တိုင်ထွန်းပေး
လိုက်ပါတယ်။ ပြီးတော့မြစ်ကြောင်းတိုင်း အောက်ဖက်ကိုမျှောချလိုက်ပါတယ်။
     ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုရင် လဂွန်းအိမ်ရဲ့တပ်က အောကါဖက်မှာတပ်ချထားတဲ့တွက်၊ သူတို့သခင်ကို
ကောင်းမွန်စွာ သင်္ဂြိုလ်ခွင့်ရစေချင်လို့ပဲဖြစ်ပါတယ်။ရာဇာဓိရာဇ် ကလည်း ပုဆိုးဖြူအုပ်ပြီး မီးတိုင်ထွန်းထာတဲ့ 
ဖောင်ကိုမြင်တည်းက လဂွန်းအိမ်ဆိုတာကိုသီပြီးဆည်ယူစေကာ လဂွန်းအိမ်ရဲ့ရုပ်အလောင်းကို ကောင်းမွန်စွာ
မီးသင်္ဂြိုလ်စေပါတယ်။ ကျန်ရစ်တဲ့အရိုးပြကိုတော့ ရတနာရွှေကျုတ်နဲ့ထည့်ပြီး ရွှေမောဓောဘုရားအနီးမှာ 
မြှပ်နှံစေခဲ့ပါတယ်။ ဒါဟာရှေးပတေဏသီတည်းကသူရဲကောင်းတို့ကိုနေရာပေးတဲ့အစဉ်အလာပါပဲ။
     လဂွန်းအိမ်ဟာအသက်ရှိစဉ်ကသကြားမင်းလိုစွမ်းပြီး ၊ သေလွန်သော်လည်း အကျော်အကြားမပျက်ခဲ့ပါဘူး
လို့ရေးသားရင်းနိဂုံးချုပ်လိုက်ရပါသည်။


Crd., Dr.Ma Tin Win (Education Collage) 
        kalyar Magazin,No(147),1997,May
Photo from internet.

Thanks for watching.

Comments

Popular posts from this blog

အနော်ရထာမင်း

   အနော်ရထာမင်း        အနော်ရထာမင်းကတော့ကျွန်တော်တို့သိထားပြီးတဲ့အတိုင်းပထမမြန်မာနိုင်ငံတော်ကြီးကို စတင်တည်ထောင် ခဲ့ပြီးလက်ရုံးရည်ရော နှလုံးရည်ရောပြည့်ဝတဲ့ဘုရင်တစ်ပါးဖြစ်ပါတယ်။ အခုကျွန်တော် ရေးမဲ့စစ်သူကြီးများ စစ်ဘုရင်များဆောင်းပါးမှာဘာကြောင့်ထည့်သွင်းဖော်ပြရလဲဆိုတော့အနော်ရထာမင်းကိုစစ်ဘုရင်လို့ပြောရတာ ကနိုင်ငံတော်ကို စစ်‌‌ရေးနဲ့စည်းရုံးခဲ့သူလို့ ကျွန်တော်တို့အစဉ်တစိုက်လေ့လာခဲ့ရတာကိုအခြေခံပြီးပြောရမှာဖြစ် ပါတယ်။ အဲ့ဒီ့လိုစစ်ရေးအရစည်းရုံးတယ်လို့ ဆိုတဲ့အခါမှာလည်းအရင်ကအမြင်နဲ့ မြင်တာမတူတော့ပါဘူး။  ဒါ့ပြင်သူတို့ တိုက်ခိုက်ခဲ့တဲ့ရန်သူများဟာ သက်ရှိလူသားများသာ မကပါဘူး။ မပြည့်စုံခြင်း(ဆင်းမွဲတေခြင်း) ၊ မသိနားမလည်ခြင်း( အယူမသန့်စင်ခြင်း) ဆိုတဲ့ ချို့ယွင်းချက်များလည်း ပါရှိပါတယ်။       ဆိုတော့ အဲ့တာတွေကိုတစ်ချက်ခြင်းစီ ဆွေးနွေး သွားပါမယ်။  (က)စစ်ရေးစည်းရုံးမှုပြုလုပ်ခြင်း (ခ) မပြည့်စုံမှုကို တိုက်ခိုက်ခြင်း ( ပြည့်စုံမှု ကိုဖန်တီးတည်ဆောက်ခြင်း ) (ဂ) အယူမသန့်စင်ပဲအရောအရောအနှောအနှောဖြစ်နေမှုကိုတိုက်ဖျက်၍အယူသန့်စင်စေခြင်း (က)စစ်ရေးစည်းရ...

ဦးစိန်လွင်

  ဦးစိန်လွင်၏ကိုယ်ရေးဖြစ်စဉ် ·        အမည် - ဦးစိန်လွင် ·        လူမျိုး - ဗမာ/ဗုဒ္ဓ ·        မွေးသက္ကရာဇ် - ၂၂-၁-၁၉၂၄ ·        မွေးသက္ကရာဇ် - ကော့ကရင်ကျေးရွာ ပေါင်မြို့နယ် မွန်ပြည်နယ် ·        ပညာအရည်အချင်း - အခြေခံပညာအထက်တန်းအဆင့် ·        ယခင်အလုပ်အကိုင် - ဗိုလ်မှူးချုပ်ငြိမ်း ·        ဇနီးအမည် - ဒေါ်ကျော့ကျော့စန် ·                        - ဒေါ်ရွှေတင် ·        သားသမီး - ၈ဦး ·        နေရပ်လိပ်စာ - အမှတ် (၁၆) ကန်ရိပ်သာလမ်း (၁၀) ရပ်ကွက် မရမ်းကုန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ကိုယ်ရေးဖြစ်စဉ်အကျဉ်း           ဦးစိန်လွင်ကို ၁၉၂၄ ခုနှစ် ဇန်နဝါရ...