၁၉၅၅ ခုနှစ်လောက်မှာ ကမ္ဘာအင်အားကြီးနိုင်ငံ တွေဖြစ်တဲ့ အမေရိကန်နိုင်ငံနဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ဟာ အာကသကိုစိုးမိုးနိုင်ဖို့အပြင်းအထန်ကြိုးစားနေကြပါတယ်။ ၁၉၅၇ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုဟာ စပွန်းနစ် ဂြိုလ်တုကို အာကသထဲကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်အမေရိကန်နိုင်ငံဟာလည်း အထူးစိုးရိမ်လာခဲ့ပါတယ်။ ထို့ကြောင့် ARPANet (Advamced Research Project Agency) ကိုဖွဲ့စည်းပြီး အာကသနည်းပညာဖွဲ့ဖြိုးတိုးတက်ရေး ၊ ဆက်သွယ်ရေးနဲ့ စစ်ရေးအစီအမံများကို ကြိုးစားအကောင်အထည်ဖော််ရေးစတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက တစ်ဦးချင်းသုံးနိုင်တဲ့ကွန်ပျူတာဆိုတာ နောက်အနာဂတ်မှာဖြစ်ကောင်းဖြစ်လာနိုင်တဲ့ အိပ်မက်သာသာမျှသာရှိပါသေးတယ်။
ကွန်ပျူတာချိတ်ဆက်မှုနည်းပညာရပ်များကို အမျိုးမျိုးလေ့လာစမ်းသပ်ရင်း ၁၉၆၉ ခုနှစ်မှာတော့ တက်က္ကသိုလ်ကြီးလေးခုမှ ကွန်ပျူတာကြီးလေးခုကို ချိတ်ဆက်ခြင်းဖြင့် ARPANet ကိုအကောင်အထည်ဖော််ဆောင်ရွက်ခဲ့ပါတယ်။ ကွန်ပျူတာတွေအချင်းချင်း သတင်းအချက်အလက်တွေပေးပို့နိုင်ဖို့ မန်ဆာချူးဆက်ပြည်နယ် ကင်းဘရစ်တက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံပညာရှင် Ray Tomlinson က Electronic EMail (Email)စနစ်ကို ချိတ်ဆက်ပြသခဲ့ပါတယ်။ သူဟာ E-mailအသုံးပြုတဲ့ခါ မှာတော့ e-mailသင်္ကေတလေးကို @ (at)လို့သတ်မှတ်ခဲ့ပါတယ်။
ပထမဆုံးသတ်မှတ်ချက်အခန်းထဲမှာ ချိတ်ဆက်ထားခြင်း LAN (Local Area Network) ဖြင့်စတင်ခဲ့ပြီးတစ်ခန်းနှင့်တစ်ခန်း ၊ တစ်မြို့နှင့်တစ်မြို့ ၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံစတဲ့ချိတ်ဆက်မှုတွေကို စမ်းသပ်အောင်မြင်ခဲ့ကြပါတယ်။ Local မှတစ်ဆင့် Global အဆင့်ထိအောင် (International Network) ဆိုတဲ့ ကျွန်တော် တို့ပြောပြောနေတဲ့ အင်တာနက် (internet)ဆို တာဖြစ်လာပါတယ်။ internet ဆိုတာ International Networlရဲ့အတိုကောက်ပါပဲ။ဒီလိုနဲ့ပဲအင်တာနက်ဟာကျယ်ပြန့်လာပါတယ်။ ပထမဆုံးစီပွားရေးလုပ်ငန်းရှင်များချိတ်ဆက်အသုံးပြုမှုနယ်ပယ်ဖြစ်တဲ့ (.com)ဆိုတဲ့နယ်ပယ်(domainကိုစပြီးမှတ်ပုံတင်ခဲ့ပါတယ်။ (.com) ဆိုတာကတော့ commercial ရဲ့အတိုကောက်ပဲဖြစ်ပါတယ်။
၁၉၈၁ခုနှစ်မှာတော့ IBM company ဟာ ပထမဦးဆုံးလူတစ်ဦးချင်းသုံးကွန်ပျူတာကို တည် ထွင်ခဲ့ပါတယ်။၁၉၈၆ ခုနှစ်မှာ တပ်ဆင်ချိတ်ဆက်သူ ၅၀၀၀ ၊ ၁၉၈၇ မှာ ချိတ်ဆက်သူ ၁၀၀၀၀ရှိလာခဲ့ပါတယ်။၁၉၈၉ ခုနှစ်မှာတော့ အင်တာနက်ချိတ်ဆက်သူ တစ်သိန်းထိရှိလာခဲ့ပါတယ်။ အင်တာနက်ပေါ်် မှာမိမိရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ Website တွေကိုသွားရောက်ယူဆောင်ပေးတဲ့ Browser တွေလည်းပေါ်ပေါက်လာပါတယ်။ ပထမဦးဆုံး Browserကတော့ Netscape ဖြစ်ပြီး၎င်းကို Jim Clark နဲ့Marc Andreesen တို့ကပြုလုပ်ခဲ့ပါတယ်။ website တွေမရေမတွက်နိုင်အောင်များပြားလာတဲ့အတွက် search engine တွေလည်းပိုမိုများပြားလာခဲ့ပါတယ်။ "Yahoo" Search Engine ကိုစတင်းဖို့ဒ်တက္ကသိုလ်ကျောင်းသား David Filo နှင့် Jarry Yan တို့ကတီထွင်ခဲ့ကြပါတယ်။ ၁၉၉၁ ခုနှစ်မှာတော့ စာသားတစ်နေရာကိုနှိပ်ကြည့်တာနဲ့နောက်ထပ်စာကိုပြောင်းလဲဖောပြပေး တဲ့ Gopherpစနစ်ပေါ် ပေါက်လာခဲ့ပါတယ်။
၁၉၉၆ ခုနှစ်မှာတော့ ၄၅သန်းမျှသော ကမ္ဘာသူ ကမ္ဘာသားတွေဟာ အင်တာနက်ကိုအသုံးပြူနေကြပါပြီ။အင် တာနက်အသုံးပြူ သူများလာတဲ့အတွက်ကြောင့် Google , MSN , စတဲ့ Search Engine ကြီးတွေလည်းပေါ််ပေါက်လာ ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းရောက်လာတဲ့ခါမှာတော့ အင်တာနက်ကိုတစ်ကမ္ဘာလုံးကျယ်ကျယ်ပြန့်ပြန့်သုံးလာကြပါပြီ။ ဆိုတော့ အခုခေတ်မှာကိုယ်သိချင်တဲ့အကြောင်းအရာတွေကို ကွန်ပျူတာ ၊ ဖုန်းတစ်လုံးရှိယုံနဲ့တစ်ထိုင်တည်းသိရှိနိုင်ပါပြီ။ ကမ္ဘာကြီးကို ရွာကြီးတစ်ရွာအဖြစ်ပြောင်းလဲပေးလိုက်တာပါပဲ။ကမ္ဘာကြီးမှာဘာတွေဖြစ်နေတယ်ဆိုတာ အင်တာနက်သုံးတွေကတော့သိကြပါတယ်။
အဆုံးထိဖတ်ရှုပေးလို့ကျေးဇူးပ့ါဗျ။
Like and Comment လေးတွေလည်းပေးခဲ့ကြပါဦးဗျ။
Crd., Thura Aung (B.C.Sc)

Comments
Post a Comment