Skip to main content

Posts

Showing posts from January, 2022

တပ်ကြီးရေအားလျှပ်စစ်စီမံကိန်း

       တပ်ကြီးရေအားလျှပ်စစ်စီမံကိန်းဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့ရဲ့ မြောက်ဘက် (၇) မိုင်အကွာ ဇော်ဂျီမြစ်ပေါ်မှာ တည်ရှိပါတယ်။ ဇော်ဂျီမြစ်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်းတယ မြို့ရဲ့ (၃) မိုင်ခန့်အကွာ ရေဖြူရွာအနီးမှာရှိတဲ့ တောင်တန်းရဲ့ အခြေမှာမြစ်ဖျားခံပါတယ်။ ဇော်ဂျီမြစ်ရဲ့ထူးခြားချက်ကတော့ အခြားမြစ်များလို ချောင်းငယ်မြောင်းငယ်တွေကနေတစ်ဆင့် ပေါင်းဆုံ ပြီးမှ ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ တောင်ခြေ ရေထွက်‌‌ရေကြောကနေတစ်ဆင့် မြေမျက်နှာပြင်ပေါ်ကိုကျောက်ကြိုကျောက်ကြားက နေတစ်ဆင့်စီးထွက်လာတာပါ။ ဇော်ဂျီမြစ်ဟာ ပင်းတယမြို့နယ်က နေ ရပ်စောက်မြို့ ၊ ဗထူးတပ်မြို့တို့ကိုဖြတ်သန်းစီးဆင်းလာပြီး ရပ်စောက်မြို့အလွန် ၅မိုင်လောက်ကနေပြီးတော့ ရေတံခွန်တွေအဆင့်ဆင့်ဖြစ်ပေါ်လာပါတယ်။ တပ်ကြီးရေတံခွန်၊ တပ်မောက် ရေတံခွန် တွေဟာ ထင်ရှားတဲ့ရေတံခွန်တွေဖြစ်ပါတယ်။ ဆက်ပြီးတော့လျောစောက်များများနဲ့မြောက်ဘက်ကို ဆက်လက်စီးဆင်း ခဲ့ပါတယ်။      ဇော်ဂျီမြစ်ဟာ ဒီ ပင်းတယ၊ ရပ်စောက်နဲ့ ကျောက်ဆည်နယ်တွေအတွက်တော့ စိုက်ပျိုးရေအတွက်အလွန်အားထားရတဲ့ မြစ်တစ် ခုဖြစ်ပါတယ်။ မြစ်တစ်လျောက်မှာ လိမ္မော်ခြံတွေ၊...