တပ်ကြီးရေအားလျှပ်စစ်စီမံကိန်းဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊
ရပ်စောက်မြို့ရဲ့ မြောက်ဘက် (၇) မိုင်အကွာ ဇော်ဂျီမြစ်ပေါ်မှာ တည်ရှိပါတယ်။
ဇော်ဂျီမြစ်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်းတယ မြို့ရဲ့ (၃) မိုင်ခန့်အကွာ
ရေဖြူရွာအနီးမှာရှိတဲ့ တောင်တန်းရဲ့ အခြေမှာမြစ်ဖျားခံပါတယ်။
ဇော်ဂျီမြစ်ရဲ့ထူးခြားချက်ကတော့ အခြားမြစ်များလို
ချောင်းငယ်မြောင်းငယ်တွေကနေတစ်ဆင့် ပေါင်းဆုံ ပြီးမှ ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ
တောင်ခြေ ရေထွက်ရေကြောကနေတစ်ဆင့် မြေမျက်နှာပြင်ပေါ်ကိုကျောက်ကြိုကျောက်ကြားက
နေတစ်ဆင့်စီးထွက်လာတာပါ။ ဇော်ဂျီမြစ်ဟာ ပင်းတယမြို့နယ်က နေ ရပ်စောက်မြို့ ၊
ဗထူးတပ်မြို့တို့ကိုဖြတ်သန်းစီးဆင်းလာပြီး ရပ်စောက်မြို့အလွန်
၅မိုင်လောက်ကနေပြီးတော့ ရေတံခွန်တွေအဆင့်ဆင့်ဖြစ်ပေါ်လာပါတယ်။ တပ်ကြီးရေတံခွန်၊
တပ်မောက် ရေတံခွန် တွေဟာ ထင်ရှားတဲ့ရေတံခွန်တွေဖြစ်ပါတယ်။
ဆက်ပြီးတော့လျောစောက်များများနဲ့မြောက်ဘက်ကို ဆက်လက်စီးဆင်း ခဲ့ပါတယ်။
ဇော်ဂျီမြစ်ဟာ ဒီ ပင်းတယ၊ ရပ်စောက်နဲ့ ကျောက်ဆည်နယ်တွေအတွက်တော့
စိုက်ပျိုးရေအတွက်အလွန်အားထားရတဲ့ မြစ်တစ် ခုဖြစ်ပါတယ်။ မြစ်တစ်လျောက်မှာ
လိမ္မော်ခြံတွေ၊ လက်ဖက်ခင်းတွေ ကော်ဖီခြံတွေအတွက်လိုအပ်တဲ့စိုက်ပျိုးရေကို
အဓိကထောက် ပံပေးနေတဲ့မြစ်တစ်ခုပါ။ ရပ်စောက်မြို့အလွန်က
တပ်ကြီးရေတံခွန်ကိုအကြောင်းပြုပြီး တပ်ကြီးရေအားလျှပ်စစ်စီမံကိန်းကိုအ
ကောင်ထည်ဖော်ခဲ့တာပါ။ ၁၉၈၂/၈၃ လောက်မှာ စတင်ခဲ့တာပါ။
ထိုအချိန်ကရေအားလျှပ်စစ်စီမံကိန်းကို အနောက်နိုင်ငံတွေဖြစ်တဲ့ နော်ဝေ၊ ဩစတျေးလျ၊
ဖင်လန်း နိုင်ငံတွေကစိတ်ဝင်စားကြ ပါတယ်။ နော်ဝေနိုင်ငံက ပေါင်းလောင်းစီမံကိန်း
ကိုစိတ်ဝင်စားပြီး စီမံကိန်းအတွက်လိုအပ်တဲ့ စူးစမ်းစစ်ဆေးမှုတွေကိုဆောင်ရွက်
ပေးနေသလို မြန်မာနိုင်ငံက ရေအားလျှပ်စစ်အင်ဂျင်နီယာတွေကိုလည်း နှစ်စဉ်တစ်ဦးကျ၊
နှစ်ဦးကျ ဒီပလိုမာသင်တန်းများပေးခဲ့ ပါတယ်။
ဖင်လန်း
နဲ့ဩစတျေးလျနိုင်ငံတွေကလည်း မြန်မာ့ရေအားလျှပ်စစ်စီမံကိန်းတွေမှာ
စက်ပစ္စည်းတွေထောက်ပံတာကြောင့် ထိုအ
ချိန်ကတည်ဆောက်ခဲ့တဲ့အသေးစားရေအားလျှပ်စစ်စီမံကိန်းတွေမှာ ၎င်းတို့ရဲ့စက်တွေကို
တွေနိုင်ပါသေးတယ်။
ဇော်ဂျီမြစ်ရေကနေ ရေအားလျှပ်စစ်ထုတ်ယူဖို့စပြီးစဉ်းစားကြတာက
တပ်မောက်ရေတံခွန်ကိုအခြေပြုပြီးစတင်စဉ်းစားကြတယ် လို့ဆိုပါတယ်။ တပ်မောက်ရေတံခွန်၏အောက်ဘက်သင့်လျော်သော
တစ်နေရာမှာ တမံတစ်ခုတည်ဆောက်ပြီး လျှပ်စစ် ပမာဏကို မီဂါဝပ် ရာဂဏန်းလောက်ထိ
ထုတ်ယူဖို့ မြန်မာနဲ့ ဖင်လန်း တို့စဉ်းစားခဲ့ကြပါတယ်။ အကယ်၍ ဒီလိုသာ တည်ဆောက်ဖြစ်မည်
ဆိုလျှင် တပ်မောက်စီမံကိန်းတည်ဆောက်ရေးအတွက်လိုအပ်မယ့် တည်ဆောက်ရေးလျှပ်စစ်လိုအပ်ချက်ကို
ထုတ်ယူနိုင်ဖို့ တပ်ကြီး စီမံကိန်းကို အကောင်ထည်ဖော်ခဲ့တာပါ။
တပ်ကြီးစီမံကိန်းကို ၁၉၈၄ ဒီဇင်ဘာမှာ စတင်အကောင်ထည်ဖော်ခဲ့ပြီး ၁၉၈၇
ဇူလိုင်လတွင် ပြီးစီးခဲ့ကာဓာတ်အားစတင် ထုတ်ယူနိုင်ပါတယ်။ စီမံကိန်းတွက်လိုအပ်တဲ့
စက်ပစ္စည်းနဲ့အခြားအကူညီတွေကို ဖင်လန်းနိုင်ငံကထောက်ပံပေးခဲ့ပါတယ်။ ဖွံဖြိုးပြီး
နိုင်ငံက ထောက်ပံတဲ့စက်တွေဖြစ်တာကြောင့်စက်တွေက အရည်သွေးကောင်းမွန်လှပါတယ်။
၁၉၈၈ မှာ
အနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံကို အဆက်သွယ်ဖြတ်လာကြတော့ ဖင်လန်းနိုင်ငံကလည်း
မြန်မာနဲ့လက်တွဲဖြုတ် ခဲ့ပါတယ်။
ဒါကြောင့်တပ်ကြီးစီမံကိန်းပြီးစီးသော်လည်း၎င်းကိုအခြေခံကာ တည်ဆောက်မည့်
တပ်မောက်ရေတံခွန်စီမံကိန်းဟာ လည်းအလှမ်းဝေးသွားခဲ့ပါတယ်။ သို့သော် ၁၉၉၃
တွင်လျှပ်စစ်ဌာန က (ဇော်ဂျီ (၁) ၁၈ မီဂါဝပ်) စီမံကိန်းကို တပ်မောက်ရေတံခွန်မှာ
ဖင်လန်းအကူညီမပါဘဲတည်ဆောက်ခဲ့ပါတယ်။ River
run off အမျိုးစားဖြစ်ပါတယ်။
တပ်ကြီးစီမံကိန်းကတော့ ၁၉၈၇ နှစ်လယ်လောက်မှာပြီးစီးပြီး (၆၀၀) ကီလိုဝပ်စက်နှစ်လုံးတပ်ဆင်ထားတာကြောင့်
၁၂၀၀ ကီလိုဝပ် (၁.၂ မီဂါဝပ်) ကိုထုတ်လုပ်ပြီး ရပ်စောက်မြို့နဲ့
ဗထူးတပ်မြို့နှစ်ခုကို ဓာတ်အားပေးနိုင်ခဲ့ပါတယ်။
တပ်ကြီး
စီမံကိန်းဟာ အဆင်ပြေပြေသာသာယာယာနဲ့ ဓာတ်အားထုတ်လုပ်ပေးနိုင်ခဲ့တာတော့မဟုတ်ပါဘူး။
တပ်မောက်ရေတံ ခွန်ရဲ့ အထက်ဘက် ဇော်ဂျီမြစ်ရဲ့ ရေဝေရေလဲ မြေပြန့်ဒေသဟာ ရာသီဥတုအရ
စိုက်ပျိုးရေးအလွန်ကောင်းမွန်တဲ့ဒေသဖြစ်လို့ စိုက်ပျိုး ရေလုပ်ငန်းအလွန်များပြားရာဒေသဖြစ်ပါတယ်။
လိမ္မော်ကိုအများဆုံးစိုက်ပျိုးပြီး လိမ္မော်စိုက်ခင်းများကို အမြဲတစ်စေ
တိုးချဲ့နေတာ မို့ စိုက်ပျိုးရေးတိုးချဲ့လာတာနဲ့အမျှ တောပြုန်းမြေဆီလွှာ
တိုက်စားမှုတွေအလွန်များပြားလာပါတယ်။ တစ်နည်းအား ဖြင့် ဇော်ဂျီမြစ်ရေဟာ
အနည်အနှစ်ပျော်ဝင်နှုန်းများလာပါတယ်။ ထို့ကြောင့်ဇော်ဂျီမြစ်ရေဟာ
ကြည်လင်နိုင်ခြင်းမရှိတော့ ဘဲ မြေနီ မှုန့်များပျော်ဝင်နေတဲ့နှောက်ကျိ နေတဲ့ ရေများစီးဆင်းတဲ့
မြစ်ဖြစ်လာပါတယ်။ ထိုရေများက တပ်ကြီး စက်ရုံကိုကောင်းကောင်း ဒုက္ခပေးပါတော့တယ်။
မြစ်ကိုကန့်လန့်ဖြတ်တည်ဆောက်ထားတဲ့
ကွန်ကရစ်ရေလွှဲက နှုန်းတွေကို တားထားသလိုဖြစ်ပြီး ချောင်းအတွင်းမှာ နှုန်းမြေစု
မှုကိုဖြစ်လာစေပါတယ်။ ရေတားတဲ့ ကွန်ကရစ်တမံက နှုန်းတားတဲ့ ကွန်ကရစ်တမံဖြစ်လာပြီး
မြစ်ပါကောလာပါတယ်။ရေလွှဲဆည် အထက်မှာ ရေသိုလှောင်နိုင်မှုလျော့နည်းလာပါတယ်။မြစ်ရေကို
မျက်နှာချင်းဆိုင်ထားပြီး ရေဝင်ပေါက်ဖော်ထားတဲ့ စက်ရုံရေဝင် ပေါက် ကစက်ရုံရှိ
စက်များအတွင်းဘက်ကိုနှုန်းဝင်ရောက်မှုကိုဖြစ်ပေါ်လာစေပါတယ်။ နှုန်းဝင်ရောက်မှုဟာ
မျှော်မှန်းသည်ထက် များလာတော့ စက်များမကြာခဏ ရပ်တန့်ပြီး နှုန်းရှင်းလင်းရေးတွေသန့်ရှင်းရေးတွေလုပ်ရပါတော့တယ်။
လက်ရှိအနေထားတိုင်းသာဆက်ပြီးလုပ်ကိုင်နေရလျှင် စက်များလုံးဝပျက်စီး
တော့မှာဖြစ်တာကြောင့် မူလတည်ဆောက်မှုကို ပြုပြင်တည်ဆောက်မှုတွေလုပ်ရပါတော့တယ်။
ပြုပြင်တည်ဆောက်မှုအနေနဲ့ ရေလွှဲဆည်ရဲ့ညာဘက်အစွန်မှာ သဲနှုန်းထုတ်ပေါက် (၂)
ခုနှင့် ရေတံခါးတွေကို ထည့်သွင်းတည်ဆောက်ရပါတယ်။ စက်ရုံအတွက်ရေယူလမ်းကြောင်းကို
လည်းရှေ့ဘက်မှာ ကွန်ကရစ်အကာ (
Dike) တစ်ခုတည်ဆောက်ပြီး
ဘေးတိုက်ရေယူသည့်ပုံစံအဖြစ်ပြောင်းလဲတည်ဆောက်ခဲ့ရပါတယ်။ ထိုသို့ပြောင်း
လဲတည်ဆောက်မှုကြောင့်စက်ရုံတွင်းသို့သဲနှုန်းဝင်ရောက်မှု
အထိုက်လျောက်လျော့ကျခဲ့ပါတယ်။
ဒါပေမယ့်
ရာသီဥတုဖောက်ပြန်ခဲ့တဲ့ ၂၀၀၆ အောက်တိုဘာ ၉ ရက်နေ့မှာတော့ မိုးသည်းထန်စွာ
ရွာသွန်းတာကြောင့် တိမ်ကောနေတဲ့ဇော်ဂျီမြစ်က
စီးလာသမျှသောရေအားလုံးကိုနိုင်နိုင်နင်းနင်း စီးသွားစေနိုင်စွမ်း
မရှိနိုင်တာကြောင့် မြစ်ရေများ ကွန်ကရစ်တမံကိုဖြတ်ကျော်ဝင်ရောက်လာပြီး
သဲနှုန်းတွေအောက်မှာစက်ရုံနဲ့စက်များအားလုံးပျက်စီးခဲ့ရပါတယ်။
တပ်ကြီးစက်ရုံသည် မြစ်ရေဝင်ရောက်မှုကြောင့်ပျက်စီးခဲ့ရသော်လည်း
နှစ်အတန်ကြာတဲ့ထိ ပြင်ဆင်မှုတွေကင်းမဲ့နေခဲ့ပါတယ်။ အသေးစားစက်ရုံတွေစာ
ချို့ယွင်းမှုတွေဖြစ်လာပြီဆိုရင် နောက်ပိုင်းမှာပြုပြင်ထိန်းသိမ်းမှု
တွေမလုပ်ကြတော့ပဲ အပျက်စီးတိုင်းထား လိုက်ကြပါတယ်။ သို့သော်
တပ်ကြီးစက်ရုံကတော့ထိုသို့မဟုတ်ခဲ့ပါ။ စက်ရုံကိုတာဝန်ရှိ
လျှပ်စစ်ဖြန့်ဖြူးရေးအဖွဲ့က ပြန်လည်လည် ပတ်ပြီး လျှပ်စစ်ပြန်လည်ထုတ်ယူနိုင်ရေးကို
ဆောင်ရွက်ခဲ့ပါတယ်။
ချို့ယွင်းသွားတဲ့စက်တွေကိုစုစည်းပြီး ပြန်လည်ဆန်းစစ်ကာ
ကောင်းမွန်နိုင်သောစက်ပစ္စည်းများကိုစုဆောင်းပါတယ်။ စုစည်း ထားတဲ့စက်တွေနဲ့
စက်အမှတ် (၁) ကိုရပ်တန့်ပြီး စက်အမှတ် (၂) ကိုပြန်လည် လည်ပတ်နိုင်ရေး
ကိုပြန်လည်ကြိုးစားခဲ့တာကြောင့် ၂၀၀၇ ဇန်နဝါရီလ (၁၀) ရက်နေ့မှာ
ပြန်လည်လည်ပတ်နိုင်ကာ ဓာတ်အားပြန်လည်ထုတ်လွတ်နိုင်ခဲ့ပါတယ်။ စက်အမှတ် (၂) ဟာ
ပြန်လည်လည်ပတ်နိုင်ပေမယ့် အခြေအနေမကောင်းခဲ့ပါ။ မကြာခဏ ချို့ယွင်းနေလို့
ပျက်လိုက်၊ လည်လိုက်ဖြစ်နေပါတယ်။
၂၀၁၀ ဇွန်
(၁၇) မှာတော့ အမှတ် (၂၀) စက်၏ Generator
Main Shaft ပွန်းစားသွားခြင်း၊ Sector Coin လောင်ကျွမ်းသွားခြင်း၊
Governor နှင့် Runner များချို့ယွင်းသွားခြင်း၊ Turbine shift များ နိမ့်ကျသွားခြင်း စတဲ့အကြောင်းရင်းတွေကြောင့် အမှတ်(၂)
စက်ကိုပါလုံးဝရပ်နားထားလိုက်ရပါတယ်။ ပြန်လည်ပြုပြင်ပါကလည်း
စက်တစ်ခုလုံးအားပြုပြင်ရမည်ကတစ်ကြောင်း၊ ကုန်ကျ စားရိတ်များပြားလွန်းသည်ကတစ်ကြောင်း၊
ပြန်လည်ရရှိမည့်အကျိုးအမြတ်နည်းပါးခြင်းတို့ကြောင့် တပ်ကြီးစက်ရုံသည် ထိုချိန်မှစ၍
ရပ်တန့်နေခဲ့ပါသည်။ တပ်ကြီးစက်ရုံမှ ဓာတ်အားရယူသုံးစွဲနေသည့် ရပ်စောက်မြို့နှင့်
ဗထူးတပ်မြို့များကလည်း နိုင်ငံတော် ဓာတ်အားကွန်ယက်စနစ်မှ ဓာတ်အားလုံးလောက်စွာရရှိနေပြီဖြစ်တာကြောင့်
တပ်ကြီးစက်ရုံသည် ယခင်ကလောက်အရေးမပါတော့ ချေ။
သို့သော်
ဒုတိယ အရပ်သားအစိုးရလက်ထပ်ရောက်သောအခါ Hydro Power & Solar Energy Deployment
Company သည် ရှမ်းပြည်နယ်အစိုးရထံမှ ခွင့်ပြုချက်တောင်းခံ၍
ပြည်နယ်အစိုးရ၏ခွင့်ပြုချက်ဖြင့် တပ်ကြီးရေအားလျှပ်စစ်စက်ရုံကိုပြင်ဆင် ခဲ့ပါသည်။
စက်များပြန်လည်လည်ပတ်ရေးအတွက် တရုတ်နိုင်ငံမှ အင်ဂျင်နီယာ
နှင့်ကျွမ်းကျင်သူများနဲ့ ဆောင်ရွက်ခဲ့ပြီး ၊ အတတ်နိုင်ဆုံး
မူလစက်ပစ္စည်းများနှင့်သာ ပြန်လည်လည်ပတ်နိုင်အောင်ဆောင်ရွက်ခဲ့သည်။ သို့သော်
လျှပ်စစ်ပိုင်းနှင့် Control
ပိုင်းများတွင် တရုတ် ပစ္စည်းများနှင့်အစားထိုးပြင်ဆင်ခဲ့ပြီး ယခင် Analog
system မှ Digital system သို့ပြောင်းလဲတပ်ဆင်ကာ
စက်စတင်စမ်းသပ် လည်ပတ်နိုင်ခဲ့ပါတယ်။ Company အနေနဲ့
ပြင်ဆင်မှုများပြီးစီးပါက ဓာတ်အားရောင်းချရေး ၊ PPA ( Power Purchase
Agreement) လက်မှတ်ရေးထိုးခွင့်တောင်းခံပြီး
နိုင်ငံတော်သို့ဓာတ်အားရောင်းချသွားမယ်လို့ဆိုပါတယ်။
Company ဟာ
စက်ရုံရဲ့အထက်ဘက်ရေဝင်လမ်းကြောင်းမှာရှိနေတဲ့ ရွံ့နွံ့များ သဲနှုန်းများကို
ဖယ်ရှားရေးလုပ်ဆောင်စဉ်က ကာရံထားတဲ့ ကွန်ကရစ်နံရံများကို ချိုးဖဲ့ပြီး
စက်ယန္တယားကြီးများအတွင်းဘက်ထိဝင်ရောက်ကာ ရှင်းလင်းခဲ့ရပါတယ်။ နောင်တွင်
မြစ်ရေကြီး မှုဖြစ်ပါကလည်း စက်ရုံတွင်းသို့ရေဝင်ရောက်ခြင်းမရှိစေရန်
မြေသားတမံ၏အဆုံးပိုင်း အစွန်မှာ အရေးပေါ်ရေပိုလွှဲ (ရေကျော်)
တစ်ခုကိုလည်ထည့်သွင်းတည်ဆောက်သွားမယ်လို့ တာဝန်ယူတည်ဆောက်နေတဲ့ company ကဆိုပါတယ်။

Comments
Post a Comment