PR စနစ်ဆိုတာ Proportional Representative (အချိုးကျကိုယ်စားပြုစနစ်) တစ်နည်းအားဖြင့် အချိုးကျ ရွေးချယ်တင်မြှောက်ခြင်းစနစ်ပါ။ ကိုယ်စားပြုဒီမိုကရေစီကျင့် သုံးတဲ့နိုင်ငံတွေမှာ နိုင်ငံရဲ့အစိုးရတစ်ရပ်ကို ရွေးချယ်ဖို့အတွက်ရွေးကောက်ပွဲပြုလုပ်ရပါတယ်။ ဒီလိုရွေးကောက်ပွဲပြုလုပ်တဲ့အခါမှာ ရွေးကောက်ပွဲနည်းစနစ် အမျိုးမျိုးကိုကျင့်သုံးကြပါတယ်။ PR စနစ်ဆိုတာကလည်း ရွေးကောက်ပွဲနည်းစနစ်တစ်မျိုးပဲဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာကျင့်သုံးနေကြတာကတော့ Fast Past the Post (FPTP) လို့ခေါ်တဲ့နိုင်သူအကုန်ယူစနစ်ပါ။ Plurality – Majority Voting လို့လည်းခေါ်ပါတယ်။ ပါလီမန်(မြန်မာနိုင်ငံမှာတော့ လွှတ်တော်လို့ခေါ်ပါတယ်) အမတ်တွေနေရာကို မဲဆန္ဒနယ်တစ်ခုကို အမတ်တစ်ယောက်နှုန်းသာသတ်မှတ်ထားတာပါ။ ဤရွေးကောက်တင်မြှောက်ပုံစနစ်သည်ကိုယ်စားလှယ်တစ်ဦး မဲဆန္ဒနယ်တစ်ခု သတ်မှတ်ပါသည်။ ကိုယ် စားလှယ်လောင်း အများအပြား ဝင်ရောက်အရွေးခံသည့်အခါ မဲဆန္ဒရှင်တွေ၏ ထောက်ခံမဲတွေ ကိုယ်စားလှယ်လောင်းအားလုံးဆီပြန့်နှံ့သွားပ...