PR စနစ်ဆိုတာ Proportional Representative (အချိုးကျကိုယ်စားပြုစနစ်) တစ်နည်းအားဖြင့် အချိုးကျ ရွေးချယ်တင်မြှောက်ခြင်းစနစ်ပါ။ ကိုယ်စားပြုဒီမိုကရေစီကျင့် သုံးတဲ့နိုင်ငံတွေမှာ နိုင်ငံရဲ့အစိုးရတစ်ရပ်ကို ရွေးချယ်ဖို့အတွက်ရွေးကောက်ပွဲပြုလုပ်ရပါတယ်။ ဒီလိုရွေးကောက်ပွဲပြုလုပ်တဲ့အခါမှာ ရွေးကောက်ပွဲနည်းစနစ် အမျိုးမျိုးကိုကျင့်သုံးကြပါတယ်။ PR စနစ်ဆိုတာကလည်း ရွေးကောက်ပွဲနည်းစနစ်တစ်မျိုးပဲဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာကျင့်သုံးနေကြတာကတော့ Fast Past the Post (FPTP) လို့ခေါ်တဲ့နိုင်သူအကုန်ယူစနစ်ပါ။ Plurality – Majority Voting လို့လည်းခေါ်ပါတယ်။ ပါလီမန်(မြန်မာနိုင်ငံမှာတော့ လွှတ်တော်လို့ခေါ်ပါတယ်) အမတ်တွေနေရာကို မဲဆန္ဒနယ်တစ်ခုကို အမတ်တစ်ယောက်နှုန်းသာသတ်မှတ်ထားတာပါ။
ဤရွေးကောက်တင်မြှောက်ပုံစနစ်သည်ကိုယ်စားလှယ်တစ်ဦး မဲဆန္ဒနယ်တစ်ခု သတ်မှတ်ပါသည်။ ကိုယ် စားလှယ်လောင်း အများအပြား ဝင်ရောက်အရွေးခံသည့်အခါ မဲဆန္ဒရှင်တွေ၏ ထောက်ခံမဲတွေ ကိုယ်စားလှယ်လောင်းအားလုံးဆီပြန့်နှံ့သွားပါသည်။ ဥပမာ - မဲဆန္ဒနယ်တစ်ခုမှာ ကိုယ်စားလှယ်လောင်း (၃)ဦး အရွေးခံ သည်ဆိုပါစို့။ တစ်ဦးက မဲအားလုံး၏ ၄၀%၊ အခြားတစ်ဦးက ၃၅%၊ နောက်တစ်ဦးက ၂၅% ရရှိသည်ဆိုပါ စို့။ ထိုအခါ မဲ ၄၀% ရရှိသူကို ရွေးချယ်ရပါမည်။ ထောက်ခံမဲ ၄၀% ရရှိသူက လက်တွေ့မှာ ၁၀၀% စလုံးကို ကိုယ်စားပြုသွားပါသည်။ ထောက်ခံမှုထက်ပိုပြီး ကိုယ်စားပြုခြင်း (Over Representation) ဖြစ်သွားပါသည်။ ကျန်သည့်ကိုယ်စားလှယ်လောင်း နှစ်ဦးရရှိသော မဲစုစုပေါင်း၏ ၆၀%သည် အလဟသ ဖြစ်သွားပါသည်။ အ ကယ်၍ မဲဆန္ဒနယ် တစ်ခုမှာ ကိုယ်စားလှယ်လောင်း (၄)ယောက် ပြိုင်ကြသည် ဆိုပါစို့။ လေးယောက်စလုံး လည်း မဲဆန္ဒရှင်များ၏ ထောက်ခံမှုမသိမ်းမယိန်းရှိသည်ဟု ဆိုပါစို့။ ပထမတစ်ယောက်က ၂၅%၊ဒုတိယ တစ်ယောက်က ၂၅%၊တတိယတစ်ယောက်က ၂၄%၊ စတုတ္ထတစ်ယောက်က ၂၆% ရရှိပါက မဲ ၂၆% ရရှိသောကိုယ် စားလှယ်လောင်းက အနို င်ရရှိမည် ဖြစ်၍ ၁၀၀% ကိုယ်စားပြုမည်ဖြစ်ပြီး ၇၄%သော မဲသည်အလဟသ ဖြစ်သွားမည်ဖြစ်ပါသည်။ လက်တွေ့မှာ အထက်ပါ ဥပမာထက်ကိုယ်စားလှယ်လောင်းဦးရေများနိုင်သဖြင့် အလဟသဖြစ်သော မဲလည်း ပိုများနိုင်ပါသည်။ ပါတီတစ်ခုသည်အထက်ပါကဲ့သို့ နေရာအနှံ့အပြားမှာ မဲအနည်းငယ်ဖြင့် အနိုင်ရလျှင် မဲဆန္ဒရှင်အများစုက ထောက်ခံခြင်းမရှိသော ပါတီသည် နိုင်ငံအုပ်ချုပ်ခွင့် ရမည်ဖြစ်သည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် NLD ပါတီသည်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၈၉ နေရာအနက် ၃၉၈ ယောက်ရရှိသဖြင့် နေရာအားလုံး၏ ၈၂% ဖြစ်ပါသည်။ ၂၁% ပိုပြီး
ကိုယ်စားပြုသွားပါသည်။ ၆၁% နှင့်အညီကိုယ်စားပြု ခွင့်ရမည်ဆိုလျှင် NLD က ၂၉၆ နေရာသာရရှိမည်ဖြစ်သည်။ ၁၀၂ ယောက်ထက်ပိုပြီး ကိုယ်စားပြုသွားပါ သည်။ NLD
ပိုယူထားသည့် ၁၀၂ နေရာသည် အခြားပါတီငယ်တွေ ရရှိမည့်ကိုယ်စားလှယ်တွေ
ဖြစ်ပါသည်။ ဒါတွေဟာ FPTP စနစ်ရဲ့အားနည်းချက်တွေဖြစ်ပါတယ်။ လက်ရှိ FPTP စနစ်ကိုကျင့်သုံးတဲ့ နိုင်ငံတွေကတော့ အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံနဲ့ မြန်မာရဲ့အိမ်နီးချင်း အိန္ဒိယနိုင်ငံတို့ပဲဖြစ်ပါတယ်။ အဲ့ဒီလိုနိုင်ငံကြီးတွေကဘာကြောင့် PR စနစ်ကိုမကျင့်သုံးကြတာလဲဆိုရင် အဲ့ဒီနိုင်ငံကြီးတွေက ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်ကြပြီး နိုင်ငံရေးအင်အားကြီးပါတီ ကြီးနှစ်ခုလောက်ကသာ ပါလီမန်ရဲ့ ရွေးကောက်ခံ အမတ်နေရာတွေကို ရယူပြီး အစိုးရဖွဲ့နေကြလို့ပါ။ အကယ်၍ PR စနစ်နဲ့သာဆိုရင် ကျန်တဲ့ပါတီငယ်တွေဟာ အစိုးရအဖွဲ့ထဲကိုနေရာဝင်ယူလာကြပြီး ခိုင်မာအားကောင်းတဲ့အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်မှာမဟုတ်တော့ ပါဘူး။
အချိုးကျကိုယ်စားပြုစနစ် PR စနစ်ဆိုတာ အထက်က FPTP စနစ်ရဲ့အားနည်းချက် တွေကြောင့်ပေါ်ပေါက်လာ ရတာပါ။ PR စနစ်နဲ့ FPTP စနစ်တို့ဆိုတာ ဟာ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေမှာအသုံးအများဆုံးရွေးကောက်တင်မြှောက်နည်းစနစ်တွေပါ။PR စနစ်ဟာ အလွန်လွယ်ကူရိုးရှင်းလှပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များကို
မဲဆန္ဒနယ်တစ်နယ်မှတစ်ဦးစီ ရွေးကောက်တင်မြှောက်ခြင်း မဟုတ်ပဲ
ကိုယ်စားလှယ်အမြောက်အမြားပါဝင်သော မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် အမြောက်အမြား
ရွေးကောက်တင်မြှောက်ခြင်းဖြစ်သည်။ ထို့ကြောင့်ပါတီတစ်ခုကရရှိသော ထောက်ခံမဲအရေအတွက်
နှင့် ထိုပါတီမှ အရွေးခံသော ကိုယ်စားလှယ်အရေအတွက် သည် အချိုး အစားညီကြသည်။
သို့ဖြစ်သောကြောင့်ကိုယ်စားလှယ်၁၀ ယောက်ရှိသော မဲဆန္ဒနယ် မှာ ထောက်ခံ၅၀% ရရှိသော NLD ပါတီသည်
ကိုယ်စားလှယ်ဦးရေ ၅ ယောက်ရရှိမည် ဖြစ်သည်။ အကယ်၍ ကြံ့ခိုင်ရေးပါ တီက ထောက်ခံမဲ ၃၀%
ရရှိပါက ကိုယ်စားလှယ် ၃ ဦး ရရှိမည်ဖြစ်၍ထောက်ခံမဲ ၂၀% ရရှိသော အခြားပါ တီက
ကိုယ်စားလှယ်၂ ဦး ရရှိ မည် ဖြစ်သည်။ အခြေခံအားဖြင့်
PR စနစ်သည်အောက်ပါ ၃ မျိုးတို့ဖြစ်သည်။ ပါတီစာရင်း (Party
list)၊ ရောနှောအချိုးကျ(Mixed member proportional) နှင့်လွှဲပြောင်းနိုင်သည့် မဲ စနစ်(Single transferable vote or
Choice voting) တို့ဖြစ်ကြသည်။ FPTP (မဲများသူအနို်င်)
ရွေးကောက် တင်မြှောက်ပွဲစနစ်က ဖြစ်ပေါ် စေသောပြဿနာများကို ဖြေရှင်းရန် PR (အချိုးကျကိုယ်စားပြုစနစ်) ကို တီ ထွင်ဖန်တီး ခြင်းဖြစ်ရာ PR သည်ပါတီများကို ပိုမိုမှန်ကန်တိကျစွာ ကိုယ်စားပြုနိုင်သည်။
ပါတီငယ်များနှင့် လူနည်းစုလူမျိုးများကိုလည်းပိုမိုကိုယ်စားပြုနိုင်သည်။
မဲအလေအလွင့်လည်းနည်းပါးသည်။ မဲဆန္ဒလာရောက် ထည့်သွင်းသူလည်းပိုမိုများပြားလာပြီး
အမျိုးသမီးကိုယ်စားပြုမှုလည်း များ လာပြီးအများစု၏အုပ်ချုပ်ခြင်း လည်းဖြစ်နိုင်ချေများလာသည်။
မဲဆန္ဒနယ် ပြင်ဆင်သတ်မှတ် ခြင်းလည်း နည်းပါးစေသည်။

Comments
Post a Comment