အနော်ရထာမင်း
အနော်ရထာမင်းကတော့ကျွန်တော်တို့သိထားပြီးတဲ့အတိုင်းပထမမြန်မာနိုင်ငံတော်ကြီးကို စတင်တည်ထောင်
ခဲ့ပြီးလက်ရုံးရည်ရော နှလုံးရည်ရောပြည့်ဝတဲ့ဘုရင်တစ်ပါးဖြစ်ပါတယ်။ အခုကျွန်တော် ရေးမဲ့စစ်သူကြီးများ
စစ်ဘုရင်များဆောင်းပါးမှာဘာကြောင့်ထည့်သွင်းဖော်ပြရလဲဆိုတော့အနော်ရထာမင်းကိုစစ်ဘုရင်လို့ပြောရတာ
ကနိုင်ငံတော်ကို စစ်ရေးနဲ့စည်းရုံးခဲ့သူလို့ ကျွန်တော်တို့အစဉ်တစိုက်လေ့လာခဲ့ရတာကိုအခြေခံပြီးပြောရမှာဖြစ်
ပါတယ်။ အဲ့ဒီ့လိုစစ်ရေးအရစည်းရုံးတယ်လို့ ဆိုတဲ့အခါမှာလည်းအရင်ကအမြင်နဲ့ မြင်တာမတူတော့ပါဘူး။
ဒါ့ပြင်သူတို့ တိုက်ခိုက်ခဲ့တဲ့ရန်သူများဟာ သက်ရှိလူသားများသာ မကပါဘူး။ မပြည့်စုံခြင်း(ဆင်းမွဲတေခြင်း) ၊
မသိနားမလည်ခြင်း( အယူမသန့်စင်ခြင်း) ဆိုတဲ့ ချို့ယွင်းချက်များလည်း ပါရှိပါတယ်။
ဆိုတော့ အဲ့တာတွေကိုတစ်ချက်ခြင်းစီ ဆွေးနွေး သွားပါမယ်။
(က)စစ်ရေးစည်းရုံးမှုပြုလုပ်ခြင်း
(ခ) မပြည့်စုံမှုကို တိုက်ခိုက်ခြင်း ( ပြည့်စုံမှု ကိုဖန်တီးတည်ဆောက်ခြင်း )
(ဂ) အယူမသန့်စင်ပဲအရောအရောအနှောအနှောဖြစ်နေမှုကိုတိုက်ဖျက်၍အယူသန့်စင်စေခြင်း
(က)စစ်ရေးစည်းရုံးမှုပြုလုပ်ခြင်း
ပုဂံဧကရာဇ်နိုင်ငံတော်ကို စည်းရုံးတည်ထောင်ပေးတဲ့သူအနေနဲ့ အနော်ရထာမင်း အကြောင်းကို ကျောင်း
သားဘဝ တည်းက သင်အံကျက်မှတ်ခဲ့ရမှာပါ။ အဲ့ဒီ့အချိန်တုန်းကတော့ စစ်ရေးစည်းရုံးမှု ပြုတယ်ဆိုတာ
လောက်ပဲပေါ့။ ဘယ်ကိုသွားပြီးတိုက်တယ် ၊ ဘယ်နိုင်ငံကို သိမ်းတယ်ဆိုတာလောက်ပဲပေါ့။
စစ်ရေးစည်းရုံးမှုပြုတယ်ဆိုတာ ဒီလိုမျိုးပါ။
လက်ရုံးရည် အရ နှလုံးရည်အရ သူတကာထက်သာတယ်လို့ ယူဆခံရသူဟာ ဘုရင်မင်း အဖြစ်ကို မရသေး
တဲ့အခါ သူဟာ နိုင်ငံတော်စည်းစည်းလုံးလုံး မဖြစ်ခင်အချိန်ကိုအသုံးချပြီး ဘုရင်အဖြစ်ကို အရယူတတ်ပါတယ်။
အနော်ရထာအကြောင်းကိုသင်ရင်လည်း အနော်ရထာဟာသူ့အနေနဲ့ မူလက မရည်မှန်း နိုင်တဲ့ ထီးနန်းကို
သူ့ရဲ့ပြိုင်ဘက်နဲ့ သူပြိုင်ကိုယ်ပြိုင် အနိုင်ကျဲပြီး ရယူနိုင်ခဲ့ပါတယ်။ ပြီးတော့မှ စိတ်ချရလောက်တဲ့ သူကိုစုစည်း
ပါတယ်။လူယုံမွေးတာပေါ့ဗျာ။ ဘယ်လို ဘုရင်ပဲဖြစ်ဖြစ် အစောပိုင်းမှာတော့ မိမိပိုင်နက်ကိုအရင် ကျစ်လစ်
တောင့်တင်းအောင်ပြုလုပ်ပြီးမှ အင်ပါယာ ချဲ့ထွင်ကြတာပါ။ တစ်နည်းပြောရရင် ဗိုလ်ဝင်ခံတယ်ပေါ့။ ဗိုလ်ဝင်ခံ
တယ်ဆိုတာ မိမိဘက်ကို ပါမယ့်သူများကို လက်ခံပြီး သစ္စာရေတိုက်တာပါပဲ။
သစ္စာရေတိုက်တဲ့မင်းဟာ သစ္စာရေသောက်တဲ့ အကြီးအကဲပိုင်နက်ရဲ့ လုံခြုံရေး ၊ ကြီးပွားတိုးတက်ရေး
အတွက် အစစ အရာရာ တာဝန်ယူ ၊ တာဝန်ခံရပါတယ်။ မိမိရဲ့ ဝန်းကျင်က မြို့ ရွာတွေကို သစ္စာခံခိုင်းပြီး မိမိကို
သစ္စာမခံ ဘဲ မချေမငံ ၊ အာခံတဲ့ နယ်မြေတွေ နိုင်ငံတွေကို တော့ တိုက်ခိုက်သိမ်းပိုက်ပြီး မိမိရဲ့ အင်ပါယာ
အတွင်းသို့ ဆွဲသွင်းလိုက်ပါတယ်။ လက်အောက်ခံနိုင်ငံအဖြစ်သတ်မှတ်ခြင်းခံရပြီး မိမိတို့နဲ့ သင့်တော်မယ်လို့
ယူဆတဲ့သူကိုအဲ့ဒီ့နယ်မှာပဲနန်းတင်ပါတယ်။ တစ်နည်းမိမိတို့ကြိုးဆွဲရာ က မယ့် ရုပ်သေးအစိုးရပေါ့။ အဲ့ဒီလိုနဲ့
နေပြည်တော်ရဲ့ အရပ်လေးမျက်နှာကိုချီတက်ပါတယ်။ ချီတက်ရာလမ်းကြောင်းတစ်လျှောက် သင့်တော်တဲ့မြို့
ရွာတွေမှာ ရပ်နားပြီးဗိုလ်ဝင်ခံလေ့ရှိပါတယ်။ သစ္စာမခံတဲ့ မြို့ရွာ ၊ နယ်ပယ်တွေကတော့ တိုက်ခိုက်ချေမှုန်းခံရ
တာပေါ့။
မြန်မာနိုင်ငံအောက်ပိုင်းကို ဆင်းပြီး စည်းရုံးရကောင်းမှန်း ကိုအနော်ရထာ နားလည်တာအလွန်တော်
တယ်လို့ ဆိုနိုင်ပါတယ်။ ပင်လယ်ထွက်ပေါက်ရဲ့တန်ဖိုးကိုကောင်းကောင်း သိတယ် ၊ ပင်လယ်ကနေဝင်လာတဲ့
ကုန်သည်များ ၊ ပင်လယ်ကနေတစ်ဆင့်ထုတ်ပြီးရောင်းချရမယ့် ကုန်ပစ္စည်း များနဲ့ပတ်သက်ပြီးစောစီးစွာသော
အချိန်ကတည်းက သိနားလည်ခဲ့တယ်ဆိုတာကို ပြတာပါပဲ။
ပြီးတော့သုဝဏဘုမ္မိ သထုံ ကိုတော့ အနော်ရထာမင်းကိုယ်တိုင် တစ်ခါတည်း အပြီးတိုင်သိမ်းပိုက်ခဲ့ပါတယ်။
မင်းဖြစ်သူကို သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာပြီးတော့ ပိဠကတ်တော်များနှင့်တကွ ကျမ်းတတ် ရဟန်း
တော်များကိုလည်း ပုဂံသို့ပင့်ဆောင်လာခဲ့လေသည်။ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း သူ့ကိုသစ္စာခံတဲ့
ဉဿာပဲခူးကိုတော့ ဂျွမ်းစစ်သည်တွေဝင်တိုက်တဲ့အခါမှာတော့ စစ်ကူပေးကာကူညီလိုက်ခြင်းအားဖြင့် အဆိုပါ
ဒေသရဲ့ လုံခြုံရေးကိုတာဝန်ယူခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းဒေသကိုလည်း သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ ပျူတို့ကိုသုံးပန်းအဖြစ်သိမ်း
ယူ ခဲ့ပါတယ်။ တစ်ဆက်တစ်ဆက်တည်း ပျူတွေကို နောက်တက်လာတဲ့မြန်မာတွေစစ်ဘယ်လိုတိုက်ရမယ်ဆို
တာသိနေပြီ ၊ အရင်လိုအေးဆေးပျော့ပျောင်း တဲ့သူတွေမဟုတ်တော့ကြောင်းပြသလိုက်တာနဲ့ အတူတူပါပဲ။
ဒီလိုပြသလိုက်တာဟာ အနော်ရထာရဲ့ဩဇာတိက္ကမကိုကြီးထွားစေကာ ပုဂံထီးနန်းရဲ့ အာဏာစက်ကိုပါ ပြန့်နှံ့
စေခဲ့ပါတယ်။
ဒီနေရာမှာနားလည်ရမှာတစ်ခုက စစ်ရေးအရ စည်းရုံးမှုပြုတယ်ဆိုတာ မည်းမည်းမြင်တိုင်းလိုက်တိုက်တာ ၊
မွန်ဂိုတွေလိုမျိုး တိုက်လို့ရတဲ့ဒေသကလူတွေကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး ပစ္စည်းကို ရသမျှယူတတ်တာ
ကိုပြောတာမဟုတ်ပါဘူး။ စစ်ရေးစည်းရုံးမှုဆိုတာလည်း သူ့စည်းနဲ့သူရှိတယ်။ သိမ်းလို့ရသမျှဒေသကလူတွေ
အနေနဲ့ မိမိတို့သစ္စာခံထားတဲ့ ဘုရင်ရဲ့စောင့်ရှောက်မှုကိုအပြည့်အဝ မျှော်လင့်လို့ရတယ်ဆိုတာ လူတွေကိုသိ
နားလည်စေတာလည်းဖြစ်ပါတယ်။
တကယ်တော့ အနော်ရထာတစ်ယောက်တည်း တော်လို့ ကိုယ်ပိုင်ဇာတိ ၊ ကိုယ်ပိုင်အစဉ်အလာဆိုတာ ဖြစ်
မလာပါဘူး။ သူ့အရင့်အရင်က မြန်မာနိုင်ငံရယ်လို့ဖြစ်လာမယ့် ဒေသတွင်းမှာ မှီတင်းနေထိုင်ခဲ့ကြတဲ့ မင်းများ ၊
နိုင်ငံသူနိုင်ငံသားများရဲ့ သတ္တိ ၊ ဇွဲ ၊ တည်ကြည်ဖြောင့်မတ်မှု တို့ကြောင့် ပဲဖြစ်ပါတယ်။
အဲ့ဒီထဲကမှ အနော်ရထာကတော့ ရှေ့တစ်လှမ်းတိုးခဲ့သူပဲဖြစ်ပါတယ်။ သူဟာ အကွဲကွဲအပြားပြားဖြစ်နေ
တဲ့ နယ်တွေ ၊ ဒေသတွေ ၊ လူမျိုးစုတွေကို နည်းဗျူဟာမျိုးစုံသုံးပြီး စုစည်းကာ နိုင်ငံလို့ခေါ်နိုင်တဲ့ အင်အားတစ်
ရပ်ကို တည်ထောင်နိုင်ခဲ့ပါတယ်။ အကယ်၍ ၁၁ ရာစုမှာဂံထီးနန်းမှာနန်းတက်တဲ့ အနော်ရထာ သာနိုင်ငံတော်
တစ်ရပ်မတည်ထောင်နိုင်ခဲ့ရင် ယနေ့မိမိတို့မြန်မာနိုင်ငံ ပိုင်နက်အတွင်း နေထိုင်နေကြသော နိုင်ငံသား ဟူသော
ဝေါဟာရဖြစ်လာဖွယ်ရာအကြောင်းမရှိချေ။ အဘယ့်ကြောင့်ဆိုသော် ကာဒ်လူမျိုး တွေနဲ့ ကာ့ကေးရှပ် နိုင်ငံ
ဉပမာကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါသည်။ နှစ်ပေါင်း နှစ်ထောင်နီးပါး ကြာခဲ့ပြီးမှခိုင်မာ၍ အင်အား တောင့်တင်း
သောနိုင်ငံတစ်ခုမတည်ထောင်နိုင်ခဲ့သောကြောင့် ၎င်းတို့မွေးဖွားရာ ဒေသ ၊ ဆွေစဉ်မျိူးဆက် အခြေချခဲ့ရာဒေသ
မှာဒုတိယတန်းစားနိုင်ငံသားများဖြစ်သွားခဲ့ရသော တစ်နည်းအားဖြင့် နိုင်ငံမဲ့လူတန်းစားဖြစ်သွားခဲ့ရသော
ပါလက်စတိုင်း လူမျိုးများအကြောင်းကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ကို ခိုင်မာပြီးသမိုင်းအစဉ်အလာကြီးမား
သော နိုင်ငံပိုင်နက်တစ်ခုတည်ထောင်ပေးခဲ့သော အနော်ရထာ ဘုရင်ကို ကျေးဇူးတင်ရမည်ဖြစ်သည်။
(ခ)မပြည့်စုံမှုကိုတိုက်ခိုက်ခြင်း ( ပြည့်စုံမှုကို ဖန်တီးတည်ဆောက်ခြင်း )
အနော်ရထာမင်းဟာ စစ်ရေးစည်းရုံးမှု ပြုတယ်လို့ဆိုကတည်းက လူတွေနေကြတဲ့ဒေသတွေကိုသိမ်းသွင်း
ခဲ့တာပဲ။ အဲ့ဒီ့လူတွေကိုသူက လုံခြုံရေးသာမက စားဝတ်နေရေးကအစ အစစအရာရာတာဝန်ယူရမှာဖြစ်တယ်။
ဒီတော့အဲ့ဒီခေတ်အခာက အဓီကစီးပွားရေးလုပ်းငန်းဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းကိုတိုးချဲ့ရပါတော့တယ်။
ဒီတော့ စိုက်ပျိုးမြေတွေတိုးချဲ့ဖို့ဆိုရင် ရေအရင်းအမြစ်လုံလောက်စွာရရှိဖို့က အလွန်အရေးကြီးပါတယ်။ ဒါ
ကြောင့်ဆည်မြောင်း ၊ ကန် ၊ ချောင်းတွေကို ဆည်ဖို့ရတော့တာပေါ့။ ဆည်မြောင်း ကန်ချောင်းဆည်ဖို့ခြင်းဟာ
တကယ်တော့ စစ်ရေးစည်းရုံးမှုပြုခြင်းရဲ့နောက်ကွယ်ကဆက်စပ်နေတဲ့အကျိုးအကြောင်းတစ်ခုပဲဖြစ်ပါတယ်။
တစ်ခုကြောင့်နောက်တစ်ခုကိုဆောင်ရွက်ရတာဖြစ်ပါတယ်။
ပြီးတော့သတိထားရမယ့်အချက်က တစ်ခုသတိထားရမယ့်အချက်က တစ်ခုအပြီးသတ်မှာ နောက်တစ်ခု
ဆောင်ရွက်ရတာ မဟုတ်ပါဘူး။ အကြောင်းသင့်သလိုဆောင်ရွက်ရတာဖြစ်ပါတယ်။ နယ်ပယ်ချဲ့ထွင်တဲ့အခါမှာ
လည်း လျှပ်တပျက် ဝင်တိုက် ၊ ဖျက်ဆီး ၊ ပြန်ဆုတ်တာမျိုးမဟုတ်ပါဘူး။ တစ်နေရာမှာဗိုလ်ဝင်ခံတော့မယ်ဆို
ရင် ရက်ရှည်လများစခန်းချကြရပါတယ်။ အဲ့ဒီလိုစခန်းချတဲ့နေရာမှာလည်း အစကတည်းက အရပ်အနေသင့်တဲ့
အရေးကြီးတဲ့နေရာများဖြစ်ကြပါတယ်။ အဲ့ဒီ့လို အရေးကြီးတဲ့ ဒေသတွေကို အနော်ရထာ နှင့် အပေါင်းအပါတွေ
လက်ရုံးရည် နှလုံးရည်နှင့်ပြည့်စုံတဲ့ သူရဲကောင်းတွေက ဆည်ဆောက်ဖို့ ၊ ရေလှောင်ဖို့ ၊ ကန်ဆည်ဖို့ အစရှိ
သဖြင့် တွေးကြ တစ်ဦးနဲ့တစ်ဦး ဆွေးနွေးကြရင်း လုပ်ငန်းကို အကောင်အထည်ဖော်မိကြတာလည်းဖြစ်နိုင်ပါ
တယ်။
အရေးကြီးတာကတော့ ဆည်မြောင်းကန်ချောင်း ဆည်ဖို့ဆောက်လုပ်တော်မူတယ်ဆိုတာ တစ်ဦးတည်းနဲ့
ဆောင်ရွက်လို့မရဘူး။ အသိပညာရှင် အတတ်ပညာရှင်တွေလိုအပ်တယ်။ ပြီးတော့ ဒါတွေက အနော်ရထာ
လက်ထပ်မှာ ရုတ်ချည်းထပြီး တတ်ကျွမ်း ၊ ရုတ်ချည်းထပြီး ဆောင်ရွက်တဲ့ကိစ္စ မဟုတ်ပါဘူး။ အရင့်အရင့်ပျူလူ
မျိုးတို့လက်ထပ်ကတည်းက ရှိပြီးသား ၊ အသုံးချထားပြီးသား အတတ်ပညာ ဖြစ်ပါတယ်။ ပြီးတော့ စစ်ရေးစည်း
ရုံးမှု ကိုပြီးအောင်ပြုလုပ်ပြီးမှ ဆည်မြောင်းကန်ချောင်း ဆည်ဖို့ဆောက်လုပ်တာမဟုတ်ပါဘူး။ လုပ်ငန်းများကို
အလျဉ်းသင့်သလိုဆောင်ရွက်ရင်းနောက်တစ်ခုကိုလည်းဆောင်ရွက်သွားတာပါပဲ။
အနော်ရထာဟာ ၃၃ နှစ်ကြာအောင် နန်းစံနိုင်တယ်ဆိုတာ မသိနားမလည်ခြင်း ဆိုတဲ့ ရန်သူကို ကောင်းစွာ
နှိမ်နှင်းထားနိုင်လို့ပဲဖြစ်ပါတယ်။ ဒီတော့ အနော်ရထာရဲ့ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းတွေမှာ သူ့ကိုအာခံတွေ
ကို နှိမ်နှင်းတိုက်ခိုက်ခဲ့သလို မပြည့်စုံခြင်း ၊ ဆင်းရဲမွဲတေခြင်းတို့ကိုလည်း ပပျောက်အောင်စစ်ဆင်တိုက်ခိုက်ခဲ့
တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ လူငယ်များအနေနဲ့ သတိထားရမှာတစ်ခုက ဘယ်သူတွေဘာလုပ်ခဲ့သလဲ ၊
လုပ်သင့်လား ၊ မလုပ်သင့်ဘူးလား ၊ လုပ်တဲ့အခါမှာလည်း နည်းစနစ်က ဘယ်လိုလဲ စတာတွေကိုလေ့လာပြီး
သင်ခန်းစာယူသင့်ပါတယ်။
(ဂ)အယူမသန့်စင်ပဲအရောအရောအနှောအနှောဖြစ်နေမှုကိုတိုက်ဖျက်၍အယူသန့်စင်စေခြင်း
နိုင်ငံတကာမှာ သူတို့နိုင်ငံရဲ့ စည်းလုံးမှု ကျစ်လစ်ခိုင်မာရေးအတွက် ဆောင်ရွက်တဲ့အခါ ဘာသာရေးကို
အခြေခံပြီးဆောင်ရွက်ခဲ့ကြတာကို သမိုင်ကြောင်းတစ်လျှောက်တွေ့ရမှာပါ။ ရှေးခေတ်ကတည်းက အခုခေတ်ထိ
အယူဝါဒ နဲ့စပ်လျင်းလို့ လေးလေးနက်နက်ဆောင်ရွက်ခြင်းဟာ နိုင်ငံတကာမှာ ပြုလုပ်လေ့ရှိတဲ့ စည်းရုံးရေး
တစ်ခုပဲဖြစ်ပါတယ်။
ဒီနေရာမှာတစ်ခုတော့ ပြောချင်ပါတယ်။ ဘယ်အရာမဆို အစွန်းရောက်တာတော့ မကောင်းပါဘူး။ တစ်ချို့
သောနိုင်ငံတွေမှာ ပြင်းထန်တဲ့ အယူဝါဒကို လက်စွဲပြီးမိမိနဲ့ ဘာသာမတူသူများကို အပြီးသတ်ဖျက်ဆီးဖို့ကြိုးစား
တာတွေကြောင့် မလိုလားအပ်တဲ့ ပြည်တွင်းစစ်ပွဲတွေ ၊ သွေးချောင်းစီးတဲ့ ဘာသာရေးစစ်ပွဲတွေ ဖြစ်ပွားခဲ့ပါ
တယ်။ တစ်ချို့နိုင်ငံတွေမှာကျတော့လည်း လက်ရှိပြောင်းလဲတိုးတက်နေတဲ့ ကမ္ဘာကြီးနဲ့ အလိုက်အထိုက်
မဟုတ်ပဲ လောကကြီးနဲ့ ဆန့်ကျင်ဖက်သွားနေလေတော့ အဲ့ဒီ့ဝါဒ ကိုလက်ကိုင်ပြုပြီး နိုင်ငံကိုဦးဆောင်နေတဲ့
ခေါင်းဆောင်တွေလက်ထပ်မှာနိုင်ငံတစ်ခုဟာ ကျစ်လစ်ခိုင်မာလာရမယ့်အစားပြိုကွဲသွားရတာကပိုများပါတယ်။
အနော်ရထာကတော့သူနန်းတက်ပြီး ၁၀ နှစ်လောက်ထိ ရှိနေတဲ့ အယူဝါဒကို သူမနှစ်သက်ပေမဲ့ မတော်လှန်
နိုင်ပဲ နေနေခဲ့ရပါတယ်။ပျူခေတ်တည်းက တောင်ပိုင်းသာသနာနဲ့ မြောက်ပိုင်းသာသနာထွန်းကားပြီးသာဖြစ်
တယ်လို့ဆိုနိုင်ပါတယ်။ခေတ်အဆက်ဆက်ပျက်လိုက်ကြ ၊ ပြောင်းလိုက်ကြနဲ့ လူတွေမှာ အထာမကျလေလေ
ကိုးကွယ်ယုံကြည်မှုဆိုင်ရာအယူဝါဒ များထွေပြားလာလေလေဖြစ်ပါတယ်။ လူဆိုတာကိုယ်ကြိုက်တာကိုယ်ကိုး
ကွယ်တဲ့သဘာဝမို့ ဘယ်သူ့ရဲ့ကိုးကွယ်ယုံကြည်မှုက အစစ်အမှန်လို့ တစ်ထစ်ချပြောလို့မရပါဘူး။ မိမိသတ်မှတ်
ထားတဲ့စံနဲ့ညီမညီဆိုတာကပဲအဓိကဖြစ်ပါတယ်။ ဒါပေမယ့်နိုင်ငံကိုအုပ်ချုပ်တဲ့ခေါင်းဆောင်တွေကတော့အဆိုး
အကောင်းကို ခွဲခြားတတ်ရမှာပဲဖြစ်ပါတယ်။
အနော်ရထာထီးနန်းတက်တက်ပြီးနောက် တည်ရှိနေတဲ့ အယူဝါဒများဟာ အရောရောအထွေးထွေးဖြစ်နေပါ
တယ်။ အနော်ရထာဟာဘယ်ဟာအမှန်ဘယ်ဟာအမှား ဝေခွဲမရဖြစ်နေချိန် မှာပဲ အနော်ရထာမင်းစိုးစံရာ
တမ္ပဒီပကို သုဝဏ္ဏဘူမိကအရှင်မြတ်တစ်ပါးကြွချီလာပါတယ်။ အဲ့ဒီ့အရှင်မြတ်ကနတော့ အားလုံးသိထားပြီး
ဖြစ်တဲ့ " ရှင်အရဟံ " ပဲဖြစ်ပါတယ်။ အနော်ရထာမင်းဟာထီးနန်းကိုရရှိပြီး ၁၀ နှစ်လောက်ကြာသည့်တိုင်
လောကီရေးရာကိစ္စများနဲ့ အရောရောအနှောနှောရှိနေတဲ့ အာရုံအမျိုးမျိုးမှာ ပျော်မွေ့နေသော အရည်းကြီးကိုး
ကွယ်နေရာမှ အာပတ်ခုနှစ်ပုံကိုလုံခြုံစွာစောင့်ထိန်းတတ်တဲ့ ပါတိမောက္ခဝရသီလ ၊ ဣန္ဒြေခြောက်ပါးကို တား
မြစ်ပိတ်ပင်ကြောင်းဖြစ်တဲ့ ဣန္ဒြေယသံဝရသီလ စတဲ့ သီလတော်များနဲ့ ပြည့်စုံတော်မူတဲ့ ရဟန်းမြတ်ရှင်အရဟံ
ကို ဖူးတွေ့လိုက်ရတာနဲ့ ကွာခြားချက်ကိုသိရှိပြီးဖြစ်မှာပါ။ အနော်ရထာဟာ သူတစ်ပါးထက် ပညာရှိသူ ၊ သူတစ်
ပါးထက် အကင်းပါးသူဖြစ်တာကြောင့် သူများထက်ထူးချွန်တဲ့ အလုပ်ကိုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ့တော့
သူယုံကြည်ကိုးကွယ်ချင်တဲ့သူဟာ ဒီလိုပုဂ္ဂိုလ်မျိုးဖြစ်မယ်လို့ မြင်တာနဲ့ချက်ချင်းသိနိုင်ပါလိမ့်မယ်။
ရှင်အရဟံနဲ့ အနော်ရထာတို့ တွေ့ဆုံကြတဲ့အကြောင်းကိုရာဇဝင်တွေမှာဖော်ပြထားကြတာစိတ်ဝင်စားစရာ
ပါပဲ။ ရှင်အရဟံကို အသွင်ထူးတယ်ဆိုပြီးတော့ တောထဲက မုဆိုးတစ်ယောက်က ပုဂံနန်းတော်ကိုခေါ်ဆောင်
လာပါတယ်။ ( မုဆိုးဟာအဲ့ဒီချိန်တုန်းက ဗုဒ္ဓဘာသာ လည်းမဟုတ် ၊ ရှင်အရဟံရဲ့ သူတော်ကောင်းသွင်ပြင်တွေ
ကိုလည်း နားမလည်တာကြောင့် သူ့အနေနဲ့ ခေါ်ဆောင်လာတယ်လို့ပဲပြောရမှာပါ )။ အရှင်မြတ်ကိုအနော်ရထာ
မြင်တဲ့အခါမှာ အသွင်ထူး ၊အသိထူး တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ သိရှိပါတယ်။ အနော်ရထာဟာအရပ်ရပ်
နေပြည်တော်ကိုရောက်ဖူးသူဖြစ်ပါတယ်။ ဒါ့ကြောင့် တောင်ပိုင်းရဟန်းတော်တွေကို မြင်ဖူးမှာပါ။ မမြင်ဖူးရင်
တောင်ကြားဖူးမှာပါ။ ရှင်အရဟံရဲ့ ရုံထားတဲ့သင်္ဃန်း ၊လွယ်ထားတဲ့ပရိက္ခရာ တွေသာမက ဣန္ဒြေအားဖြင့်လည်း
ထူးခြားနေမှာအမှန်ပါပဲ။ အနော်ရထာမင်းဟာ ကိုယ်တိုင်က အကောင်းအဆိုးကိုခွဲခြားသိနိုင်တဲ့သူဖြစ်ပါတယ်။
ရှင်အရဟံကိုလည်း မြင့်မြတ်တဲ့ ပုဂ္ဂိုလ်လို့သိပုံပေါ်ပါတယ်။ ပြီးတော့ အရှင်မြတ်ကိုသင့်တော်တဲ့နေရာမှာ
သီတင်းသုံးဖို့ လျှောက်ထားလိုက်ပါတယ်။အဲ့ဒီအခါမှာရှင်အရဟံဟာ ရာဇပလ္လင်ပေါ်ကိုတက်ပြီး သီတင်းသုံး
တော်မူပါတယ်။ ဒါကိုမြင်တဲ့အနော်ရထာဟာ ပြားပြားဝပ်အောင်ရှိခိုးခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီချိန်ကစပြီး
အနော်ရထာနဲ့ အရှင်မြတ်တို့ဟာဆရာ ၊ ဒကာ ဖြစ်သွားပြီးတော့ သာသနာတော်ထဲမှာ မသန့်မစင်ဖြစ်နေတဲ့အမှု
တွေကို ပပျောက်အောင် ပူးပေါင်းကြိုးစားခဲ့ကြပါတယ်။
အယူဝါဒမသန့်စင်တဲ့ အရည်းကြီးတွေကိုလည်း နယ်နှင်ဒဏ်ပေးခဲ့ပါတယ်။ အနော်ရထာက အရည်းကြီးတွေ
ကိုသူ့ရဲ့တပ်တွေချီတက်ရာနောက်မှာ ဆင်ချေးကျုံး ၊ မြင်းချေးကျုံး အဖြစ်လုပ်ကိုင်စေခဲ့တယ်လို့သိရှိရပါတယ်။
အနော်ရထာဟာ သထုံက ပိဋကတ်တော်များကိုတော်များကိုတောင်းခံရာ သထုံဘုရင် မနူဟာက မချေမငံ
ပြန်ကြားတာကြောင့် သွားရောက်တိုက်ခိုက်ကာ ပိဋကတ်တော်များကို ပုဂံသို့ ပင့်ဆောင်လာကာ ပရိယတ္တိ
သာသနာတော်ကို ပွင့်လင်းစေခဲ့ပါတယ်။
အနော်ရထာဟာ နိုင်ငံတော်ကိုစစ်ရေးအရသာ စည်းရုံးတည်ထောင် ခဲ့တာမဟုတ်ပါဘူး။ နိုင်ငံတော်အတွင်း
နေထိုင်ကြတဲ့ နိုင်ငံသားများရဲ့ စားဝတ်နေရေးကိုပါ ဖူလုံအောင်ဆောင်ရွက်ပေးခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။
ဒါပေမယ့်သူဆောင်ရွက်ခဲ့တာက သူ့လက်ထပ်မှာ ထွန်းကားလာတဲ့အတတ်ပညာတွေမဟုတ်ပါဘူး။ ပျူခေတ်
တည်းကထွန်းကားခဲ့တဲ့ အတတ်ပညာတွေပဲ ဖြစ်ပါတယ်။
အရေးကြီးဆောင်ရွက်ချက်တစ်ခုကတော့ သာသနာတော်ကိုသန့်စင် ခဲ့တာဖြစ်ပါတယ်။ သာသနာအမျိုးမျိုး
ရှိခဲ့တာမှာ ကိုယ်ယုံကြည်တာကို လက်ခံတာကတော့ အပြစ်ပြောစရာမရှိပါဘူး။ ဒါပေမယ့်သာသနာတော်တစ်
မျိုးမှာ နောက်ထပ်သာသနာတော်တစ်ခု ရောယှက်ပြီးမသန့်မစင်ဖြစ်နေတာကိုတော့ သန့်စင်ပါတယ် ၊ ကောင်း
ပါတယ်လို့ လက်ခံထားရင်တော့ လက်ခံနေတဲ့သူတွေအတွက်များစွာနစ်နာ မှာပဲဖြစ်ပါတယ်။ ဒါကို ခွဲခြားသိမြင်
အောင်လုပ်ပေးခဲ့တဲ့ အနော်ရထာမင်း ဟာ အာဇာနည်တစ်ယောက်ဆိုလည်းမမှားပါဘူး။
စစ်ဘုရင်အနော်ရထာဟာ သူ့ရဲ့လုပ်ငန်းများမပြီးခင်မှာပဲ ကျဆုံးသွားခဲ့ပါတယ်။ အောင်သာ အရပ်မှာ မငြိမ်
မသက်ဖြစ်နေလို့သတင်းကြားရာ ကိုယ်တိုင်နှိမ်နှင်းဖို့ချီတက်လာပါတယ်။ ရာဇဝင်များမှာဆိုထားတာက ကျွဲခတ်
လို့နတ်ရွားစံတယ် အလောင်းတော်ပင်မရလိုက်ဖူးလို့ပြောကြပါတယ်။
အနော်ရထာဟာ ပထမမြန်မာနိုင်ငံ ကိုတည်ထောင်တဲ့လုပ်ငန်းမှာ မစုစည်းပဲ တစ်စင်ထောင်လိုသူများ ၊
ဆင်းရဲမွဲတေမှု ပြဿနာများ ၊ ဘာသာရေးပြဿနာများကို အကြိမ်ကြိမ် အလီလီ တိုက်ခိုက်ခဲ့ရပါတယ်။
ဒါပေမယ့် နောက်ဆုံးမှာတော့ သူကိုယ်တိုင်အသက်အသေခံခဲ့ရပါတယ်။ ဘယ်သူမဆို တစ်နေ့နေ့တစ်ချိန်ချိန်
တော့ သေရမှာပဲဖြစ်ပါတယ်။ နန်းစံသက် ၃၃ နှစ်အတွင်းမှာ နိုင်ငံတော်ကို အဘက်ဘက်က ကျစ်လစ်အောင် ၊
နိုင်ငံတော်ရဲ့စီးပွားရေးကိုဖွံ့ဖြိုးတိုးတက်အောင် ၊ ခိုင်မာတဲ့သမိုင်းကြောင်းယဉ်ကျေးမှုတစ်ခုကိုမျိုးစေ့ချပေးခဲ့
တာတွေကြောင့် လုပ်ဆောင်ချက်ကောင်းသော ၊ နာမည်ကောင်းသော မင်းတစ်ပါးလို့ပြောရင်းနိဂုံးချုပ်လိုက်ရ
ပါတယ်။
Crd., ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)
ကလျာမဂ္ဂဇင်း ၊ အမှတ် ၁၄၃ ၊ ၁၉၉၇ ခုနှစ် ၊ ဇန်နဝါရီလ ။
Photos from internet .
Thank for watching.
nice
ReplyDeleteThanks
Delete