Skip to main content

ဦးစိန်လွင်

 

ဦးစိန်လွင်၏ကိုယ်ရေးဖြစ်စဉ်




·       အမည် - ဦးစိန်လွင်

·       လူမျိုး - ဗမာ/ဗုဒ္ဓ

·       မွေးသက္ကရာဇ် - ၂၂-၁-၁၉၂၄

·       မွေးသက္ကရာဇ် - ကော့ကရင်ကျေးရွာ ပေါင်မြို့နယ် မွန်ပြည်နယ်

·       ပညာအရည်အချင်း - အခြေခံပညာအထက်တန်းအဆင့်

·       ယခင်အလုပ်အကိုင် - ဗိုလ်မှူးချုပ်ငြိမ်း

·       ဇနီးအမည် - ဒေါ်ကျော့ကျော့စန်

·                       - ဒေါ်ရွှေတင်

·       သားသမီး - ၈ဦး

·       နေရပ်လိပ်စာ - အမှတ် (၁၆) ကန်ရိပ်သာလမ်း (၁၀) ရပ်ကွက် မရမ်းကုန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး

ကိုယ်ရေးဖြစ်စဉ်အကျဉ်း

          ဦးစိန်လွင်ကို ၁၉၂၄ ခုနှစ် ဇန်နဝါရီ လ၂၂ ရက်တွင် ဦးရွှေရင်နှင့် ဒေါ်မာကြီးတို့မှ ဖွားမြင်သည်။ မော်လမြိုင်မြို့တွင် အလယ်တန်းပြကျောင်းဆရာအဖြစ်အောင်လတ်မှတ်ရသည်အထိ ပညာသင်ကြားခဲ့ပြီး ၁၉၄၂ တွင် ဗမာ့လွတ်လပ်ရေး တပ်မတော်၌ဝင် ရောက် အမှုထမ်းခဲ့သည်။ ထို့နောက် ၁၉၄၃တွင် ဖွင့်လှစ်သော မင်္ဂလာဒုံတတိယပတ်ဗိုလ်သင်တန်းသို့ တက်ရောက်အောင်မြင်ခဲ့သည်။ ၁၉၄၅ တွင် ဖက်စစ်တော်လှန်ရေး တွင် မြစ်ဝကျွန်းပေါ်ဒေသရှိ တိုင်း(၂) တပ်ရင်း(၈၃) ၌ တပ်ခွဲမှူးအဖြစ်ပါဝင်ဆင်နွဲခဲ့ပါသည်။ ထို့နောက်မျိုးချစ်တပ်မတော်တွင်တပ်များဖျက်သိမ်းသည်အထိ တာဝန်ထမ်းဆောင်ခဲ့ သည်။ ကန္ဒီစာချုပ်အရ ဗမာ့တပ်မတော် ပြန်လည်ဖွဲ့စည်းရာတွင် ဒုတိယဗိုလ်မှူးကြီး နေဝင်းဦးဆောင်သော အမှတ်(၄) သေနတ် ကိုင်တပ်ရင်းသို့ တပ်သားအဖြစ်ပြန်လည်ဝင်ရောက်အမှုထမ်းခဲ့သည်။ ၁၉၄၈ တွင်ပြန်တမ်းဝင် အရာရှိအဖြစ်ပြန်လည်ခန့်အပ် ခြင်းခံရပြီး တနင်္သာရီတိုင်းမင်းကြီး၏ အပါးတော်မြဲအဖြစ် ပြည်ထဲရေးဌာနသို့တွဲဖက်တာဝန်ချထားခြင်းခံရပါသည်။ ၁၉၄၈ တွင် ထားဝယ်စစ်ဝန်ထမ်းတပ်ရင်း၌ တပ်ရင်းမှူး၊ ၁၉၅၀ တွင် အမှတ်(၃) ခြေလျင်တပ်ရင်း၌တပ်ခွဲမှူး၊ ၁၉၅၁ တွင် လကရ(၁)၌ တပ်ခွဲမှူး၊ ၁၉၅၂-၁၉၅၃ တွင် တပ်ထိန်းဌာနခွဲ (၂) ၌တပ်မှူး၊ ၁၉၅၃-၁၉၅၄ ခုနှစ်တွင် ချင်းသေနတ်ကိုင်တပ်ရင်း နှင့်လကရ (၁) တို့၌ ဒုတိယတပ်ရင်းမှူး၊၁၉၅၇ တွင်အမှတ် (၄) သေနတ်ကိုင်တပ်ရင်း၌ တပ်ရင်းမှူး၊ ၁၉၆၂ မတ်လတွင် တော်လှန်ရေးကောင်စီ ကနိုင်ငံတော်အာဏာကိုသိမ်းယူကာ အမှတ် (၄) သေနတ်ကိုင်တပ်ရင်းကိုဦးဆောင်၍ ပါဝင်ခဲ့သည်။ အမှုထမ်းဆောင်စဉ် ကရင် ပြည်နယ်တွင် စောဘဦးကို အသေဖမ်းဆီးနိုင်ခဲ့သလို ၁၉၆၂ ဇူလိုင် ၇ ရက်( ဇူလိုင်၇) အရေးခင်းတွင်လည်း အရေးခင်းဖြိုခွင်း သူတစ်ဦးဖြစ်သည်။ ထို့နောက်ပြည်ထဲရေးဝန်ကြီးဌာန တရားရေးဌာနတို့တွင် အတွင်းဝန်အဖြစ်လုပ်ကိုင်ခဲ့ပါသည်။ ၁၉၆၅ မှ ၁၉၆၉ ထိ အနောက်တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ၁၉၆၉ မှ ၁၉၇၀ ထိ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၌ ဗျူဟာမှူး၊ ၁၉၇၀ မှ ၁၉၇၂ ထိတိုင်းကြီးကြပ်ရေးကော်မတီဥက္ကဌ၊ ၁၉၇၂ မှ ၁၉၇၄ ထိလွှတ်တော် တွင် မန္တလေးအနောက်မြောက်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အဆိုပါနှစ်၌ပင် သမဝါယမ ဝန်ကြီး၊ ၁၉၇၅ တွင် ပို့ဆောင်ရေးဝန်ကြီး၊ ၁၉၇၇ တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးစသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ထို့ပြင်ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်များပြဌာန်းရေးဆိုင်ရာ ကော်မရှင်ဥက္ကဌ အဖြစ်တာဝန်ယူ၍ သာသနာတော်နှင့် မြို့ပြဘက် ဆိုင်ရာပုဂ္ဂများအားဘွဲ့တံဆိပ်များ ပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။ ၁၉၇၈ တွင်ပြည်ထဲရေးနှင့် သာသနာ‌ရေးဝန်ကြီး အဖြစ်ထမ်းဆောင်ခဲ့ရာ ဂိုဏ်ပေါင်းစုံ ညီညွတ်ရေးအထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ဓမ္မရက္ခိတ ကုန်းတော်ပေါ်၌ မဟာဝိဇယ စေတီတော် တည်ထားနိုင်ရန် ဗဟိုအဖွဲ့ နာယကအဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၇၈ တွင် ရခိုင်ပြည်နယ်၌ ဘင်္ဂါလီများတရား မဝင် ဝင်ရောက်နေထိုင်မှုကို ‘နဂါးမင်းစစ်ဆင်ရေး’ ပြုလုပ်၍ တားဆီးဆောင်ရွက်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် မြန်မာအဖွဲ့ကို ဦးဆောင်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား အခြေခံစည်းမျဉ်းသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည်။ ၁၉၈၁ တွင် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်၌ မော်လမြိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ နိုင်ငံတော်ကောင်စီဝင်အဖြစ်ရွေးကောက် ခံရပြီး ၁၉၈၅ တွင်နိုင်ငံတော်ကောင်စီအတွင်းရေးမှူးအဖြစ် ရွေးချယ်ခံရသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတွင် ၁၉၇၁ ပထမဆုံးအကြိမ်မှ တတိယအကြိမ် ညီလာခံထိ ပါတီလုပ်ငန်းစီစစ်ရေးကော်မတီဝင်၊ ၁၉၇၇ အရေးပေါ်ပါတီတွင် ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီဝင် နှင့် ၁၉၈၃ ဇူလိုင် ၂၁ ရက်မှစ၍ တွဲဖက်ထွေထွေအတွင်းရေးမှူးတာဝန်များကိုထမ်းဆောင်ခဲ့ သည်။ ၁၉၈၈ တွင်နိုင်ငံတော်တွင်းမငြိမ်မသက်ဖြစ်ခဲ့ရာ သမ္မတ ဦးစန်းယု အနားယူခဲ့သဖြင့် ၁၉၈၈ ဇူလိုင် ၂၆ တွင်မြန်မာ့ဆို ရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌ နှင့် ဇူလိုင်တွင် ၂၇ ရက်တွင် နိုင်ငံတော်ကောင်စီဥက္ကဌ နှင့်နိုင်ငံတော်သမ္မတ တာဝန်းများ အဆင့် ဆင့်ထမ်းဆောင်ခဲ့သည်။ ဦးစိန်လွင်သည် ရှစ်လေးလုံဒီမိုကရေစီ အရေးတော်ပုံကြီး၏ အပြင်းထန်ဆုံးကာလ ပွဲထွက်ခွင့်ရသည့် သမ္မတတစ်ဦးလည်ဖြစ်သည်။ ၁၉၈၈ ဩဂုတ် ၁၂ တွင် နိုင်ငံရေးအခြေအနေကြောင့်အနားမယူခင်ထိ စီးပွားရေးမူဝါဒများ ပြောင်းလဲခြင်း၊ ကန့်သတ်ခွင့်ရှိသော ပုဂ္ဂလိကလုပ်ကိုင်ခွင့်ဥပဒေကို ရုပ်သိမ်းခြင်းနှင့် ဝန်ထမ်းလစာတိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ၁၉၅၀ တွင် ကေအန်ယူစစ်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ ၏သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့် ခံခဲ့ရသည်။ ၁၉၈၈ ဇူလိုင်လ ၂၇ မှ ၁၉၈၈ ဩဂုတ်လ ၁၂ ရက်ထိ သမ္မတ သက်တမ်း (၁၇)သာထမ်းဆောင်ခွင့်ရခဲ့သော ဆဌမ မြောက်သမ္မတလည်းဖြစ်သည်။ ၂၀၀၄ ဧပြီ ၉ ရက်တွင် အသက် (၈၀) အရွယ်၌ ကွယ်လွန်သည်။   


English Version is following......


 U Sein Lwin's Personal Process






·       Name: U Sein Lwin


·       People: Burmese/Buddhist


·       Date: 22-1-1924


·       Date: Montevideo, Kaw Katin Village, Pong Township, Mon State.


·       Education Quality: Higher Education Level


·       Previous Job: Colonel-in-chief


·       Wife Name: Daw Kyaw Kyaw San


·                       - Daw Shwe Tin


·       Children: 8


·       COUNTRY OF ORIGIN: NO. (16) KEN Yaittar Street, (10) Territory,Mayangone Township, YANGON


A Brief Personal Process

     U Sein Lwin was born on January 22, 1924, and he was served as a secondary schoolteacher." He studied and served in the Burmese Liberation Army in 1942, and then graduated from the third week of the Myanglardon course, which was opened in 1943. In 1945, the Fascist Revolution joined 83 commanders in the Delta region, and then served in the Patriotic Army until the dissolution of troops. According to the Candy Contract,durig the regrouping of Burma Army , he returned to the 4th Battalion, led by Lieutenant Commander Nay Win, who was reappointed as a reconstruction officer in 1948 and as the permanent representative of the king of Thininthery. He was assigned to the Interior Department. Commander of the Dawei Military Command in 1948, Commander of the Infantry Command (3) in 1950, 1951 Commander in Lakaya (1), Commander at the Commanding Branch (2) in 1952-1953, 1953-1955 In March 1962, the Revolutionary Council seized power and led the Armed Forces (4).U Sein Lwin was arrested SawBaOoKyi in Kayin province while serving, as well as a criminal Major Crackdown on July 7, 1962. He then worked as secretary to the Ministry of Justice of the Interior.From 1965 to 1969, the second commander of the Southwest Command, the commander of the Eastern Military Headquarters in Lasho, northern Shan State, from 1970 to 1972, the chairman of the Supervisory Committee. From 1972 to 1974, he served as a representative of the People's Congress of the Northwest Mandalay constituency, the same year as the Minister of Cooperation, the Minister of Transport in 1975, and the Minister of Internal and Religious Affairs in 1977.Additionally, he assumed the chairmanship of the Commission on Honorary Degrees and Seals and arranged for him to grant titles to missionaries and urban officials." He served as Minister of Internal and Religious Affairs in 1978 and served as the Central Committee for the establishment of the Great WiZaire Temple on the Sacred Dhama Rakita of Yangon as a symbol of multi-honorary solidarity.In 1978, the 'Dragon Operation' prevented the illegal immigration of Bengali people in Rakhine State. In 1981, he was elected a member of the State Council of the Malamyaing District Constituency (2) in the Fourth People's Congress and was elected Secretary of State in 1985.From the first conference in 1971 to the third conference in the Socialist Way Party, 1977 7 Party Central Executive Committee member at the Emergency Party and Co-ordinator General since July 21, 1983 In 1988, there was turmoil in the Kingdom, and President Sang Yu retired quickly on July 26, 1988. Chairman of the Marshall Road Party and Chairman of the State Council and Presidential Responsibilities on July 27 He served as a ministerial servant. U Sein Lwin was a president who had the opportunity to celebrate the strongest period of eight-month democracy. On August 12, 1988, the political situation led to a change in economic policies and restrictive privacy The hero of the President of the Republic for the KNU operation in 1950 From July 27 to August 12, 1988, President Sein Lwin He was also the sixth president to serve only 17 days, and he died on April 9, 2004, at the age of 80.


Comments

Popular posts from this blog

အနော်ရထာမင်း

   အနော်ရထာမင်း        အနော်ရထာမင်းကတော့ကျွန်တော်တို့သိထားပြီးတဲ့အတိုင်းပထမမြန်မာနိုင်ငံတော်ကြီးကို စတင်တည်ထောင် ခဲ့ပြီးလက်ရုံးရည်ရော နှလုံးရည်ရောပြည့်ဝတဲ့ဘုရင်တစ်ပါးဖြစ်ပါတယ်။ အခုကျွန်တော် ရေးမဲ့စစ်သူကြီးများ စစ်ဘုရင်များဆောင်းပါးမှာဘာကြောင့်ထည့်သွင်းဖော်ပြရလဲဆိုတော့အနော်ရထာမင်းကိုစစ်ဘုရင်လို့ပြောရတာ ကနိုင်ငံတော်ကို စစ်‌‌ရေးနဲ့စည်းရုံးခဲ့သူလို့ ကျွန်တော်တို့အစဉ်တစိုက်လေ့လာခဲ့ရတာကိုအခြေခံပြီးပြောရမှာဖြစ် ပါတယ်။ အဲ့ဒီ့လိုစစ်ရေးအရစည်းရုံးတယ်လို့ ဆိုတဲ့အခါမှာလည်းအရင်ကအမြင်နဲ့ မြင်တာမတူတော့ပါဘူး။  ဒါ့ပြင်သူတို့ တိုက်ခိုက်ခဲ့တဲ့ရန်သူများဟာ သက်ရှိလူသားများသာ မကပါဘူး။ မပြည့်စုံခြင်း(ဆင်းမွဲတေခြင်း) ၊ မသိနားမလည်ခြင်း( အယူမသန့်စင်ခြင်း) ဆိုတဲ့ ချို့ယွင်းချက်များလည်း ပါရှိပါတယ်။       ဆိုတော့ အဲ့တာတွေကိုတစ်ချက်ခြင်းစီ ဆွေးနွေး သွားပါမယ်။  (က)စစ်ရေးစည်းရုံးမှုပြုလုပ်ခြင်း (ခ) မပြည့်စုံမှုကို တိုက်ခိုက်ခြင်း ( ပြည့်စုံမှု ကိုဖန်တီးတည်ဆောက်ခြင်း ) (ဂ) အယူမသန့်စင်ပဲအရောအရောအနှောအနှောဖြစ်နေမှုကိုတိုက်ဖျက်၍အယူသန့်စင်စေခြင်း (က)စစ်ရေးစည်းရ...

စစ်သူကြီးများစစ်ဘုရင်များ ( လဂွန်းအိမ် )

 လဂွန်းအိမ်  သိကြားမင်း ကဲ့သို့စွမ်းသောသူ သူရဲကောင်း လဂွန်းအိမ်        သူရဲကောင်းလဂွမ်းအိမ်ဆိုတာ ရာဇာဓိရာဇ် ဘုရင်လက်ထက်က ဘုရင့်သစ္စာတော်ခံ သူရဲကောင်း စစ်သည် တစ်ဦးလည်းဖြစ်ပါတယ်။ ရာဇာဓိရာဇ် ဘုရင်ဟာ နိုင်ငံတော်ကိုတည်ဆောက်ရာမှာသူ ရဲ့ လက်ရုံးအမတ်ကြီး တွေဖြစ်တဲ့ အမတ်ဒိန် နဲ့ သမိန်သံဗြက်တို့ရဲ့ ကာယအား ၊ ဉာဏအားကိုကောင်းကောင်း ကြီးအသုံးချပြီး တည် ဆောက်သွား တာပါ။ အဲ့ဒီ့ထဲကမှ လဂွန်းအိမ်ဆိုတာက သမိန် သံဗြက်ရဲ့ ကျွန်ရင်းဖြစ်ပါတယ်။ လဂွန်းအိမ်ဆို တာကတော့ ဘွဲ့အမည်နာမတစ်ခုသာ ဖြစ်ပါတယ်။ အမည်ရင်းကတော့ မသံလုံ ပဲဖြစ်ပါတယ်။       ရာဇာဓိရာဇ်နန်းတက်ခါစက အရှေ့ဘက်တစ်လွှားကနယ်တွေကို စစ်ရေးစည်းရုံးမှုပြုရပါတယ်။ သူ့ဘက်ပါ မယ့်သူတွေကို အသာအယာစည်းရုံးပြီး ၊ သူ့ဘက်မပါသူတွေကိုတော့ ပရိယာယ် သုံးပြီးစည်းရုံးပါတယ်။ ပရိယာယ်နဲ့ မှမရရင်တော့ လက်နက်ကိုင်ပြီးတိုက်ကြတာပါ။ အဲ့လို့တိုက်ကြတဲ့အခါ နှစ်ဖက်စစ်မျက်နှာဖွင့်ပြီး တိုက်ကြတာရှိသလို ၊ ခေါင်းဆောင်နှစ်ဦး ရင်ဆိုင်တိုင်ပြီးဖြေရှင်းတာတွေလည်းရှိပါတယ်။ ပြီးတော့သူ့ကိုဆန့် ကျင်ဖက်လုပ်နေတာက‌ခေါင်းဆောင်တစ်ဦးပဲ၊သူ့နောက်လိုက်...