Skip to main content

ဒေါ်နယ်ထရမ့်၏ငယ်ဘဝ နှင့်ပညာရေး


 အပိုင်း (၂) 

     ထရမ့်ကို၁၉၄၆ ခုနှစ် ဇွန်လ ၁၄ရက်နေ့မှာန ယောက်စီးတီအနီးက ကွင်းစ် မြို့က ဂျမိုင်ကာအိမ်ယာမှာမွေးဖွားခဲ့ပါတယ်။ 

မွေးချင်း ၅ယောက်အနက်ယောက်၄ မြောက် ဖြစ်ပါတယ်။ မိခင်ဖြစ်သူက အိမ်ရှင်ကောင်းတစ်ယောက် ဖြစ်ပြီး ဝင်ငွေကိုကောင်းမွန်စွာ

ခန့်ခွဲကာသားသမီး တွေကိုကောင်းကောင်း မွန်မွန် ထိမ်းသိန်းစောင့်ရှောက် ကာ ပရဟိတလုပ်ငန်းများကိုလည်းနိုင်လောက်

လုပ်ကိုင်ခဲ့ပါတယ်။ ထရမ့်ရဲ့မိခင်ကို စကော့တလန်နိုင်ငံ လူးဝစ္စကျွန်းပေါ်က တုန်းမြို့မှာမွေးဖွားခဲ့ပါတယ်။ ပြီးတော့ ၁၉၃၀ 

ခုနှစ်သူမအသက် ၁၈ နှစ်လောက်မှာ အမေရိကန်ပြည်ထောင်စု ကိုပြောင်းရွှေ့အခြေချခဲ့ပါတယ်။ ပြီးတော့အိမ်စေတစ်

ယောက်အနေ နဲ့လေးနှစ်လောက် အလုပ်လုပ်ကိုင်ခဲ့တယ်။ အဲ့ခေတ်တုန်းက အိမ်စေအလုပ်ကို တစ်ရပ်တစ်ကျေးကပြောင်း

လာတဲ့သူတွေပဲ လုပ်ကြတာဖြစ်ပါတယ်။ 

     အဲ့နောက်မှာထရမ့် ရဲ့ဖခင်ဒေါ်နယ်ဖရက်ဒ် နဲ့တွေ့ ပြီး ၁၉၃၆ ခုနှစ်မှာ နှစ်ယောက်သားလက်ထပ်လိုက်ကြတယ်။နောက်

တော့ ဂျာမိုင်ကာကအိမ်ယာ မှာပြောင်းရွှေ့အခြေနေထိုင်ခဲ့ကြတယ်။ နောက်ပိုင်းမှာဖရက်ဒ်ဟာ သူတို့မြို့ရဲ့အောင်မြင်တဲ့ 

အကြီးမားဆုံးအိမ်ခြံ မြေသမားကြီးဖြစ်လာတော့တယ်။ ထရမ့်ရဲ့မိခင်မေရီတော့ ၁၉၄၂ ခုနှစ် မတ်လ ၁၀ ရက်မှာအမေရိကန်

နိုင်ငံသူအဖြစ်ခံယူလိုက်ပါတယ်။ 

  ဒေါ်နယ်ထရမ့် ၁၀ နှစ်သားက



     တကယ်တော့အောင်မြင်တဲ့ အိမ်ခြံမြေလုပ်ငန်းသမားဆိုတာက စီးပွားရေးလုပ်ငန်းတစ်ခုဟုတ်သော်လည်းစီးပွားရေး

မျက်နှာစာအများအပြားရှိရမှာဖြစ်ပါတယ်။  အထူးသဖြင့် မြေကိုဝယ်တယ် ၊ ဒါမှမဟုတ် အငှားစာချုပ်နဲ့ပြန်ငှားတယ်။ 

အဆောက်အဦိးကိုပြန်လည်ပြုပြင်တည်ဆောက်ပါတယ်။ တစ်ခါတစ်ရံ မြေသက်သက် ကိုသာဝယ်ယူပြီး ၎င်းကိုပဲ အနေ

အကောအောင် ပြန်လည်ပြုပြင်ရောင်းချတာတွေလည်းလုပ်တယ်။ အိမ်ခြံမြေလုပ်ငန်းရှင်ဆိုတာက Construction လုပ်

ငန်းသက်သက်ပဲမဟုတ်ပါဘူး။ ဒါမျိုးဒေါ်နယ်ထရမ့်တို့မိသားစုကမလုပ်ပါဘူး။ 

    မြေမှန်သမျှဝယ်ယူပြီး ဆောင်အဆောက်တာမျိုးမဟုတ်ပါဘူး။ ဆောက်လုပ်ရေးသီးသန့်လုပ်ကိုင်တဲ့သူတိုင်းကို အိမ်ခြံမြေ

သမားလို့ခေါ်နိုင်ပါဘူး။ အိမ်ခြံမြေသမားဆိုတာ မြေဒါမှမဟုတ် အဆောက်အဦးကိုဝယ်တယ်။ ပြီးရင်လုပ် ငန်းအတွက် ရင်းနှီး

မြှုပ်နှံတယ်။ ဆိုလိုတာကမြေသက်သက်ဝယ်ပြီး ပြန်လည်ငှားရမ်းတာမျိုးတွေလည်းလုပ်တယ်။ အဲ့ဒီ့အဆောက်အဦးတခုဆောက်လုပ်ဖို့အတွတော့ စွန့်စားမှုတွေပါဝင်လာပါတယ်။ 

     ထရမ့်ရဲ့ဖခင် ဖရက်ဒ်ကိုတော့ ကွင်းစ်ရဲ့ ဝုဒ်ဟက်ဗင်းမှာ မွေးဖွားခဲ့ပါတယ်။ ဖရက်ဒ်ရဲ့မိဘတွေကတော့ ဖရက်ဒရခ် 

ထရမ့်နဲ့ အဲလစ်ဇဘက်ထရမ့်တို့ပဲဖြစ်ပါတယ်။ ဖရက်ဒရဒ်ကတော့အစပိုင်းမှာစားသောက်ဆိုင်ပိုင်ရှင်အဖြစ်လုပ်ကိုင်ခဲ့ပါ

တယ်။

ထရမ့်နှင့်သူမိဘများ  

 

    ဒေါ်နယ်ထရမ့်မှာ နှစ်နှစ်လောက်ငယ်တဲ့ ညီတစ်ယောက်ရှိပါတယ်။ သူ့ကို၁၉၄၈ ခုနှစ်လောက်မှာမွေးပြီး အမည်ကတော့ 

ရောဘတ်ဖြစ်ပါတယ်။ အစ်မနှစ်ယောက်လည်းရှိပြီးအကြီးဆုံးအမက မေရီအန်းဖြစ်ပြီး ဒုတိယအမကအဲလစ်ဖဘတ်ဖြစ်ပါ

တယ်။ အကြီးဆုံးအမ မေရီအန်းဟာ အစိုးရတရားသူကြီးတစ်ယောက်ဖြစ်ပြီး အမေရိကန်တရားရုံး အယူခံဌာနရဲ့ နယ်လှည့်

တရားသူကြီးတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ ထရမ့်ရဲ့နောက်ထပ်အကိုတစ်ယောက်ကတော့ 

ဖရက်ဂျူနီယာ ဖြစ်ပြီး ၁၉၃၈ ခုနှစ်မှာမွေးဖွားခဲ့ကာ ၁၉၈၁ ခုနှစ်မှာ အရက်စွဲရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။

ထရမ့်၏အမကြီး မေရီအန်း


ထရမ့်၏ညီငယ် ရောဘတ်

  

   သူတို့မိသားစုဇာတ်လမ်းမှာ ဇာတ်လမ်း ၂ပုဒ်ရှိခဲ့တယ်။ ဂျမိုင်ကာအိမ်ယာမှာနေတုန်းက မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ အင်

အားကောင်းခဲ့တယ်။ အဲ့ဒီက ကူးဖောရက်ကျောင်းမှာ ထရမ့်ကကျောင်းနေခဲ့ပါတယ်။ အဲ့ဒီ့တုန်းက သူ့အဖေက နယ်မြေစောင့်

ရှောက်ရေးဘုတ်အဖွဲ့မှာအဖွဲ့ဝင်အဖြစ် တာဝန်ပေးခြင်းခံရပါတယ်။ 

     ထရမ့်ရဲ့ အလှည့်အပြောင်းတစ်ခုကဒီလိုပါ။ သူ့အသက် ၁၃ နှစ်မှာ နယူးယောက်တပ်မတော်ကျောင်းသို့တက်ရောက်

လိုက်တာပဲဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ နယူးယောက်တပ်မတော် ကျောင်းက အဆင့်ရှစ်ကို အောင်မြင်ခဲ့ပါတယ်။


အထက်တန်းကျောင်းသား ထရမ့်

     အဲ့ဒီနောက်ဆုံး နှစ်တွေမှာစစ်ရေးပြအခမ်းအနားတွေမှာ ယူဖောင်းအပြည့်အစုံနဲ့ချီတက်ခဲ့တယ်။ အဲ့ဒီ့တုန်းကသူ့အဆင့်

က ကပ္ပတိန်ပဲဖြစ်ပါတယ်။ ၁၀၁၅ ခုနှစ်မှာအထုပ္ပတိရေးသမားတစ်ယောက်ကိုသူအောက်ပါအောက်ပါအတိုင်းပြောခဲ့တယ်။ 

     "နယူးယောက် တပ်မတော်ကျောင်းကသူ့ကို စစ်နဲ့ပတ်သတ်တဲ့လေ့ကျင့်ခန်းတွေအများကြီးပေးခဲ့တာထက် လူငယ် 

အများအပြားကိုတပ်မတော်ထဲဝင်ရောက်စေခဲ့တယ်.."လို့ပြောကြားခဲ့ပါတယ်။ ဆိုလိုတာက လေ့ကျင့်ခန်းသိပ်ပေးပဲ လူငယ်

တွေကိုတပ် မတော်ထဲပိုမိုဝင်ရောက်ဖို့ပဲကြိုးစားခဲ့တာလို့ဆိုလိုချင်ဟန်ရှိပါတယ်။ နောက်ထရမ့်ဟာဖို့ဟမ်းတက္ကသိုလ်ကို 

နှစ်နှစ်အောင်တက်ရောက်ပညာသင်သေးတယ်။ ပြီးတော့စီးပွားရေးနဲ့ကုန်သွယ်ရေးသင်တန်းကျောင်းဝါတန်ကိုဆက်လက်

ဝင်ရောက်ခဲ့တယ်။ ဝါတန်ကနေ ဒီဂရီရခဲ့ပြီးအမေရိကန် တက္ကသိုလ်သင်ကြားမှုဌာနရဲ့ အသိုင်းအဝိုင်းမှာပဲ အိမ်ခြံ‌မြေ 

လုပ်ငန်း တွေဆက်လက်သင်ယူဖို့ အဆိုပြုခြင်းခံရပါတယ်။ 

       အဲ့ဒီ့တောအတွင်းမှာပဲ မိသားစုကုမ္ပဏီမှာပဲ ဆက်လက်အလုပ် လုပ်ကိုင်ခဲ့တယ်။ အဲ့ဒီ့ကုမ္ပဏီက အဲ့လီဇဘဘက် နှင့် 

သားများဆိုတဲ့ နာမည်နဲ့ပဲဖြစ်ပြီး အဖေ့ဘက်ကအဘွားနာမည်ကိုဆက်ခံထားတာဖြစ်ပါတယ်။ ထရမ့်ဟာ ၁၉၆၈ ခုနှစ်မှာ

ဝါတန်တက္ကသိုလ်က စီးပွားရေးပညာသိပ္ပံ ဘွဲ့ကိုရရှိခဲ့ပါတယ်။ 

    ဒေါ်နယ်ထရမ့်ဟာ စစ်မှုမထမ်းနေရ ဥပဒေနဲ့ ဗီယက်နမ် စစ်ပွဲစေလွှတ်ခြင်း မခံခဲ့ရပါဘူး။ အကြောင်းပြချက်ကတော့ 

ကျောင်းသားဖြစ်နေဆဲမို့ ရွှေ့ဆိုင်းပေးလိုက်တာနဲ့ဆေးကုသမှုခံနေရတဲ့အခါနဲ့ တိုက်ဆိုင်နေတာမို့ ‌ရွှေ့ဆိုင်းပေးလိုက်တာ

ဖြစ်ပါတယ်။ ဒါတွေဟာစစ်မှုမထမ်းနေရ စနစ်ကနေ ထီပေါက်သလိုလွတ် မြောက်သွားခဲ့တာဖြစ်ပါတယ်။ အမေရိကန်မှာ 

အဲ့ဒီ့လို စစ်မှုထမ်းဥပဒေကနေကင်းလွတ်ခွ့်တစ်ချို့လည်းရှိပါတယ်။ အမေရိကန်နိုင်ငံသားအမျိုးသား အားလုံးစစ်မှုထမ်းရမှာ

ဖြစ်ပြီး အမေရိကန်နိုင်ငံသားခံယူလိုက်တဲ့တခြားအမျိုးသားများလည်းစစ်မှုထမ်း ရမှာပါ။ 

နယူးယောက်တပ်မတော်ကျောင်းသားထရမ့်


    ဒီနေရာမှာကြီးကြီးမားမားပြဿနာတစ်ဖြစ်နေတာကတော့ဗီယက်နမ်စစ်ပွဲပါပဲ။ ၁၉၆၉ ခုနှစ်မှာ ဗီယက်နမ်စစ်ပွဲကို

စေလွှတ် ဖို့အတွက် စစ်မှုထမ်းအဖြစ် ရွေးချယ်မှုစနစ်တစ်ခုကြေညာခဲ့တယ်။အသက် ၁၈နှစ်မှ ၂၅ နှစ်အတွင်းအမျိုးသား

အားလုံး ဒီဥပဒေနဲ့အကျုံးဝင်နေပါတယ်။ အဲ့ဒါတော့ ၁၉၄၄ မှ ၁၉၅၀ အတွင်းမွေးတဲ့ အမျိုးသားတွေအားလုံးဗီယက်နမ်မှာ

စစ်ပွဲမှာတာဝန်ထဆောင်ရမယ်ဆိုတာပါပဲ။ 

    ကောလိပ်ကျောင်းတက်နေစဉ်မှာပဲ စစ်မှုမထမ်းနေရဥပဒေ ကို‌ရွှေ့ဆိုင်း ခံရတဲ့ကျောင်းသားယောက်ထဲမှာထရမ့်ပါဝင်ခဲ့ပါ

တယ်။ သူဟာစစ်မှုထမ်းဖို့ကျန်းမာရေး ပြကောင်းမွန်တယ်လို့ ယူဆခံရတယ်။ ၁၉၆၆ခုနှစ်မှာဆေးစစ်ပြီးစစ်မှု ထမ်းဖို့

သင့်တော်တယ်လို့ယူဆ ခံရတယ်။ ၁၉၆၈ ခုနှစ်မှာဆေးစစ်အဖွဲ့ကပဲခြုံငုံစစ်ဆေးပြီး စစ်မှုထမ်းဖို့ ကျန်းမာရေးပြည့်စုံကောင်း

မွန်တယ်လို့ဆိုပါတယ်။ဒါပေမယ့် ၁၉၆၈ မှာပဲ ကျန်းရေးပြည့်ကောင်းမွန်မှုမရှိဘူးလို့ သတ်မှတ်ခြင်းခံရပါတယ်။ 

 

 

 

 

(လူကြီးမင်းတို့ရဲ့ထင်မြင်ချက်များကိုလည်း comment box တွင်ဆွေးနွေးသွားနိုင်ပါတယ် ဗျ)

 

     ‌CRD.,ဒေါ်နယ်ထရမ့် အထုပ္ပတ္တိ, Internet.နိုင်ငံရေးလမ်းခရီး

     Photos from Internet .

Thanks for watching.

     Parts (3) will be publish soon.
    


Comments

Popular posts from this blog

အနော်ရထာမင်း

   အနော်ရထာမင်း        အနော်ရထာမင်းကတော့ကျွန်တော်တို့သိထားပြီးတဲ့အတိုင်းပထမမြန်မာနိုင်ငံတော်ကြီးကို စတင်တည်ထောင် ခဲ့ပြီးလက်ရုံးရည်ရော နှလုံးရည်ရောပြည့်ဝတဲ့ဘုရင်တစ်ပါးဖြစ်ပါတယ်။ အခုကျွန်တော် ရေးမဲ့စစ်သူကြီးများ စစ်ဘုရင်များဆောင်းပါးမှာဘာကြောင့်ထည့်သွင်းဖော်ပြရလဲဆိုတော့အနော်ရထာမင်းကိုစစ်ဘုရင်လို့ပြောရတာ ကနိုင်ငံတော်ကို စစ်‌‌ရေးနဲ့စည်းရုံးခဲ့သူလို့ ကျွန်တော်တို့အစဉ်တစိုက်လေ့လာခဲ့ရတာကိုအခြေခံပြီးပြောရမှာဖြစ် ပါတယ်။ အဲ့ဒီ့လိုစစ်ရေးအရစည်းရုံးတယ်လို့ ဆိုတဲ့အခါမှာလည်းအရင်ကအမြင်နဲ့ မြင်တာမတူတော့ပါဘူး။  ဒါ့ပြင်သူတို့ တိုက်ခိုက်ခဲ့တဲ့ရန်သူများဟာ သက်ရှိလူသားများသာ မကပါဘူး။ မပြည့်စုံခြင်း(ဆင်းမွဲတေခြင်း) ၊ မသိနားမလည်ခြင်း( အယူမသန့်စင်ခြင်း) ဆိုတဲ့ ချို့ယွင်းချက်များလည်း ပါရှိပါတယ်။       ဆိုတော့ အဲ့တာတွေကိုတစ်ချက်ခြင်းစီ ဆွေးနွေး သွားပါမယ်။  (က)စစ်ရေးစည်းရုံးမှုပြုလုပ်ခြင်း (ခ) မပြည့်စုံမှုကို တိုက်ခိုက်ခြင်း ( ပြည့်စုံမှု ကိုဖန်တီးတည်ဆောက်ခြင်း ) (ဂ) အယူမသန့်စင်ပဲအရောအရောအနှောအနှောဖြစ်နေမှုကိုတိုက်ဖျက်၍အယူသန့်စင်စေခြင်း (က)စစ်ရေးစည်းရ...

စစ်သူကြီးများစစ်ဘုရင်များ ( လဂွန်းအိမ် )

 လဂွန်းအိမ်  သိကြားမင်း ကဲ့သို့စွမ်းသောသူ သူရဲကောင်း လဂွန်းအိမ်        သူရဲကောင်းလဂွမ်းအိမ်ဆိုတာ ရာဇာဓိရာဇ် ဘုရင်လက်ထက်က ဘုရင့်သစ္စာတော်ခံ သူရဲကောင်း စစ်သည် တစ်ဦးလည်းဖြစ်ပါတယ်။ ရာဇာဓိရာဇ် ဘုရင်ဟာ နိုင်ငံတော်ကိုတည်ဆောက်ရာမှာသူ ရဲ့ လက်ရုံးအမတ်ကြီး တွေဖြစ်တဲ့ အမတ်ဒိန် နဲ့ သမိန်သံဗြက်တို့ရဲ့ ကာယအား ၊ ဉာဏအားကိုကောင်းကောင်း ကြီးအသုံးချပြီး တည် ဆောက်သွား တာပါ။ အဲ့ဒီ့ထဲကမှ လဂွန်းအိမ်ဆိုတာက သမိန် သံဗြက်ရဲ့ ကျွန်ရင်းဖြစ်ပါတယ်။ လဂွန်းအိမ်ဆို တာကတော့ ဘွဲ့အမည်နာမတစ်ခုသာ ဖြစ်ပါတယ်။ အမည်ရင်းကတော့ မသံလုံ ပဲဖြစ်ပါတယ်။       ရာဇာဓိရာဇ်နန်းတက်ခါစက အရှေ့ဘက်တစ်လွှားကနယ်တွေကို စစ်ရေးစည်းရုံးမှုပြုရပါတယ်။ သူ့ဘက်ပါ မယ့်သူတွေကို အသာအယာစည်းရုံးပြီး ၊ သူ့ဘက်မပါသူတွေကိုတော့ ပရိယာယ် သုံးပြီးစည်းရုံးပါတယ်။ ပရိယာယ်နဲ့ မှမရရင်တော့ လက်နက်ကိုင်ပြီးတိုက်ကြတာပါ။ အဲ့လို့တိုက်ကြတဲ့အခါ နှစ်ဖက်စစ်မျက်နှာဖွင့်ပြီး တိုက်ကြတာရှိသလို ၊ ခေါင်းဆောင်နှစ်ဦး ရင်ဆိုင်တိုင်ပြီးဖြေရှင်းတာတွေလည်းရှိပါတယ်။ ပြီးတော့သူ့ကိုဆန့် ကျင်ဖက်လုပ်နေတာက‌ခေါင်းဆောင်တစ်ဦးပဲ၊သူ့နောက်လိုက်...

ဦးစိန်လွင်

  ဦးစိန်လွင်၏ကိုယ်ရေးဖြစ်စဉ် ·        အမည် - ဦးစိန်လွင် ·        လူမျိုး - ဗမာ/ဗုဒ္ဓ ·        မွေးသက္ကရာဇ် - ၂၂-၁-၁၉၂၄ ·        မွေးသက္ကရာဇ် - ကော့ကရင်ကျေးရွာ ပေါင်မြို့နယ် မွန်ပြည်နယ် ·        ပညာအရည်အချင်း - အခြေခံပညာအထက်တန်းအဆင့် ·        ယခင်အလုပ်အကိုင် - ဗိုလ်မှူးချုပ်ငြိမ်း ·        ဇနီးအမည် - ဒေါ်ကျော့ကျော့စန် ·                        - ဒေါ်ရွှေတင် ·        သားသမီး - ၈ဦး ·        နေရပ်လိပ်စာ - အမှတ် (၁၆) ကန်ရိပ်သာလမ်း (၁၀) ရပ်ကွက် မရမ်းကုန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ကိုယ်ရေးဖြစ်စဉ်အကျဉ်း           ဦးစိန်လွင်ကို ၁၉၂၄ ခုနှစ် ဇန်နဝါရ...