ဒေါ်အောင်ဆန်းစုကြည်၏ကိုယ်ရေးအကျဉ်း
| ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဒေါ််အောင်ဆန်းစုကြည် |
အမည် - ဒေါ် အောင်ဆန်းစုကြည် (ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်)
လူမျိး/ ဘာသာ - ဗမာ/ဗုဒ္ဓ
အလုပ်အကိုင် - နိုင်ငံရေး
မွေးရာဇာတိ - ရန်ကုန်တိုင်းဒေသကြီး
မွေးသက္ကရာဇ် - ၁၉.၆.၁၉၄၅ ခုနှစ် / ၇၆ နှစ်
ပညာအရည်အချင်း - MA (University of Delhi) , ( St. Hugh' Collage), (Oxford SOAS University)
အဘအမည် - ဦးအောင်ဆန်း
အမိအမည် - ဒေါ် ခင်ကြည်
အဘအလုပ်အကိုင် - မြန်မာ့လွပ်လပ်ရေးဖခင် / အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ် / နိုင်ငံရေးသမားဟောင်း
အမိအလုပ်အကိုင် - အငြိမ်းစား သူနာပြုအုပ် / လွှတ်တော်ကိုယ်စားလှယ်ဟောင်း / အငြိမ်းစား သံအမတ်ကြီး
ခင်ပွန်းအမည်နှင့် အလုပ်အကိုင် - Michael Aris ( အောက်စဖို့တက္ကသိုလ်နည်းပြ)
သားသမီးများ - ကိုမြင့်ဆန်းအောင် Alexander Aris , M.Sc (Math; science) (USA)
ကိုထိန်းလင်း Kim Aris
နေရပ်လိပ်စာ - အမှတ် (၅၄-၅၆) တက္ကသိုလ်ရိပ်သာလမ်း ဗဟန်းမြို့နယ် ရန်ကုန်မြို့
ကိုယ်စားပြုပါတီ - အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်
| ဒေါ််အောင်ဆန်းစုကြည်ငယ်စဉ်က |
ကိုယ်ရေးဖြစ်စဉ်အကျဉ်း
ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၄၅ ဇွန် ၁၉ တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပါသည်။ မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် မိခင် ဒေါ် ခင်ကြည်တို့၏ တတိယမြောက်သမီးဖြစ်ပါသည်။ ၁၉၆၀ တွင်သံအမတ်ကြီးအဖြစ်ခန့်အပ်ခြင်းခံရသော မိခင်နှင့်အတူ အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့သို့လိုက်ပါသွားခဲ့သည်။ လေးနှစ်အကြာ ၁၉၆၄ တွင် အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်တ္ငင် နိုင်ငံရေး ၊ စီးပွားရေးနှင့် အတွေးအတွေးအခေ်ာသာရပ်များကိုသင်ယူခဲ့ပြီး နောက်ဂျပန်နိုင်ငံနှင့် ဘူတန်နိုင်ငံတို့တွင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့သည်။ ၁၉၇၁ တွင် အင်္ဂလန်နိုင်ငံသား ၊ အောက်စဖို့တက္ကသိုလ်နည်းပြ Michael Aris နှင့်အိမ်ထောင်ပြုခဲ့ကာ Alexander Aris နှင့် Kim Aris ဟူ၍ သားနှစ်ယောက်ထွန်းကားခဲ့သည်။
၁၉၉၉တွင် ခင်ပွန်းဖြစ်သူသည် ကင်ဆာရောဂါဖြင့် ကွယ်လွန်စဉ်က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာစစ်အစိုးရက ပြည်ဝင်ခွင့်မပြုသည့်အတွက် သွားရောက်နိုင်ခဲ့ခြင်းမရှိပေ။ ထို့ပြင်သားနှစ်ဦးမှာလည်းပြည်ဝင်ခွင့်မရရှိခဲ့ပေ။ ၁၉၈၈ တွင်သူ၏မိခင်ကြီး နာမကျန်းဖြစ်နေစဉ် ပြုစုရန်မြန်မာပြည်သို့ ပြန်လာချိန် ဦးနေဝင်း ၏တစ်ပါတီအာဏာရှင် ဆိုရှယ်လစ်စနစ်ကျဆုံးကာ ၈-၈-၁၉၈၈ အရေးတော်ပုံကြီးဖြစ်ပွားခဲ့လေသည်။ ၁၉၈၈ ဩဂုတ်လ ၂၆တွင် ရန်ကုန်မြို့ ရွှေတိဂုံ ဘုရား ရှေ့၌ ပြည်သူလူထု အားပထမဦးဆုံး မိန့်ခွန်းပြောကြားပြီး နောက်ပိုင်းကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၏ အထွေထွေအတွင်းရေးမှူးအဖြစ်ခန့်အပ်ခြင်းခံရသည်။
၁၉၈၉ ခု ဇူလိုင်လ ၂၀ ရက်တွင် ဒီမိုကရေစီ တိုက်ပွဲအတွက် အကြမ်းမဖက်ဆောင်ရွက်မှုကြောင့် တပ်မတော်မှမတရားသဖြင့် ထိန်းသိမ်းခြင်းခံရပြီး ၁၉၉၅ ဇူလိုင် ၁၀ တွင်ပြန်လည်လွတ်မြောက်ခဲ့သည်။ ၂၀၀၀ပြည့်နှစ် စက်တင်ဘာလ ၂၃တွင်ပြန်လည်ထိန်းသိမ်းခံရပြီး ၁၉ လအကြာ ၂၀၀၂ မေ ၆ တွင် ထပ်မံလွတ်ေမြောက်ခဲ့သည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲရင်း အရေးခင်းလှုပ်ရှားမှုကြောာင့် ထပ်မံခထိန်းသိမ်းခံရပြန်သည်။ ၂၀၀၇ မေ ၁၅ တွင် ယခက်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ကိုဖီအာနန်မှမြန်မာအစိုးရအားအသနားခံတောင်းဆိုခဲ့သော်လည်း တစ်နှစ်ထပ်မံတိုးမြှင့်၍ ထိန်းသိမ်းခဲ့သည်။
ဒေါ် အောင်ဆန်းစုကြည်အား ထိန်းသိမ်းခံကာလ ၁၂ နှစ်ပြည်မြောက်သော အထိန်းအမှတ်အဖြစ်၂၀၀၇ အောက်တိုဘာ ၂၄ တွင် ကမ္ဘာမြို့ကြီး ၁၂ မြို့တွင် ဆန္ဒပြပွဲများပြုလုပ်ခဲ့ကြပြီး ၂၀၀၈ ခုနှစ် မေလ၂၇ တွင် နောက်ထပ်တစ်နှစ်ထပ်မံတိုးမြှင့်ထိန်းသိမ်းခံရသည်။ ၂၀၀၉ ခုနှစ် မေလတွင်သူမအိမ်၌ အမေရိကန်နိုင်ငံသားတရားမဝင်နေထိုင်မှုဖြင့် ၂၀၀၉ ဩဂုတ်လ ၁၁ တွင် တစ်နှစ်ခွဲထပ်မံတို့းမြှင့်ထိန်းသိမ်းခဲ့ရကာ ၂၀၁၀ ပြည့်နှစ်နိုဝင်ဘာ ၁၃တွင်ထိန်းသိမ်းခံရခြင်းမှလုံးဝလွှတ်မြောက်ခဲ့သည်။
၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၇၂.၆ ရာခိုင်နှုန်တပ်မတော်အစိုးရအပေါ်အပြတ်အသတ်အနိုင်ရှိသော်လည်း စစ်အစိုးရ (နယက) မှလျစ်လျူရှုခဲ့ပေသည်။ ထို့အပြင်စစ်အစိုးရမှ၂၀၀၀ ပြည့်နှစ် မတ်လတွင် "ရွေးကောက်ပွဲဝင် တစ်သီးပုဂ္ဂလ (သို့) ပါတီသည် တရားစီရင်ခြင်းခံရသူနှင့် နိုင်ငံခြားသားများနှင့်လက်ထပ်ထားသူများ သည်ရွေးကောက်ပွဲဝင်ရောက်ရွေးချယ်ခံပိုင်ခွင့်မရှိစေရ " ဟူသောဉပဒေတစ်ရပ်ကို ပြဌာန်းခဲ့လေသည်။
ထို့နောက် ၂၀၁၂ ခုနှစ်ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲ တွင် လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာအတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲအပြတ်အသတ်အနိုင်ရခဲ့ပြီး လွှတ်တော်အမတ်ဖြစ်လာသည်။ ယခင်ဦးသိန်းစိန် အစိုးရလက်ထပ်၌ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ဥက္ကဌရာထူးအပြင်ပါတီ၏မူလတာဝန်ကိုပါပူးတွဲထမ်းဆောင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သည်နိုင်ငံအသီးသီးမှ ချီးမြှင့်သည့်ဆုတံဆိပ်များအပြင်အောက်ပါ ဆုတံဆိပ်များလည်းရရှိခဲ့ပါသည်။
(1) Rafto prize (1990)
(2) Nobel prize for peace 1991
(3) Intl, Simon Bolivor prize 1992
(4) Jawagarial Nehru Award 1993
(5) US Congresstional Gold Medal 2007
(6) The prize white in American history 2008
(7) Sakhriv prize
(8) Olof Palme Prize
(9) Bhagwan Mahavir world peace prize
(10) Havard Humanitarian of the year 2016
Comments
Post a Comment