Skip to main content

ဦးဝင်းမြင့်

 

ဦးဝင်းမြင့်၏ကိုယ်ရေးဖြစ်စဉ်


ပြည်ထောင်စုလွှတ်တော်တွင်နိုင်ငံတော်သမ္မတဦးဝင်းမြင့်မိန့်ခွန်းပြောကြားစဉ်

·       အမည် - ဦးဝင်းမြင့်

·       လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓ

·       မွေးသက္ကရာဇ် - ၈-၁၁-၁၉၅၁

·       မွေးရာဇာတိ - ညောင်ပင်ချောင်ရွာ၊ ဓနုဖြူမြို့နယ် ဧရာဝတီတိုင်း‌ဒေသကြီး

·       ပညာအရည်အချင်း - B.Sc (Geology)

·       ယခင်အလုပ်အကိုင် - နိုင်ငံရေး/ ရှေ့နေ

·       အဘအမည်- ဦးထွန်းကြည်

·       အမိအမည် - ဒေါ်စန်း

·       ဇနီးအမည် - ‌ဒေါ်ချိုချို

·       နေရပ်လိပ်စာ - တာမွေမြို့နယ် ရန်ကုန်တိုင်းဒေသကြီး

·       ကိုယ်စားပြုပါတီ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

·       ရွေးချယ်တင်မြောက်ခံမဲဆန္ဒနယ် - တာမွေမြို့နယ် ရန်ကုန်တိုင်းဒေသကြီး

ကိုယ်ရေးဖြစ်စဉ်အကျဉ်း

          ဦးဝင်းမြင့်ကို၁၉၅၁နိုဝင်ဘာ ၈ ရက်တွင် ဦးထွန်းကြည်၊ ‌ဒေါ်စန်းတို့မှ‌ညောင်ပင်ချောင်ရွာ ဓနုဖြူမြို့နယ်ဧရာဝတီတိုင်း‌ဒေသကြီး ၌မွေးဖွားခဲ့ပါသည်။ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီးနောက် ၁၉၈၅ခုနှစ်မှစတင်၍ တရားလွှတ်တော်ရှေ့နေအဖြစ်လုပ်ကိုင်ခဲ့ပါသည်။ ထို့နောက်နိုင်ငံရေးလောကတွင် ယခင်က အမျိုးသားဒေမိုကရေစီ အဖွဲ့ချုပ် ပါတီ၏လှုပ်ရှားဆောင်ရွက်မှုများကြောင့် နိုင်ငံရေးအကျဉ်းသမားအဖြစ် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည်။ ဖမ်းဆီးထိန်းသိမ်း  ခြင်းမှ လွတ်မြောက်လာပြီးနောက် ၂၀၁၅ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် အမျိုးသားဒေမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု တာမွေမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲအရေအတွက် ၂၀၃၈၈ (၅၆ရာခိုင်နှုန်း) ဖြင့် အနိုင်ရခဲ့ပါသည်။ ၂/၅/၂၀၁၂ မှ ၂၉/၁/၂၀၁၆ အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က်၂၀၁၆ ဖေဖော်ဝါရီ ၁ တွင် လွှတ်တော်ဥက္ကဌအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရသည်။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ရာထူးမှနှုတ်ထွက် ခဲ့သောကြောင့် ဦးဝင်းမြင့်သည် နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်‌နေ့တွင် မြန်မာစစ်တပ်မှ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ကာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား အာဏာသိမ်းစစ်တပ်မှ ပုဒ်မ အမျိုးမျိုးတပ်ကာ တရား စွဲဆို၍ ထိန်းသိမ်းခြင်းခံရသည်။

Comments

Popular posts from this blog

အနော်ရထာမင်း

   အနော်ရထာမင်း        အနော်ရထာမင်းကတော့ကျွန်တော်တို့သိထားပြီးတဲ့အတိုင်းပထမမြန်မာနိုင်ငံတော်ကြီးကို စတင်တည်ထောင် ခဲ့ပြီးလက်ရုံးရည်ရော နှလုံးရည်ရောပြည့်ဝတဲ့ဘုရင်တစ်ပါးဖြစ်ပါတယ်။ အခုကျွန်တော် ရေးမဲ့စစ်သူကြီးများ စစ်ဘုရင်များဆောင်းပါးမှာဘာကြောင့်ထည့်သွင်းဖော်ပြရလဲဆိုတော့အနော်ရထာမင်းကိုစစ်ဘုရင်လို့ပြောရတာ ကနိုင်ငံတော်ကို စစ်‌‌ရေးနဲ့စည်းရုံးခဲ့သူလို့ ကျွန်တော်တို့အစဉ်တစိုက်လေ့လာခဲ့ရတာကိုအခြေခံပြီးပြောရမှာဖြစ် ပါတယ်။ အဲ့ဒီ့လိုစစ်ရေးအရစည်းရုံးတယ်လို့ ဆိုတဲ့အခါမှာလည်းအရင်ကအမြင်နဲ့ မြင်တာမတူတော့ပါဘူး။  ဒါ့ပြင်သူတို့ တိုက်ခိုက်ခဲ့တဲ့ရန်သူများဟာ သက်ရှိလူသားများသာ မကပါဘူး။ မပြည့်စုံခြင်း(ဆင်းမွဲတေခြင်း) ၊ မသိနားမလည်ခြင်း( အယူမသန့်စင်ခြင်း) ဆိုတဲ့ ချို့ယွင်းချက်များလည်း ပါရှိပါတယ်။       ဆိုတော့ အဲ့တာတွေကိုတစ်ချက်ခြင်းစီ ဆွေးနွေး သွားပါမယ်။  (က)စစ်ရေးစည်းရုံးမှုပြုလုပ်ခြင်း (ခ) မပြည့်စုံမှုကို တိုက်ခိုက်ခြင်း ( ပြည့်စုံမှု ကိုဖန်တီးတည်ဆောက်ခြင်း ) (ဂ) အယူမသန့်စင်ပဲအရောအရောအနှောအနှောဖြစ်နေမှုကိုတိုက်ဖျက်၍အယူသန့်စင်စေခြင်း (က)စစ်ရေးစည်းရ...

စစ်သူကြီးများစစ်ဘုရင်များ ( လဂွန်းအိမ် )

 လဂွန်းအိမ်  သိကြားမင်း ကဲ့သို့စွမ်းသောသူ သူရဲကောင်း လဂွန်းအိမ်        သူရဲကောင်းလဂွမ်းအိမ်ဆိုတာ ရာဇာဓိရာဇ် ဘုရင်လက်ထက်က ဘုရင့်သစ္စာတော်ခံ သူရဲကောင်း စစ်သည် တစ်ဦးလည်းဖြစ်ပါတယ်။ ရာဇာဓိရာဇ် ဘုရင်ဟာ နိုင်ငံတော်ကိုတည်ဆောက်ရာမှာသူ ရဲ့ လက်ရုံးအမတ်ကြီး တွေဖြစ်တဲ့ အမတ်ဒိန် နဲ့ သမိန်သံဗြက်တို့ရဲ့ ကာယအား ၊ ဉာဏအားကိုကောင်းကောင်း ကြီးအသုံးချပြီး တည် ဆောက်သွား တာပါ။ အဲ့ဒီ့ထဲကမှ လဂွန်းအိမ်ဆိုတာက သမိန် သံဗြက်ရဲ့ ကျွန်ရင်းဖြစ်ပါတယ်။ လဂွန်းအိမ်ဆို တာကတော့ ဘွဲ့အမည်နာမတစ်ခုသာ ဖြစ်ပါတယ်။ အမည်ရင်းကတော့ မသံလုံ ပဲဖြစ်ပါတယ်။       ရာဇာဓိရာဇ်နန်းတက်ခါစက အရှေ့ဘက်တစ်လွှားကနယ်တွေကို စစ်ရေးစည်းရုံးမှုပြုရပါတယ်။ သူ့ဘက်ပါ မယ့်သူတွေကို အသာအယာစည်းရုံးပြီး ၊ သူ့ဘက်မပါသူတွေကိုတော့ ပရိယာယ် သုံးပြီးစည်းရုံးပါတယ်။ ပရိယာယ်နဲ့ မှမရရင်တော့ လက်နက်ကိုင်ပြီးတိုက်ကြတာပါ။ အဲ့လို့တိုက်ကြတဲ့အခါ နှစ်ဖက်စစ်မျက်နှာဖွင့်ပြီး တိုက်ကြတာရှိသလို ၊ ခေါင်းဆောင်နှစ်ဦး ရင်ဆိုင်တိုင်ပြီးဖြေရှင်းတာတွေလည်းရှိပါတယ်။ ပြီးတော့သူ့ကိုဆန့် ကျင်ဖက်လုပ်နေတာက‌ခေါင်းဆောင်တစ်ဦးပဲ၊သူ့နောက်လိုက်...

ဦးစိန်လွင်

  ဦးစိန်လွင်၏ကိုယ်ရေးဖြစ်စဉ် ·        အမည် - ဦးစိန်လွင် ·        လူမျိုး - ဗမာ/ဗုဒ္ဓ ·        မွေးသက္ကရာဇ် - ၂၂-၁-၁၉၂၄ ·        မွေးသက္ကရာဇ် - ကော့ကရင်ကျေးရွာ ပေါင်မြို့နယ် မွန်ပြည်နယ် ·        ပညာအရည်အချင်း - အခြေခံပညာအထက်တန်းအဆင့် ·        ယခင်အလုပ်အကိုင် - ဗိုလ်မှူးချုပ်ငြိမ်း ·        ဇနီးအမည် - ဒေါ်ကျော့ကျော့စန် ·                        - ဒေါ်ရွှေတင် ·        သားသမီး - ၈ဦး ·        နေရပ်လိပ်စာ - အမှတ် (၁၆) ကန်ရိပ်သာလမ်း (၁၀) ရပ်ကွက် မရမ်းကုန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ကိုယ်ရေးဖြစ်စဉ်အကျဉ်း           ဦးစိန်လွင်ကို ၁၉၂၄ ခုနှစ် ဇန်နဝါရ...