ဦးနေဝင်း၏ကိုယ်ရေးရာဇဝင်
·
အခြားအမည်
- မောင်ရှုမောင်
·
လူမျိုး/ဘာသာ
- ဗမာ/ဗုဒ္ဓ
·
မွေးသက္ကရာဇ်
- ၆/၇/၁၉၁၀ (ဗုဒ္ဓဟူနေ့)
·
မွေးရာဇာတိ
- ပေါင်းတလည်မြို့နယ်၊ ပြည်ခရိုင် ၊ ပဲခူတိုင်းဒေသကြီး
·
ပညာအရည်အချင်း
- ဥပစာသိပ္ပံဘွဲ့
·
ယခင်အလုပ်အကိုင်များ
- ဗိုလ်ချုပ်ကြီး (ငြိမ်း)
·
ဇနီးများ
- ဒေါ်သိန်းညွန့်
(ပထမဇနီး)
ဒေါ်တင်တင် (ဒုတိယဇနီး) သားဉီးငွေစိုး - လေယဉ်မှူးကြီး
ဒေါ်ခင်မေသန်း (တတိယဇနီး) သားသမီးသုံးဦး
- ဒေါ်စန္ဒာဝင်း ၊ ဒေါ်ကြေးမုံဝင်းနှင့် ဦးဖြိုးဝေလင်း
ဒေါ်နီနီမြင့် (စတုတ္ထဇနီး )
ရတနာနတ်မယ် June Rose Bekkamy (ပဉ္စမဇနီး)
·
သားသမီး
- ၉ဦး
·
နေရပ်လိပ်စာ
- အမှတ် (၁၉) မေခလမ်း ၊ မရန်းကုန်းမြို့နယ် ၊ ရန်ကုန်တိုင်ဒေသကြီး။
ကိုယ်ရေးဖြစ်စဉ်အကျဉ်း
ဦးနေဝင်းကို
၁၉၁၀ ပြည့်နှစ် ဇူလိုင်လ ၆ ရက်(ဗုဒ္ဓဟူးနေ့) တွင် ဦးဖိုးခ (မြေတိုင်းအမှုထမ်း) နှင့်ဒေါ်မိလေးတို့မှ
ပေါင်းတလည် မြို့နယ် ပြည်ခရိုင်၌ မွေးဖွားခဲ့ပါသည်။ အမည်ရင်းမှာ မောင်ရှုမောင်ဖြစ်သည်။
၁၉၂၂ မှ ၁၉၂၉ ထိ ပြည်မြို့ အမျိုးသားအထက် တန်းကျောင်း (ပေါင်းတလည်မြန်မာစာသင်ကျောင်း)
တွင်လည်ကောင်း၊ ၁၉၂၉ မှ ၁၉၃၁ ထိ ရန်ကုန်တက္ကသိုလ်တွင် ဥပစာသိပ္ပံ ကို နောက်ဆုံးနှစ်တက်ချိန်၌
ကျောင်းထွက်လိုက်ရပေသည်။ ကျောင်းမှထွက်ပြီးနောက် မီးရထားဌာန၌ (၅)လကျော်မျှ အလုပ်လုပ်ကိုင်ခဲ့ကာ
၁၉၃၆ တွင်စာတိုက်နှင့် ကြေးနန်းဌာန တွက်စာရေးအဖြစ် တစ်နှစ်ကျော်မျှဝင်ရောက်အမှုထမ်းခဲ့သည်။ ထို့ပြင်
ဒို့ဗမာအစည်းအရုံး လုပ်ငန်းများကို အချိန်ပိုင်းလုပ်ကိုင်ရင်း ရန်ကုန်တက္ကသိုလ်မှ
ဥပစာသိပ္ပံဘွဲ့ ရရှိခဲ့ပါသည်။ စာတိုက်မှ ထွက် ပြီးနောက် သခင်ရှုမောင် အဖြစ် သခင် ဗစိန်၊
သခင် ထွန်အုပ်တို့ဦးဆောင်သော တို့ဗမာစည်းအရုံး ၏ အမျိုးသားလွတ်မြောက် ရေးတိုက်ပွဲများတွင်
ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၄၁ ဇူလိုင် ၈ တွင် မြန်မာ့လွတ်လပ်ရေးအတွက်ရဲဘော် ရဲဘက်အချို့နှင့်အတူ
ကိုရီယုမာ သင်္ဘောဖြင့် လျှို့ဝှက်စွာထွက်ခွာပြီး ဂျပန်နိုင်ငံ၌ စစ်ပညာသင်ယူကြသည်။
မြန်မာမျိုးချစ် လူငယ် ၃၀ သည် ဟိုင်နန်နှင့်
ထိုင်ဝမ်ကျွန်းများတွင် စစ်ပညာသင်ယူခဲ့ရာမှ ရဲဘော်သုံးကျိပ်ဟူ၍မြန်မာ့သမိုင်း၌ ထင်ရှားလာခဲ့
သည်။ သခင်ရှုမောင်၏ ဂျပန်အမည်မှာ တကာစုငိစုစုမုဖြစ်ပြီး ရဲဘော်သုံးကြိပ် ဝင်များဗိုလ်ဘွဲ့ခံယူရာတွင်
ဗိုလ်နေဝင်ဖြစ်လာ သည်။ ၁၉၄၂ တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်နှင့်အတူ မြေအောက်လှုပ်ရှားစည်းရုံးရန်အတွက် မြန်မာနိုင်ငံသို့
ပြန်လည်ဝင် ရောက်သော ရှေ့ပြေးတပ်ဖွဲ့ (ပြည်တွင်းသူပုန်အဖွဲ့) ကိုဦးဆောင်ခဲ့သည်။
၁၉၄၂ ဩဂုတ် ၁ တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်သေနာပတိ၊ စစ်ဦးစီးရုံးဌာချုပ်မှူး၊ ထောက်ပံ့ရေးဌာနကြီးမှူးနှင့်
ဖက်ဆစ်တော်လှန်ရေးတွင် တိုင်း(၂) မြစ်ဝကျွန်းပေါ် အရှေ့ တိုင်းမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၄၅ မေ ၇ တွင်ဖက်ဆစ်တော်လှန်ရေး အောင်မြင်ခဲ့ပြီးနောက်
ယင်းနှစ်မှာပင်ကျင်းပသည့် နေသူရိန်လူထုစည်းဝေးပွဲ၌ ဖတပလ ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ်ရွေးချယ်ခံရသည်။
၁၉၄၅ စက်တင်ဘာတွင် ဗိုလ်ချုပ်အောင်ဆန်းဦးစီးသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ကန္ဒီမြို့သို့
သွားရောက်ရာ၌ အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည်။ ၁၉၄၅ ဒီဇင်ဘာတွင် ကန္ဒီသဘောတူညီချက် အရပြန်လည်ဖွဲ့စည်းသည့်
ဗမာ့တပ်မတော်တွင် ဗမာ့သေနတ်ကိုင်တပ်ရင်း (၄) ၏ဒုတိယတပ်ရင်းမှူး၊ ၁၉၄၇ တွင်တပ်ရင်းမှူး၊
၁၉၄၈ ဇန်နဝါရီတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ၁၉၄၈ ဩဂုတ် ၁ တွင် ဗမာ့တပ်မတော်
ဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့် ၁၉၄၉ ဖေဖော်ဝါရီ ၁ တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့်
စစ်သေနာပတိချုပ် ရာထူးခန့်အပ်ခံ ရသည်။ ၁၉၄၉ တွင် နိုင်ငံတော်လိုအပ်ချက်ကြောင့် ဒုတိယဝန်ကြီးချုပ်နှင့်
ကာကွယ်ရေးဝန်ကြီးအဖြစ် အစိုးရအဖွဲ့တွင် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ်တွင်
ဝန်ကြီးအဖွဲ့မှ နှုတ်ထွက်ပြီးတပ်မတော်ကို ဆက်လက်ဦးဆောင်ခဲ့သည်။
၁၉၅၃ တွင် ပြည်ပတရုတ်ဖြူကျူးကျော်စစ်ကို
မြန်မာ့မြေပေါ်မှ အပြီးတိုင်ဆုတ်ခွာနိုင်စေရန်ဦးဆောင်မှုပြုခဲ့သည်။ ၁၉၅၆ တွင်ဗိုလ်ချုပ်ကြီးအဆင့်ဖြင့်
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန်ဆက်လက်ထမ်းဆောင်ခဲ့သည်။ ထိုစဉ်က အာဏာရ ပါတီဖြစ်သော
ဖဆပလ အတွင်း သန့်ရှင်းနှင့် တည်မြဲအုပ်စုဟူ၍မညီမညွှတ်သဘောထားကွဲလွဲ ခဲ့ကာအုပ်ချုပ်ရေးပျက်ပြားခဲ့ သဖြင့် ပြည်ထောင်စုလွှတ်တော်ပါလီမန်က ဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြင်ဆင်၍ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်(၁၉၅၈-၁၉၆၀) အဖြစ်တာဝန်လွှဲအပ်ခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ်ဆောင်ရွက်နေစဉ်
ပြည်သူ့အုပ်ချုပ်ရေးစနစ်တည်ဆောက်နိုင်ရန်
အတွက် စော်ဘွားများအားလျော်ကြေးပေး၍ အာဏာစွန့်လွှတ်စေခြင်း၊ ရန်ကုန်မြို့တော်ကို
မြို့ကွက်သစ်များတိုးချဲ့တည် ဆောက်ခြင်း၊ တရုတ်-မြန်မာနယ်နမိတ်မကျူးကျော်ရေးစာချုပ်ချုပ်ဆိုနိုင်ခြင်းဖြင့်
နိုင်ငံတော်ကိုအေးချမ်းတည်ငြိမ်အောင် ဆောင်ရွက်ပြီးနောက် ပါလီမန်ရွေးကောက်ပွဲများ ကျင်းပပေးခဲ့ပြီး
အနိုင်ရခဲ့သော သန့်ရှင်း ဖဆပလကို ၁၉၆၀ တွင်နိုင်ငံတော်အာဏာကို ပြန်လည် လွှဲအပ်ပေးပြီး
တပ်မတော်ကိုဆက်လက်ဦးဆောင်ခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင် သော တော်လှန်ရေးကောင်စီသည်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုအကြောင်းပြ၍ ပြည်ထောင်စု စစ်စစ်မူ (ဖက်ဒရယ်) တောင်းဆိုမှုအရှန်မြင့်မားလာရာ
ပြည်ထောင်စုပြိုကွဲရန်ဦးတည်လာသည်ဟူသော အကြောင်းပြချက်ဖြင့် ၁၉၆၂ မတ်လ ၂ ရက် တွင်နိုင်ငံတော်အာဏာကိုထိန်းသိမ်းခဲ့သည်။
နိုင်ငံကိုဦးဆောင်ရန် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဖော်ဆောင်ရေးအတွက် နိုင်ငံရေး ပါတီအသီးသီးရှိ
ပုဂ္ဂိုလ်များ၊ လက်ဝဲ-လက်ယာအယူအဆရှိသူများအားလုံးပါဝင်နိုင်စေရန်ပါတီကြီးသုံးခု (ပထစ၊
တည်မြဲနှင့် ပမညတ) ၏နိုင်ငံရေးခေါင်းဆောင်များကို ၁၉၆၂ တွင်သုံးကြိမ်တွေ့ဆုံကာပူးပေါင်းဆောင်ရွက်၍နိုင်ငံတော်တွင်ပါဝင်လာစေရန်
စည်းရုံးလှုံ့ဆော်ခဲ့သည်။ ထို့ပြင် ၁၉၆၂ တပ်မှူးများညီလာခံကသဘောတူညီသဖြင့် ၁၉၆၂ ဇူလိုင်
၄ တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကို အမြူတေပါတီ အဖြစ် တည်ထောင်ခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ခဲ့ပြီး နောက် မြန်မာ့နိုင်ငံရေးခေါင်းဆောင် ၃၃ ဦးကိုဖိတ်ခေါ်၍
ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်တွင်းညီညွှတ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ နိုင်ငံတော်တည်ဆောက်ရေးနည်းလမ်းများကိုအကြံဉာဏ်တောင်းခံခဲ့သည်။
၁၉၇၂ ဧပြီ၂၀ မှစတင်၍ တပ်မတ်ောမှ အငြိမ်းစားယူခဲ့သည်။
၁၉၇၄ နိုင်ငံတော်ဖွဲ့စည်းပုံဥပဒေအရ ပြည်ထောင်စုလွှတ်တော် နှင့် ပြည်သူ့ကောာင်စီအဆင်ဆင့်
အုပ်ချုပ်ရေးပြောင်းလဲခဲ့ပြီးနောက် ပထမအကြိမ်ပြည်သူ့လွှတ်တော် ကနိုင်ငံတော်ကောင်စီ
ဥက္ကဌအဖြစ် ရွေးကောင်တင်မြောက်ခဲ့သဖြင့် ၁၉၇၂၄ မတ်လ ၄ ရက်နေ့တွင်နိုင်ငံတော် ၏ စတုတ္ထမြောက်
သမ္မတဖြစ်လာသည်။ ၁၉၈၁ နိုဝင်ဘာလ ၉ ရက်နေ့တွင် ပဥ္စမမြောက်သမ္မတအဖြစ် ဦးစန်းယုကို ဆက်ခံစေခဲ့သော်လည်း
မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌအဖြစ် ဆက်လက်ဆောင်ရွက်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင်တိုင်းပြည်၏
အလုပ်သမား၊ လယ်သမား၊ ရုပ်ရှင်၊ စာပေနှင့် လူတန်းစားအသီးသီး ညီညွှတ်မှုရရှိနေပြီး စီးပွားရေးတည်ငြိမ်နေချိန်ဖြစ်ခြင်း
သာသနာတော်သန့်ရှင်း တည်တံပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ ညီညွှတ်မှုရှိနေခြင်းကြောင့်
အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့် အရပြည်ပရောက်ရှိနေသောနိုင်ငံရေးခေါင်းဆောင်များ
နိုင်ငံတွင်းပြန်လည်ရောက်ရှိလာသူများအား “နိုင်ငံဂုဏ်ရည်”ဘွဲ့ ကိုတည်ထွင်ဖန်တီး၍ ချီးမြှင့်ခဲ့သည်။
၁၉၈၂ နောက်ပိုင်းတွင် နိုင်ငံ၏စီးပွားရေးအခြေအနေများကျဆင်းလာခဲ့သည်။ ၁၉၈၇ တွင် နိုင်ငံတော်သည်
ဖွံဖြိုးမှု အနည်းဆုံးနိုင်ငံ (Low
Develops County) အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ ၁၉၈၇ တွင်ငွေစက္ကူ အချို့
အား တရားဝင်အဖြစ်မှရပ်စဲသည့် အမိန့်ကို နိုင်ငံတော်ကထုတ်ပြန်ခဲ့ရာ ပြည်သူများအတွင်း
မကျေနပ်မှုများကြီးထွားလာပြီး မငြိမ်မသက်မှုများကြီးထွားလာသည်။ အရေးပေါ်ပါတီညီလာခံကျင်းပ၍
၁၉၈၈ ဇူလိုင် ၂၅ တွင် နိုင်ငံတော်တာဝန်မှ အနားယူခဲ့ သည်။
ဦးနေဝင်းသည် မဟာသီရီသုဓမ္မဘွဲ့၊ ယူဂိုဆလပ်တံခွန်တော်ဘွဲ့၊
သတိုးသီရီသုဓမ္မဘွဲ့၊ အမေရီကန်အစိုးရ၏ စစ်သူရဲကောင်း ဘွဲ့၊ လွတ်လပ်ရေးမော်ကွန်းဝင်
(ပထမအဆင့်)၊ ထိုင်းဘုရင်၏ဆင်ဖြူရှင်ဘွဲ့၊ အဂ္ဂမဟာသီရိသုဓမ္မဘွဲ့နှင့် ရွှေစလွယ်၊ နိုင်ငံဂုဏ်
ရည်ဘွဲ့ (ပထမအဆင့်)၊ စစ်မှုထမ်းကောင်းတံဆိပ်တို့ကိုရရှိခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံမှချီးမြှင့်သော
ရေမွန်မက်ဆေးဆေး ဆု ၁၉၆၀ ကို ငြင်းပယ်ခဲ့သည်။ ဦးနေဝင်းသည် ဒေါ်သိန်းညွှန့်၊ ဒေါ်တင်တင်၊
ဒေါ်ခင်မေသန်း၊ ဒေါ်နီနီမြင့်၊ ရတနာနတ်မယ်တို့နှင့်လက်ထပ် ခဲ့ပြီး သားသမီး ၉ ဦးထွန်းကားခဲ့သည်။
ဦးနေဝင်းသည် စတုတ္ထ သမ္မတအဖြစ်တာဝန်မထမ်းဆောင်မိ တတိယပါလီမန်သမ္မတဖြစ် သူ မန်းဝင်းမောင်ထံမှ
၁၉၆၂ မတ်လ ၂ ရက်တွင် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီး ၁-၃-၁၉၇၄ ထိ စစ်အာဏာရှင်အဖြစ် နိုင်ငံတော်ကို ၁၂ တာမျှအုပ်ချုပ်ခဲ့သည်။ ဦးနေဝင်းသည်
အသက် ၉၂ အရွယ် ၂၀၀၂ ဒီဇင်ဘာ၅ ရက်နေ့တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မေခလမ်း အမှတ်
(၁၉) နေအိမ်၌ ကွယ်လွန်သည်။
Comments
Post a Comment