စပ်ရွှေသိုက်၏ကိုယ်ရေးဖြစ်စဉ်
| နိုင်ငံတော်သမ္မတစပ်ရွှေသိုက် |
·
လူမျိုး/ဘာသာ
- ရှမ်း/ ဗုဒ္ဓ
·
မွေးသက္ကရာဇ်
- ၆-၁၀-၁၈၉၆ (သောကြာနေ့)
·
မွေးရာဇာတိ
- ညောင်ရွှေမြို့နယ် ရှမ်းပြည်နယ်တောင်ပိုင်း
·
ပညာအရည်အချင်း
- အခြေခံပညာအထက်တန်းအဆင့်
·
ယခင်အလုပ်အကိုင်
- ညောင်ရွှေစော်ဘွား
·
ဇနီးအမည်
- (နှမတော်) စပ်ဟိန်းစစ်
·
သား/သမီး
- ၈ဦး
·
နေရပ်လိပ်စာ
- အမှတ် (၇၄) ကမ္ဘာအေးဘုရားလမ်း မရမ်းကုန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး
ကိုယ်ရေးဖြစ်စဉ်အကျဉ်း
စပ်ရွှေသိုက်ကို အောက်တိုဘာလ ၆ ရက်
သောကြာနေ့တွင် ဆာစပ်မောင်နှင့် မဟာဒေဝီတို့မှ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့တွင်
မွေးဖွားခဲ့ပါသည်။ ငယ်စဉ်က ညောင်ရွှေစော်ဘွား ၊ ရှမ်းတိုင်းရင်းသားလူကြီးများ၏
သားသမီးများအတွက် ဖွင့်လှစ်ထားရှိသော တောင်ကြီးကျောင်းတွင်ပညာသင်ယူခဲ့လေသည်။ ၁၉၂၀-၁၉၂၃
ပထမ ကမ္ဘာစစ်အတွင်း ဗမာ့သေနတ်
ကိုင်တပ်ရင်း အရှေ့မြောက် နယ်စပ်ဒေသ၊ ဗမာ့တပ်ဖွဲ့တွင်
ဝင်ရောက်အမှုထမ်းခဲ့ပါသည်။ ၁၉၂၇ အောက်တိုဘာလတွင် ညောင်ရွှေစော်ဘွားအဖြစ်ရွေးချယ်
ခံရပြီး ၁၉၂၉ မတ်လ ၈ရက်ထိ အသိအမှတ်ပြုခံရသူဖြစ်သည်။ ၁၉၃၉ တွင်စစ်မှုထမ်းရန်
ပြန်လည်ခေါ်ယူသောကြောင့် ၁၉၄၂ ထိဗမာ့တပ်မတော်တွင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၄၇
ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရာတွင်
မူကြမ်းကော်မတီဝင်နှင့် ဥပဒေပြုရေးအဖွဲ့ဥက္ကဌတာဝန်တို့ကို ထမ်းဆောင်ခဲ့ လေသည်။
ထို့နောက် ၁၉၄၇ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြဌာန်ချက်များအရ သမ္မတကိုတိုင်းရင်းသား များအနက်အလှည့်ကျရွေးချယ်
တင်မြှောက်သည့်စနစ်ဖြစ်သောကြောင့် ရှမ်းတိုင်းရင်းသား ကိုယ်စား
ပြုရွေးချယ်တင်မြှောက်ရာတွင် စပ်ရွှေသိုက်အား
မြန်မာနိုင်ငံ၏ပထမဦးဆုံးသမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရလေ သည်။ ၁၉၅၉ ဧပြီ ၂၉ တွင်နယ်ရှင်စော်ဘွားအာဏာကိုစွန့်လွှတ်လိုက်ရသည်။
၁၉၆၀ ဩဂုတ်လတွင် ချက်ကိုစလိုဗက်ကီးယား
နိုင်ငံသို့ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီးနောက်၁၉၆၂ မတ်လ ၂ ရက် သောကြာနေ့ နံနက်၁
နာရီတွင်ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီအစိုးရမှ နိုင်ငံတော်အာဏာကို
သိမ်းယူလိုက်သည့်အတွက်သမ္မတစပ်ရွှေသိုက်မှာထိန်းသိမ်းခြင်းခံရလေ သည်။ ၁၉၆၂
နိုဝင်ဘာ ၂၁ တွင်အကျဉ်းသားဘဝနှင့်ပင် ကွယ်လွန်ခဲ့ရလေသည်။
တာဝန်ထမ်းဆောင်နေစဉ် အဂ္ဂမဟာသရေစည်သူဘွဲ့၊
အဂ္ဂမဟာသီရီသုဓမ္မဘွဲ့များရရှိခဲ့ပြီး ဓနရှင် ပါလီမန်ခေတ်တွင်
ပဒေသရာဇ်ထားရှိသည့်သမ္မတအဖြစ်မှတ်တမ်းဝင်ခဲ့သူတစ်ဦးဖြစ်ပါသည်။
ကွယ်လွန်ချိန်တွင်ဇနီးနှင့်သားသမီး ၈ဦးကျန်ရှိခဲ့
သည်။ ၎င်းသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပထမဦးဆုံးသမ္မတအဖြစ် ၁၉၄၈ ဇန်နဝါရီ
၄ ရက်မှ ၁၉၅၂ မတ်လ ၁၆ ရက်ထိတာဝန် ထမ်းဆောင်ခဲ့ပါသည်။
English version is the following;;;
Personal brief of Sat Shwe Thike
| President Sat Shwe Thike |
· Name: Sat Shwe Thike
· People/Religion: Shan/Buddha
· Date: 6-10-1896 (Friday)
· COUNTRY OF ORIGIN: Nyaung Shwe Township, Southern Shan State.
· Education Quality: Higher Education Level
· Previous Employment: President of Nyaung Shwe.
· Wife Name: (Sister) Sept Hein Sit
· Children/Children: 8
· COUNTRY OF ORIGIN: No(74), KabarAyePhyar St., Mayangone Township,Yangon.
A Brief Personal Process
Sat Shwe Thike was born on Friday, October 6, in the Nyaung Shwe.When he was young, he was study at the Taunggyi school which was for the races leaders of Shan's children. During World War I, 1920-1923, he served in the Burmese Armed Forces in the northeastern border. He was elected prime minister of Nyaung Shwe in October 1927, and he was recognized until March 8, 1929, and served in the Burmese Army until 1942.In drafting the 1947 Federal Myanmar Constitution, he served as a draft committee member and chairman of the Legislative Committee. According to the resolutions, the president was elected the first president of Myanmar to represent the Shan races people. On Friday, March 2, 1962, at 1:00 a.m., after a friendly trip to Czechoslovakia in August 1960 President Sat Shwe Thike was detained by the Revolutionary Council of General Nay Win, who died even as a prisoner on November 21, 1962.
Comments
Post a Comment