မန်းဝင်းမောင်
·
အမည် -မန်းဝင်းမောင်/ဦးဝင်းမောင်
·
လူမျိုး/ဘာသာ
- ကရင်/ဗုဒ္ဓ
·
မွေးသက္ကရာဇ်
- ၁၇-၄-၁၉၁၆ (တင်္လာနေ့)
·
မွေးရာဇာတိ
- သစ်ဆိပ်ကျေးရွာ ကျုံပျော်မြို့နယ် ဧရာဝတီတိုင်းဒေသကြီး
·
ပညာအရည်အချင်း
- ဝိဇ္ဇာဘွဲ့
·
ယခင်အလုပ်အကိုင်
- ဝန်ကြီး
·
ဇနီးအမည်
- ဒေါ်မြမေ
·
သား/သမီး
- ၆ ဦး
ကိုယ်ရေးဖြစ်စဉ်အကျဉ်း
မန်းဝင်းမောင်ကို ၁၉၁၆ ဧပြီ ၁၇ ရက်နေ့တွင် ဦးရွှေရင်နှင့်ဒေါ်သာယာတို့မှ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် သစ်ဆိပ်ကျေးရွာ၌မွေးဖွားခဲ့ပါသည်။ ၁၉၃၇ တွင် ရန်ကုန်ဂျပ်ဆင်ကောလိပ်မှ ဝိဇ္ဇာဘွဲ့ရရှိကာ ဗမာ့ရေနံ သန်လျင်ရေနံချက် စက်ရုံတွင် စက်ရုံတာဝန်ခံအဖြစ် စတင်လုပ်ကိုင်ခဲ့ပါသည်။ ၁၉၄၀ ပြည့်နှစ်တွင် ဗိုလ်သင်တန်းတက်ရောက်ပြီးနောက် ၁၉၄၁ တွင်ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်ခြင်းခံရပါသည်။ ထို့နောက်ဒုတိယဗိုလ်အဖြစ် တော်လှန်ရေးကာလတွင် တက်ကြွစွာ ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။ အိန္ဒိယနိုင်ငံ ကာလတ္တား နှင့်သီရိလင်္ကာနိုင်ငံ ကိုလမ်ဘိုစစ်ပညာကောလိပ်တို့တွင် စစ်ဘက်ဆိုင်ရာသင်တန်းများတက်ရောက်ခဲ့ပြီးနောက် ၁၉၄၅ ဂျပန်တော်လှန်ရေးကာလ၌ တောင်ငူဒေသ၌ အမျိုးသားရေး လှုပ်ရှားမှုတွင်ဦးဆောင်ခဲ့သည်။ ၁၉၄၅ တွင် ကရင်လူငယ်များအစည်းအရုံး၏ ဥက္ကဌတာဝန်နှင့် တိုင်းရင်းသားဂျာနယ် အယ်ဒီတာ၊ ၁၉၄၇ တွင် ပုသိမ်တောင်ပိုင်းမှ ဥပဒေပြုလွှတ်တော်အမတ်၊ သတ္တုတွင်းနှင့်အလုပ်သမားဝန်ကြီး၊ ၁၉၄၉ တွင် သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး၊ ၁၉၅၁ တွင် မအူပင်အမတ်နှင့်သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး၊ ၁၉၅၆ တွင် ဆိပ်ကမ်းရေးကြောင်း၊ လေကြောင်းနှင့် ကမ်းရိုးတမ်းသွား သင်္ဘော ဌာနဝန်ကြီးအဖြစ်အသီးသီးထမ်းဆောင်ခဲ့ပါ သည်။ ၁၉၅၇ မတ်လ ၁၃ တွင်ကရင်လူမျိုးစု ကိုယ်စားပြုသမ္မတအဖြစ်ရွေးချယ် တင်မြှောက်ခြင်းခံရပါသည်။ ၁၉၆၂ မတ်လ ၂ရက်သောကြာနေ့ နံနက် ၁ နာရီတွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီအစိုးရက နိုင်ငံတော်အာဏာသိမ်းလိုက် သောကြောင့် ယင်းနေ့မှ ၁၉၆၇ ထိ ၅ နှစ်နီးပါး ဖမ်းဆီးထိန်းသိမ်းခံရသည်။ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံတွင် ဝန်ကြီးချုပ် ဟောင်းဦးနု၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ နှင့်ယှဉ်ပြိုင် အစိုးရအဖွဲ့တွင် ဥက္ကဌအဖြစ် ပါဝင်ခဲ့ပြီးနောက် ၁၉၈၉ ဇူလိုင် ၄ ရက်တွင် ကွယ်လွန်ခဲ့ပါသည်။ ၁၉၅၇ တွင် အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ ဂုဏ်ထူးဆောင်ဘွဲ့ ၊ ၁၉၅၉ ခုနှစ် မတ်လ ၂ ရက်တွင် ထိုင်း ဘုရင်မှချီးမြှင့်သော ချူလာလောင်ကွန်းတံဆိပ်နှင့် ၁၉၆၀ တွင် တော်လှန်ရေးကြယ်ပွင့် (ဒုတိယအဆင့်) တို့ကိုချီးမြှင့်ခံရသည့် အပြင် တပ်မတော်တွင်တာဝန်ထမ်းဆောင်နေစဉ် လေထီးခုန်သူရဲကောင်းတစ်ဉီးလည်းဖြစ်ခဲ့ပေသည်။ ထို့ပြင်ပထမဦးဆုံး ကြိမ်ရေးဆွဲသည့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီအဖွဲ့ဝင်အဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့ပေသည်။ ပဒေသရာဇ်မဆန်၊ ဗျူရိုကရေစီစိတ်လုံးဝမရှိ ဒီမိုကရေစီလိုလားသူဖြစ်ပြီးပါလီမန်ခေတ်၏နောက်ဆုံးသမ္မတလည်းဖြစ်ပါ သည်။
English version is following........
Man Win Maung
Name: Man Win Maung/U Win Maung
· People/Religion: Kayin/Buddha
· Date: 17-4-1916 (Monday)
· COUNTRY OF ORIGIN: Irrawaddy District, Kyonptaw Township, Thit Seik Village.
· Quality of Education: Bachelor of Science
· Former job: minister
· Wife's Name: Daw Mya May.
· Children/Children: 6
A Brief Personal Process
Man Win Maung was born on April 17, 1916, in the village of Thit Seik , born in the Irrawaddy, Kyonepyaw Township. In 1937, he graduated from Yangon Judson College and began working as a factory commissioner at the Burmese Petroleum Refinery. After attending a major course in 1940, he was appointed a retired officer (Lieutenant-General).He was then actively involved in the revolutionary period as lieutenant commander, Calcutta, India, and Colombo, Sri Lanka. After attending military training at military colleges, he took the lead in the nationalist movement in Taungoo during the 1945 Japanese Revolution. The chairman of the Kayin Youth Assembly in 1945 and the editor of the indigenous journal, the legislator from Southern Pathein in 1947, the Minister of Mines and Labor, in 1949 He served as Minister of Transport and Communications, Ministry of Transport and Communications in 1951, ministry of ports, air and coastal shipping in 1956. On March 13, 1957, he was elected president representing the Kayin people. At 1:00 p.m., General Nay Win's Revolutionary Council took over, so he was arrested and detained for nearly five years from that day to 1967. He died on July 4, 1989, after joining former Prime Minister U Nu's democratic and peaceful party as chairman of the government.He was also a paratrooper while serving in the army, and the first time he drafted the 1947 Constitutional Drafting Committee He was also the last president of the parliamentary era to be a democratic, imperialist, and bureaucratic.
Comments
Post a Comment