ဗီယက်နမ်နိုင်ငံရဲ့ပထဝီဝင်အနေအထား
ဗီယက်နမ်နိုင်ငံဟာ အင်ဒိုချိုင်းနားကျွန်းဆွယ်ကြီးရဲ့ မြေနိမ့်ကုန်းပြင်ကြီးအရှေ့ဘက်စွန်း မှာတည်ရှိပြီး လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ နဲ့ သယံဇာတ ပေါကြွယ်ဝတဲ့တောင်တရုတ်ပင်လယ်တို့ကဝိုင်းရံထားပါတယ်။ ကမ်းရိုးတမ်းအရှည် မိုင်ပေါင်း ၂၀၃၀ မိုင်ရှည်လျှားပြီး ရေပြင်ဧရိယာ ၁၆၁၂၆၁ စတုရန်းမိုင်ရှိတာကြောင့် ကျယ်ပြန့်တဲ့ ရေပြင်ဧရိယာကိုပိုင်ဆိုင်ထားတာပါ။
![]() |
| Petya Class ဖရီးဂိတ်စစ်ရေယဉ် |
![]() |
| ဗီယက်နမ်နိုင်ငံနှင့်အငြင်းပွားတောင်တရုတ်ပင်လယ် |
အလားတူပဲ ဗီယက်နမ်နိုင်ငံရေတပ်ရဲ့ အဆင့်မြှင်တင်ပုံဖော် တည်ဆောက်မှုတွေကိုကြည့်မယ်ဆိုရင် တောင်တရုတ်ပင်လယ်အရေးက တပ်လှန့် တွန်းပို့လိုက်သလိုဖြစ်နေပါတယ်။ စတုရန်း ကီလိုမီတာ ၃.၅ သန်း ကျယ်ဝန်းတဲ့ တောင်တရုတ်ပင်လယ်ဟာ တရုတ်နိုင်ငံရဲ့တောင်ဘက်၊ ဗီယက်နမ်နိုင်ငံရဲ့ အရှေ့ဘက်၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား နိုင်ငံတို့ရဲ့ မြောက်ဘက်မှာတည်ရှိနေပါတယ်။ တောင်တရုတ်ပင်လယ်ဟာ ကမ္ဘာ့ ကုန်သွယ်ရေးရဲ့ အသက်သွေးကြောဖြစ်တဲ့ ကုန်သွယ်ရေယာဉ်များဖြတ်သန်းရာလမ်းကြောင်းတည်ရှိမှု၊ ငါးဖမ်းကွက်များ၊ ဇီဝမျိးစုံနဲ့ သန္ထာကျောက်တန်းတွေတည်ရှိမှု၊ သဘာဝဓာတ်ငွေ့နဲ့ ရေနံထွက်သယံဇာတ တွေတည်ရှိ မှုတို့ကြောင့်ဒေသတွင်းနိုင်ငံများအတွက် အဖိုးမဖြတ်နိုင်သော သဘာဝရတနာသိုက်ကြီးလည်းဖြစ်ပါတယ်။ ဒါ့ ပြင် တောင်တရုတ်ပင်လယ်ဟာ အရှေ့အလယ်ပိုင်း၊ ပစိဖိတ်ဒေသတောင်ပိုင်း၊ အရှေ့တောင်အာရှ၊ အရှေ့ မြောက်အာရှ၊ နဲ့ မြောက်အမေရိကဈေးကွက်တို့ကို ချိတ်ဆက်ပေးရာ Sea line ကြီးတစ်ခုဖြစ်ပါတယ်။
ရေကြောင်းစစ်ဆင်ရေးဆိုင်ရာ မဟာဗျူဟာရှုထောင့်ကနေကြည့်မယ်ဆိုရင်လည်း သမိုင်းကြောင်း တစ်လျှောက် တောင်တရုတ်ပင်လယ်ပြင်ကြီးအတွင်း ရေကြောင်းအင်အားကြီး နိုင်ငံတွေကပင်လယ်ရေကြောင်း စစ်ကစားတပ်ဖြန့်မှုများကိုဆောင်ရွက်ခဲ့ကြပြီး အထူးသဖြင့် ဒုတိယကမ္ဘာစစ်မှာ ဂျပန်တို့ရဲ့ စစ်စခန်းတွေ၊ ထောက်ပံ့ရေးလမ်းကြောင်းတွေအဖြစ် ကောင်းစွာအသုံးချခဲ့တာ လည်းဖြစ်ပါတယ်။ ယနေ့ခေတ်မှာ လည်း တောင်တရုတ်ပင်လယ်ဟာ ကမ္ဘာ့ ရေကြောင်းကုန်သွယ်ရေးရဲ့ အရေးပါဆုံးနဲ့ အထူထပ်ဆုံးဖြစ်တဲ့ မလက္ကာရေလက်ကြားမှာ မဖြစ်မနေဖြတ်သန်းရမယ့် ဝင်ပေါက်ထွက်ပေါက်အဖြစ်တည်ရှိနေပြီး နိုင်ငံရေးပထဝီအနေအထားအရ အရေးပါဆုံးသော အချက်ချာနေရာကြီးဖြစ်ပါတယ်။
ဗီယက်နမ်ရေတပ်အစပျိုးခြင်း
စစ်အေးကာလပြီးဆုံးပြီးနောက် တောင် ဗီယက်နမ်နိုင်ငံသိမ်းဆည်းထားသော ကျန်စစ်ရေယဉ်တွေနဲ့ ဆိုဗီယက်ယူနီယံမှရရှိထားသော စစ်ရေယဉ်တွေနဲ့သာဖွဲ့စည်းထားသော ဗီယက်နမ်ရေတပ်ဟာ ၂၀၀၀ ပြည်နှစ်နောက်ပိုင်း တရုတ်နိုင်ငံရဲ့ တောင်တရုတ်ပင်လယ်တွင်းရန်လိုသောအပြုအမူများကြောင့် ယင်းတို့ရဲ့ရေကြောင်း ဆိုင်ရာအကျိုးစီးပွားကိုရှေးရှုပြီး တစိုက်မတ်မတ်အင်အားဖြည့်တင်းလာခဲ့တာကိုတွေ့နိုင်ပါတယ်။ ယခင်က ဗီယက်နမ်နိုင်ငံရေတပ်ဟာ ခေတ်မီနည်းပညာမြင့်လက်နက်နဲ့ လက်နက်စနစ်များတပ်ဆင်နိုင်ခြင်းမရှိသေးပဲ ဆိုဗီယက်နိုင်ငံထုတ် Osll အတန်းအစား အမြန်သွားတိုက်ခိုက်ရေးရေယဉ် ၈ စင်းနဲ့ ရုရှားနိုင်ငံထုတ် Tarantul -class ကော် ဗက်စစ်ရေယဉ် ၄ စင်းနဲ့ မြို့တော် Hanoi ရဲ့ကမ်းခြေဝင်ပေါက်ဖြစ်တဲ့ Hai Phong ကမ်းခြေကို ကာကွယ်နိုင်ယုံလောက်သာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။
၁၉၉၇ မှာတော့ မြောက်ကိုရီးယားနိုင်ငံမှ ယူဂို အတန်းအစား ရေငုပ်သင်္ဘော နှစ်စီးပိုင်ဆိုင်လာခြင်းနဲ့ အတူ ရေငုပ်သင်္ဘောနည်းပညာအတွေ့အကြုံ ကိုစတင်မျိုးစေ့ချခဲ့တာကိုတွေ့ရပါတယ်။ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးတာကြောင့် ၅၂၅ တန်သာရှိတဲ့့ကော်ဗက်စစ်ရေယဉ်တစ်စင်း ကို ငါးနှစ်ကြာအောင်မှာယူခဲ့ရတဲ့ ဗီယက်နမ်နိုင်ငံ ရေတပ်ဟာ တပ်ဖွဲ့ဝင်အရေအတွက် ကိုတိုးချဲ့ခဲ့ပေမယ့် တိုးတက်မှုနှေးကွေးခဲ့ ပါတယ်။ ၂၀၀၀ ပြည့်နှစ်တည်းက တရုတ်နိုင်ငံရဲ့ ရေကြောင်းအင်အားတိုး ချဲ့မှုတွေက ဗီယက်နမ်နိုင်ငံရဲ့ရေတပ် ရဲ့ရေကြောင်း ကာကွယ်ရေးစွမ်းရည်ကို ပြန်လည်သုံးသပ်စေသလိုဖြစ်ကာ ယခုဆိုလျှင် ရေယဉ်ဆိုင်ရာတွေ ၊ လက်နက်စနစ်တွေ၊ ကမ်းခြေကာကွယ်ရေးတွေဟာ တန်ပြန်စစ်ဆင်နိုင်တဲ့အနေအထားကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
အဆင့်ဆင့်တိုးတက်ဖြည့်တင်းလာခဲ့သော ဗီယက်နမ်ရေတပ်
၂၀၀၀ပြည့်နှစ်များစွာတည်းက ကမ်းရိုးတမ်းကာကွယ် နိုင်တဲ့ ရေတပ်အဖြစ်အင်အားဖြည့်တင်း လာခဲ့တဲ့ ဗီယက်နမ်နိုင်ငံရေတပ်ဟာ ကမ်းရိုးတန်းတစ်လျှောက် ရေတပ်စခန်းဌာနချုပ်(၅) ခုကို သက်ဆိုင်ရာရေပြင် အလိုက်ဖြန့်ကျက်ထားရှိပြီးရှုရှားနိုင်ငံလုပ် Kilo အတန်းအစား ရေငုပ်သင်္ဘော ၆ စင်း ၊ Gepard နဲ့ Petya အတန်းအစား ဖရီးဂိတ်စစ်ရေယဉ် ၉ စင်း၊ ကော် ဗက်စစ်ရေယဉ် ၁၄ စင်း၊ တိုက်ခိုက်ရေးရေယဉ်၊ သယ်ယူပို့ ဆောင်ရေးရေယဉ်များဖြင့် တောင်တရုတ်ပင်လယ်၊ ထိုင်းပင်လယ်ကွေ့အဝင်နဲ့ တုံကင်ပင်လယ်ကွေ့တွေမှာ လှုပ်ရှားလျှက်ရှိပါတယ်။၂၀၀၀ပြည့်နှစ်များစွာတည်းက ကမ်းရိုးတမ်းကာကွယ် နိုင်တဲ့ ရေတပ်အဖြစ်အင်အားဖြည့်တင်း လာခဲ့တဲ့ ဗီယက်နမ်နိုင်ငံရေတပ်ဟာ ကမ်းရိုးတန်းတစ်လျှောက် ရေတပ်စခန်းဌာနချုပ်(၅) ခုကို သက်ဆိုင်ရာရေပြင် အလိုက်ဖြန့်ကျက်ထားရှိပြီးရှုရှားနိုင်ငံလုပ် Kilo အတန်းအစား ရေငုပ်သင်္ဘော ၆ စင်း ၊ Gepard နဲ့ Petya အတန်းအစား ဖရီးဂိတ်စစ်ရေယဉ် ၉ စင်း၊ ကော် ဗက်စစ်ရေယဉ် ၁၄ စင်း၊ တိုက်ခိုက်ရေးရေယဉ်၊ သယ်ယူပို့ ဆောင်ရေးရေယဉ်များဖြင့် တောင်တရုတ်ပင်လယ်၊ ထိုင်းပင်လယ်ကွေ့အဝင်နဲ့ တုံကင်ပင်လယ်ကွေ့တွေမှာ လှုပ်ရှားလျှက်ရှိပါတယ်။
ဖရီးဂိတ်စစ်ရေယဉ်များဖြည့်တင်းမှုအနေနဲ့ကတော့ ၂၀၀၆ နဲ့ ၂၀၁၂ ခုနှစ် တွေက အသံထက်မြန်သော SS-N-25 သင်္ဘောဖျက်ဒုံးတွေတင်ဆောင်ထားတဲ့ ရှရှားနိုင်ငံထုတ် Gepard အတန်းအစား ဖရီးဂိတ်စစ်ရေယဉ် ၄ စင်း အားဝယ်ယူဖြည့်တင်းခဲ့ပါတယ်။ Sea State (5) ထိ စွမ်းဆောင်စစ်ဆင်နိုင်တဲ့အဆိုပါစစ်ရေယဉ်တွေဟာ ရေငုပ်သင်္ဘာရှာဖွေတိုက်ဖျက်ရေးများ၊ ရေပြင်ရန်ကာကွယ်ရေး၊ လေကြောင်းရန်ကာကွယ်ရေးနဲ့ အီလက် ထရောနစ်စစ်ဆင်ရေးစတဲ့တိုက်စွမ်းအားမြင့်မားတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ ဒါ့ ပြင်နောက်ထပ် Gepard အတန်းစား ဖရီးဂိတ်စစ်ရေယဉ် ၂ စင်းကိုလည်းထပ်မံမှာယူဖို့စီစဉ်လျက်ရှိပါတယ်။
![]() |
| Gepard အတန်းစား ဖရီးဂိတ်စစ်ရေယဉ် |
၂၀၁၁ မှာ Sigma အတန်းအစား ကော် ဗက်စစ်ရေယဉ် ၄ စင်းအား နယ်သာလန်နိုင်ငံနဲ့သဘောတူစာချုပ်ချုပ်ဆိုခဲ့ကာ နယ်သာလန်နိုင်ငံမှာ ၂ စင်းနဲ့ ဗီယက်နမ်နိုင်ငံ မှာ၂ စင်းတည်ဆောာက်ဖို့ သဘောတူညီခဲ့ပါတယ်။ ၈၀ ကီလိုမီတာ ထိပစ်ခတ်နိုင်တဲ့ ဒေါင်လိုက်ပစ် MICA လေကြောင်းရန်ကာကွယ်ရေး လက်နက်တပ် ဆင်မယ်လို့ယူဆရတဲ့ ကော်ဗက် စစ်ရေယဉ်ရဲ့ဒီဇိုင်းကို ၂၀၁၄ ရဲ့ ဗီယက်နမ်ရေကြောင်းပြပွဲမှာထုတ်ပြလာခဲ့ပါတယ်။ ထို့ပြင် Molniya အတန်းအစား ကော် ဗက်စစ်ရေယဉ် ၆ စင်းအား ရှရှားနိုင်ငံရဲ့ရေယဉ်တည်ဆောက်ရေး နည်းပညာတွေနဲ့ ရုရှားနိုင်ငံ ဗီယက်နိုင်ငံတွေမှာတည်ဆောက်ခဲ့တာကိုကြည့်ခြင်းဖြင့်ရေယဉ်တည်ဆောက်ရေး ပိုင်းမှာ ပိုမိုထိုးဖောက်လာနေတာကိုတွေ့ရမှာဖြစ်ပါတယ်။
၂၀၁၂ အတွင်းမှာ ကိုယ်တိုင်တည်ဆောက်ထားတဲ့ TT-400TP Patrol Boat တစ်စင်း အားတပ်တေတော် ဝင်ခဲ့ကာ ယခုအခါ ၆ စင်းခန့် ဗီယက်နမ် ရေပိုင်နက်အတွင်း မှာ လှည့်ပတ်ခုတ်မောင်းနေပြီဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ်က မြောက်ကိုရီးယားနိုင်ငံမှ ယူဂိုအတန်းအစား ရေငုပ် သင်္ဘောနှစ်စီးနဲ့စတင်ဖွဲ့ စည်းခဲ့တဲ့ ရေငုပ် သင်္ဘောတပ် ဖွဲ့ဟာ ၂၀၀၉ ခုနှစ်မှာတော့ ရုရှားနိုင်ငံထုတ် ဒေါ်လာ ၃.၂ သန်းတန် ခေတ်မှီ Kilo အတန်းစား ရေငုပ်သင်္ဘော ၆ စင်း၊ ရေငုပ် သင်္ဘောဆိုင်ရာအခြေခံအဆောက်အဦးများ၊ Silmulator များနဲ့ လေ့ကျင့် ရေးပိုင်းများကို အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ပါတယ်။
အဆိုပါစစ်ရေယဉ်တွေဟာ ရေငုပ် သင်္ဘောတိုက်ဖျက်ရေး၊ ရေပြင်ရန်စစ်ဆင်ရေး တွေမှာ အဓိကတာဝန် ထမ်းဆောင်နိုင်သလို ရန်သူ့ရေယဉ်တွေကို ထောက်လှမ်းခြင်း ကင်းလှည့် ခြင်းလုပ်ငန်းတွေနဲ့ အရေးကြီး ရေကြောင်းထိန်းချုပ်နေရာတွေ ရဲ့လုံခြုံရေးကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဗီယက်နမ်ရေတပ် ဟာ ကိုယ်တိုင်ရေငုပ်သင်္ဘောတွေကိုမတည်ဆောက်နိုင်ပေမယ့် လိုအပ်တဲ့ လူသားအရင်းမြစ်တွေဖြစ်တဲ့ အရာရှိစစ်သည် တွေလေ့ကျင့် မွေးထုတ်မှုအနေနဲ့ တိုက်စွမ်းရည်ရှိတဲ့ အဆင့်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ အရှေ့တောင်အာရှမှာ ရေငုပ်သင်္ဘောပိုင်ဆိုင်မှုအများဆုံးနိုင်ငံအဖြစ်ရပ်တည်လျှက်ရှိပါတယ်။
ရေကြောင်းဆိုင်ရာ လေတပ်ဖွဲ့ ကိုလေ့လာကြည့်မယ်ဆိုရင်လည်း ၂၀၁၀ ပြည့်နှစ်တည်းက ရေကြောင်း ဆိုင်ရာလုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် အမှတ်(၉၅၄) ကြည်းတပ်ဆိုင်ရာလေတပ်ရင်းကို ရေတပ်ဆိုင်ရာလေတပ်ရင်းအဖြစ်ပြောင်းခဲဖွဲ့စည်းခဲ့ပါတယ်။ ကနေဒါအခြေစိုက် Viking Air Company မှထုတ်လုပ်တဲ့ DHC-6 Twin Otter series 400 Seaplane ကင်းလှည့်လေယဉ်တွေ၊ ဆိုဗီယက်နိုင်ငံလုပ် ရေငုပ်သင်္ဘောရှာဖွေတိုက်ဖျက်ရေး ရဟတ်ယဉ်တွေ၊ ပြင်သစ်နိုင်ငံလုပ် Eurocopter EC 225 Super Puma ကင်းလှည့်ရဟတ်ယဉ်တွေ အသုံးပြုလျက်ရှိပါတယ်။ လက်ရှိမှာ KamovKa-27/Ka-28 ကဲ့သို့ ရေငုပ်သင်္ဘောရှာဖွေတိုက်ဖျက်ရေးရဟတ်ယဉ်တွေကို စပတလီကျွန်းအနီး ဖရီးဂိတ်စစ်ရေယဉ်တွေပေါ် မှာတင်ဆောင်ပြီး လုံခြုံရေးတာဝန်တွေ ကို ဆောင်ရွက်လျှက်ရှိပါတယ်။
![]() |
| Eurocopter EC225 Super Puma ရဟတ်ယာဉ် |
ကမ်းရိုးတမ်းကာကွယ်ရေးအနေနဲ့လည်းမေ့မထားတဲ့ ဗီယက်နမ်ရေတပ်ဟာ ၂၀၁၁ မှာရုရှားနိုင်ငံထုတ် K-300 P Bastion -P ကမ်းရိုးတမ်းကာကွယ်ရေးစနစ်အားဝယ်ယူခဲ့ပြီး ၎င်းစနစ်ဟာ P-800 ကမ်းခြေစိုက်သင်္ဘောဖျက်ဒုံးတွေအပြင် ရွှေပြောင်းဒုံးပစ်စင်တွေလည်းပါဝင်ပါတယ်။ အဆိုပါပစ်စင်တွေကို ကမ်းရိုးတမ်းတစ်လျှောက်ဖြန့်ခွဲချထားပြီး ပင်လယ်ပြင်ကင်းထောက်ခြင်းအား ၃၀၀ ကီလိုမီတာအကွာထိ မောင်းသူမဲ့ယဉ်များအသုံးပြုကာ ကာကွယ်ထားနိုင်ပြီဖြစ်ပါတယ်။ လေကြောင်းဖြင့်ကမ်းရိုးတမ်းကာကွယ်ရေးဒုံးပစ်စင်တွေ တိုက်ခိုက်ခံရပါကလည်း ဒုံးပစ်စင်တွေကို အမြန်ဆုံးရွှေ့ပြောင်းတပ်ဖျောက်ထားနိုင်ပါတယ်။
ကမ်းတက်တပ်ဖွဲ့ တွေတင်ဆောင်နိုင်တဲ့စစ်ရေယဉ်တွေကတော့နှစ်စီးသာရှိတာကြောင့် ကမ်းတက်စစ်ဆင်နိုင်စွမ်းအားနည်းတာတွေ့ရပါတယ်။
နိုင်ငံတကာနှင့်ဆက်ဆံရေးတိုးမြှင့်တည်ဆောက်ခြင်း
ဗီယက်နမ်နိုင်ငံဟာ နိုင်ငံပေါင်း ၁၈၉ နိုင်ငံနဲ့ နိုင်ငံတကာဆက်ဆံရေးကောင်းမွန်တဲ့အလျောက်စစ်ရေးအင်အားကြီးထိပ်သီးနိုင်ငံတွေနဲ့ လုံခြုံရေးဆိုင်ရာတွေကိုပူးပေါင်းမြှင့်တင်ဆောင်ရွက်လျှက်ရှိပါတယ်။ ဆိုဗီ ယက်ပြည်ထောင်စုကြီးမပြိုကွဲခင်တည်းက ခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်ထားခဲ့တဲ့ ဗီယက်နမ်နဲ့ ရုရှားတို့ဟာ ၂၁ ရာစုမှာချမှတ်ထားတဲ့ Comprehensive Strategic Partnership ရဲ့ကဏ္ဍစုံအပြန်အလှန်ကူညီပြုရေးကို ပိုမိုဆောင်ရွက်ခဲ့ကြပါတယ်။ အထူးသဖြင့် ဗီယက်နမ်နိုင်ငံဟာ ၎င်းရဲ့ရေတပ်ကို တည်ဆောက်ရာမှာ ရုရှားနိုင်ငံ ရဲ့အကူအညီနဲ့ဆောင်ရွက်ခဲ့တာကိုတွေ့ရပါတယ်။ ရုရှားနိုင်ငံအနေဖြင့် Kilo ရေငုပ်သင်္ဘောများ၊ Gepard အတန်းစားဖရီးဂိတ်စစ်ရေယဉ်များ၊ ကမ်းရိုးတမ်းကာကွယ်ရေးစနစ်များကိုရောင်းချပေးခဲ့ခြင်းများကိုကြည့်ခြင်း ဖြင့်နှစ်နိုင်ငံချစ်ကြည်ရေးရင်းနှီးမှုအတိုင်းတာကိုဖော်ပြလျှက်ရှိပါတယ်။
![]() |
| ဗီယက်နမ်ရေတပ်၏ Kilo အတန်းစားရေငုပ်သင်္ဘောတစ်စီး |
အိန္ဒိယ နိုင်ငံဟာ ရုရှားနိုင်ငံပြီးလျှင် ဗီယက်နမ်နိုင်ငံနဲ့ ဆက်ဆံရေးအကောင်းဆုံးနိုင်ငံဖြစ်ပါတယ်။ အန္ဒိယအနေနဲ့ ၎င်းရဲ့ စစ်ရေယဉ်တွေကို ဗီယက်နမ်နိုင်ငံကိုအလည်အပတ်စေလွှတ်ခြင်း၊ (ကြည်း၊ရေ၊လေ) တပ်ဖွဲ့ ဝင်တွေကို လေ့ကျင့်သင်တန်းပေးခြင်း၊ နှစ်နိုင်ငံရေကြောင်းဆိုင်ရာ ပူးတွဲ လေ့ကျင့်မှုတွေကို တိုးမြှင့်လုပ်ဆောင် ခြင်းအားဖြင့် တောင်တရုတ်ပင်လယ်ကိုလက်ရုံးဆန့်တန်းခဲ့ပါတယ်။ ထို့ပြင် အမျိုးအစားတူညီတဲ့ ရေငုပ်သင်္ဘောတွေမှာ အတူတကွပူးပေါင်း လေ့ကျင့်ခြင်းတွေကိုလည်းဆောင်ရွက်ခဲ့ကြပါတယ်။ ဗီယက်နမ်ရေတပ်ရဲ့ Petya အတန်းစားစစ်ရေယဉ်တွေကို အဆင့်မြှင့်တင်ပေးခြင်းနဲ့ ၂၀၀၁၆ ကစပြီး နှစ်နိုင်ငံအပြန်အလှန် ထောက်ပံ့ကူညီခြင်းတွေကိုဆောင်ရွက်ခဲ့ကြပါတယ်။ ထိုမျှမကပဲ White Shipping Information Exchange ဆိုင်ရာတွေကို လက်မှတ်ရေးထိုးဆောင်ရွက်ခြင်းအားဖြင့် ဗီယက်နမ်နိုင်ငံနဲ့ အိန္ဒိယတို့ရဲ့ Military Diplomancy ကဏ္ဍကို ပိုမိုခိုင်မာစေပါတယ်။
![]() |
| USS Theodore Roosevelt ချစ်ကြည်ရေးလာရောက်စဉ် |
၁၉၉၅ မှစတင်ကာပုံမှန်ဆက်ဆံရေးတည်ဆောက်လာတဲ့ အမေရိကန်-ဗီယက်နမ်ဆက်ဆံရေးဟာ ၂၀၀၆ ခုနှစ် သမ္မတ အိုဘားမားလက်ထက်မှာ "လက်နက်တင်ပို့မှု ပိတ်ပင်ခြင်း" ကိုဖျက်သိမ်းလိုက်ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးကိုပိုမိုကောင်းမွန်လာစေပါတယ်။ ဗီယက်နမ်စစ်ပွဲနောက်ပိုင်း ဖရီးဂိတ်စစ်ရေယဉ်တွေ လောက်သာ ချစ်ကြည်ရေးစေလွှတ်ခဲ့တဲ့အမေရိကန်ရေတပ်ဟာ ၂၀၁၈ ခုနှစ်မှာ အမေရိကန်လေယဉ်တင်သင်္ဘော USS Carl Vinson အားပထမဦးဆုံးကြိမ် ၄ ရက်တာချစ်ကြည်ရေးစေလွှတ်ခဲ့ခြင်းကြောင့် အမေရိကန်တို့ရဲ့ တောင်တရုတ်ပင်လယ်တွင်းမဟာဗျူဟာဖော််ဆောင်မှုတစ်ရပ်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒေါ် နယ်ထရမ့်လက်ထက်မှာလည်း ဗီယက်နမ်နိုင်ငံသို့အလည်အပတ်သွားရောက်ခြင်း၊ ကုန်သွယ်ရေးမြှင့်တင်ခြင်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၉ အောက်တိုဘာမှာ အမေရိကန်ရေတပ်ရဲ့ ဗီယက်နမ်နွယ်ဖွား အမေရိကန်နိုင်ငံသား Rear Admiral Huan T. Nguyen အား ဗိုလ်ချုပ်အဆင့်ကိုတိုးမြှင့်ပေးခြင်းတွေလုပ်ဆောင်ခဲ့ပါတယ်။ ၂၀၂၀ မတ်လ ဒုတိယပတ်ထဲမှာ လေယဉ်တင်သင်္ဘော Theordore Roosevelt ဦးဆောင်ကာ ဖျက်သင်္ဘော ၅ စင်းနဲ့ တပ်ဖွဲ့ဝင်အင်အား ၆၅၀၀ ပါဝင်တဲ့ Carrier Strike Group ကို ၅ ရက်ကြာချစ်ကြည်ရေးခရီးစဉ်ထပ်မံစေလွှတ်ခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်တွင်း တရုတ်နိုင်ငံရဲ့ အင်အားချဲ့ထွင်မှုတွေကို ဟန့်တားဖို့အမေရိကန်တို့ရဲ့ မဟာဗျူဟာထဲမှာ ဗီယက်နမ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်ခြင်းကလည်း အရေးပါတဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။
![]() |
| ဒေါ်နယ် ထရမ့် ဗီယမ်နမ်နိုင်ငံသို့လာရောက်စဉ် |
ဗီယက်နမ် နိုင်ငံဟာ ၂၀၂၂ မှာ ဒုတိယကြိမ်အာဆီယံရေတပ်များရေကြောင်း ဆိုင်ရာပူးပေါင်း လေ့ကျင့်ခန်း 2nd ASEAN Multilateral Naval Exercise (AMNEX) ကိုအိမ်ရှင်နိုင်ငံအဖြစ်ကျင်းပဆောင်ရွက်ခဲ့ပါတယ်။
နိဂုံးချုပ်အားဖြင့် ဗီယက်နမ်တို့ဟာ နိုင်ငံရဲ့ပထဝီဝင်အနေအထားနဲ့ အမျိုးသားအကျိုးစီးပွားများအပေါ် အခွင့်အလမ်းနဲ့ခြိမ်းခြောက်မှုတွေကိုရှုမြင်သုံးသပ်ကာ ကာကွယ်ရေး ကဏ္ဍကို ဘက်စုံးမြှင့်တင်ခဲ့ပြီး ရေတပ်ကိုတိုက်စွမ်းအားရှိသောရေတပ်အဖြစ် အရှိန်ဟုန်မြှင့်ပုံဖော် ခဲ့ကြပါတယ်။ အထူးဖြင့် ယနေ့တောင်တရုတ်ပင် လယ်အရေးဟာ ဗီယက်နမ်တို့တစ်ဦးတည်းဖြေရှင်းဖို့ထက် မဟာမိတ်အုပ်စုတွေလိုအပ်သည်ဆိုသော အတွေးအမြင်ကိုဖြစ်ပေစေခဲ့ ပါတယ်။ ဒေသတွင်းနိုင်ငံတွေနဲ့သာမကပဲ ဥရောပနိုင်ငံတွေနဲ့ပါ ပနံသင့်ဖို့ကြိုးစားတာတွေကိုလည်းတွေ့နိုင်ပါတယ်။ ဒါ့ပြင် နိုင်ငံရေးမှာ အမြဲတမ်းရန်သူ အမြဲတမ်းမိတ်ဆွေဆိုတာမရှိ အမြဲတမ်းအကျိုးစီးပွားပဲရှိတယ်ဆိုတာကို ရာဇဝင်အဆက်ဆက် ရန်ဖက်အမေရိကန်နိုင်ငံနဲ့ဆက်ဆံရေးပြန်လည်တိုးမြှင့် နေတာကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။ မိမိကိုယ်တိုင်သာမကပဲ မိတ်ဘက်နိုင်ငံများနှင့်လည်းပူးပေါင်းပြီး ကာကွယ်ရေးကဏ္ဍကိုတိုးမြှင့်ဆောင်ရွက်လျှက်ရှိပါတယ်။








Comments
Post a Comment